Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း

စီမံကိန်း
မြစိမ်းရောင်ကျေးရွာ စီမံကိန်း
ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း
ကျေးလက်မီးလင်းရေးလုပ်ငန်း
လူထုဗဟိုပြု စီမံကိန်း
အနောက်ပိုင်းဒေသများစိုက်ပျိုးစီးပွားဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း
တုံ့ပြန်နိုင်စွမ်းအားကောင်းသောလူထုဖွံ့ဖြိုးရေးစီမံကိန်း
ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း
ကျေးလက်ရေပေးရေးစီမံကိန်းများ
ကျေးလက်ကုန်ထုတ်လမ်းတံတား
ကျေးလက်စီးပွားမြင့်မား‌ရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းစီမံကိန်း
ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း
Cash for Work (လုပ်အားခပေး ဖွံ့ဖြိုးရေး) စီမံကိန်း
အရှေ့အာရှ ဆင်းရဲမှုလျော့ချရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုစံပြစီမံကိန်း
အသက်မွေးဝမ်းကျောင်းအထောက်အကူပြုသင်တန်းများဖွင့်လှစ်ခြင်း

ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း

၁။      နိဒါန်း

          သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနသည် မြို့ပြနှင့် ကျေးလက်ဖွံ့ဖြိုးမှုကွာဟချက်များ ကျဉ်းမြောင်းစေရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုး ရေးမျှော်မှန်း၍လူမှုဘဝအဆင့်အတန်းမြင့်မားပြီးစီးပွားရေးခိုင်မာအားကောင်းကာအစိမ်းရောင်ဖွံ့ဖြိုးမှု ဖြစ်စဉ်ကိုအားပေးသည့် ခေတ်မီစံပြကျေးရွာ(SMART Village)ထူထောင်ရေးစီမံကိန်းကို၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်မှစတင်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ ခေတ်မီစံပြကျေးရွာ စီမံကိန်းသည် ဒစ်ဂျစ်တယ်နည်းပညာနှင့် သတင်းအချက်အလက်၊ ဆက်သွယ်ရေးနည်းပညာတို့၏ ပေါင်းစပ်ချဉ်းကပ်မှု နည်းလမ်းအပေါ်အခြေခံ၍ ကျေးလက်နေပြည်သူများ၏ စီးပွားရေး၊ လူမှုရေး နှင့် ရုပ်ပိုင်းဆိုင်ရာတို့တွင် ရေရှည်တည်တံ့သောနေရာများအဖြစ်သို့ ပြုပြင် ပြောင်းလဲသွားမည် ဖြစ်ပြီးသက်ဆိုင်သူအားလုံးပူးပေါင်းပါဝင်ဆောင်ရွက်သည့် ဘက်စုံကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်မှု ကို ဖြစ်ပေါ်စေမည့် စီမံကိန်းတစ်ခုဖြစ်ပါသည်။

၂။      စီမံကိန်းရည်ရွယ်ချက်

  • ကျေးရွာအခြေခံအဆောက်အအုံများဖွံ့ဖြိုးစေခြင်းဖြင့်ကျေးလက်နေပြည်သူများ၏လူနေမှု အဆင့်အတန်းမြင့်မားလာစေရန်၊
  • သွင်းအားစု၊ ငွေကြေးဝန်ဆောင်မှုနှင့်နည်းပညာများပံ့ပိုးပေးခြင်းဖြင့် ကျေးလက်စီးပွားရေး မြင့်မားလာစေရန်၊
  • သဘာဝပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေရှိသောနေချင့်စဖွယ် စံပြကျေးရွာများ ဖြစ်ပေါ် လာစေရန်၊
  • ကျေးရွာသူ/သားများနှင့် ကျေးရွာအသင်းအဖွဲ့များ စွမ်းဆောင်ရည်မြင့်မားလာစေခြင်းဖြင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုကို ဖော်ဆောင်ရန်၊

၃။      စီမံကိန်းဧရိယာ

  • စီမံကိန်းအား ပြည်ထောင်စုနယ်မြေ(နေပြည်တော်)အပါအဝင် တိုင်းဒေသကြီး/ပြည်နယ် အားလုံးတွင် ဆောင်ရွက်ရန် ရည်မှန်းထားပြီး နယ်မြေတည်ငြိမ်အေးချမ်းမှု၊ ရန်ပုံငွေရရှိမှု တို့အပေါ် မူတည်၍ တိုးချဲ့ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ယေဘုယျအားဖြင့် တည်ငြိမ်

 

  •  
  • /တိုင်းဒေသကြီးများတွင် နှစ်စဉ်ကျေးရွာ()ရွာစီခန့် တိုးချဲ့ အကောင်အထည်ဖော်သွားမည်ဖြစ်ပါသည်။

၄။      ဆောင်ရွက်မည့်နည်းလမ်း

  • ပြည်သူဗဟိုပြုစနစ်ဖြင့် ကျေးရွာ၏ လိုအပ်ချက်များဖော်ထုတ်၍ ကျေးရွာဖွံ့ဖြိုးရေးနှင့် မိသားစုဝင်ငွေတိုးပွားရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊
  • အစုအဖွဲ့၊ သမဝါယမစနစ်ဖြင့် ကျေးလက်စီးပွားရေးမြင့်မားရေး ဆောင်ရွက်ခြင်း၊

၅။      စီမံကိန်းကျေးရွာရွေးချယ်ရာတွင် အခြေခံရမည့်မူများ

  • အောက်ဖော်ပြပါအချက်များကို အခြေခံ၍ ပွင့်လင်းမြင်သာစွာ စိစစ်ရွေးချယ်ရမည်-

(က) ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံအဆောက်အအုံများ (စာသင်ကျောင်း၊ ဆေးပေးခန်း၊ လမ်း၊

       တံတား၊ ရေပေးရေး၊ မီးလင်းရေး စသည့်.)အသင့်အတင့်ရှိသော ကျေးရွာ၊

( ခ)  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားအသေးစားစီးပွားရေး လုပ်ငန်းများဆိုင်ရာ လုပ်ငန်း

        အတွေ့အကြုံရှိပြီး ဖွံ့ဖြိုးတိုးတက်ရန် အလားအလာရှိသောကျေးရွာ၊

( ဂ)  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားအသေးစားထုတ်ကုန်များ ဈေးကွက်သို့ပို့ဆောင်ရန်

       လမ်းပန်းဆက်သွယ်ရေးလုံခြုံချောမွေ့သည့်ကျေးရွာ၊

(ဃ) အသက်မွေးဝမ်းကျောင်းလုပ်ငန်း(သို့) မိသားစုဝင်ငွေတိုးပွားရေးလုပ်ငန်းများအား အစု

       အဖွဲ့စနစ်ဖြင့် စုပေါင်းဆောင်ရွက်ရန် အလားအလာရှိသော ကျေးရွာ၊

( င) ဖုန်း၊အင်တာနက်လိုင်းအသင့်အတင့်ကောင်းမွန်သော ကျေးရွာ၊

( စ)  ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများအား ပြည်သူထည့်ဝင်ငွေဖြင့် ဆောင်ရွက်လိုပြီး ဌာန

       ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လိုသောကျေးရွာ၊

(ဆ) တရားဥပဒေစိုးမိုးခြင်းနှင့်လုံခြုံရေးကောင်းမွန်ပြီး နယ်မြေတည်ငြိမ်အေးချမ်းသောကျေးရွာ၊

( ဇ) ကျေးရွာသူ/သားများ၏ စီမံကိန်းဆောင်ရွက်ရန် စိတ်အားထက်သန်မှု၊ စည်းလုံးညီညွှတ်မှု ရှိပြီး ဖွံ့ဖြိုးရေးအမှန်တကယ် ဆောင်ရွက်ရန် လိုအပ်သည့်ကျေးရွာနှင့်

(ဈ) အကျိုးခံစားရမည့် အိမ်ထောင်စု (၇၀)နှင့်အထက်ရှိသော ကျေးရွာ။

ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို ခရီးသွားလုပ်ငန်းများမှ တဆင့် အထောက်အကူပြုစေရန်နှင့် ခရီးသွားလုပ်ငန်းများ၏ အကျိုးကျေးဇူးများကို ဒေသခံ ပြည်သူ

များတိုက်ရိုက်ခံစားရစေရန် စီမံကိန်းကျေးရွာများရွေးချယ်ရာတွင် ခရီးသွားကျေးရွာ လုပ်ငန်း ဆောင် ရွက်ရန် အလားအလာရှိသောကျေးရွာများကို ထည့်သွင်းရွေးချယ်သင့်ပါသည်။

၆။      စီမံကိန်း၏အဓိကလုပ်ငန်းစဉ်များ

ဒီဂျစ်တယ်နည်းပညာနှင့်သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးနည်းပညာများကိုအသုံးပြု၍ အောက်ဖော်ပြပါလုပ်ငန်းစဉ်များဖြင့် ဆောင်ရွက်သွားမည် ဖြစ်ပါသည်-

 (က) ကျေးရွာအခြေခံအဆောက်အအုံများဖွံ့ဖြိုးရေး၊

( ခ) သွင်းအားစုနှင့်ငွေကြေးဝန်ဆောင်မှုများ ထောက်ပံ့ ကူညီခြင်း၊

( ဂ) အသက်မွေးဝမ်းကျောင်းဖွံ့ဖြိုးရေးနှင့်ကျေးရွာစီးပွားမြင့်မားစေခြင်း၊

(ဃ) အသင်းအဖွဲ့များ ခိုင်မာအားကောင်းစေခြင်းနှင့်နည်းပညာဖြန့်ဖြူးခြင်း၊

( င) လူမှုကာကွယ်စောင့်ရှောက်ရေး၊

( စ) သဘာဝပတ်ဝန်းကျင်ကာကွယ်ထိန်းသိမ်းရေး၊

၇။      ကဏ္ဍအလိုက်ဖွံ့ဖြိုးရေးလုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု

          ခေတ်မီစံပြကျေးရွာထူထောင်ခြင်းစီမံကိန်းကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အထိ  ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အပါအဝင် ပြည်နယ်/တိုင်းဒေသကြီး(၁၅)ခု၊ မြို့နယ်(၈၂)မြို့နယ်ရှိကျေးရွာ(၈၈)ရွာတွင် ကျေးရွာအခြေခံအဆောက်အအုံဖွံ့ဖြိုးရေးလုပ်ငန်း(၆၃၉)ခု၊ သွင်းအားစုနှင့်ငွေကြေးဝန်ဆောင်မှုလုပ်ငန်း(၂၁၈)ခု၊ အသက်မွေးဝမ်းကျောင်းနှင့်ကျေးရွာစီးပွားမြင့်မား ရေးလုပ်ငန်း (၂၅၆)ခု၊ အသင်းအဖွဲ့ခိုင်မာအားကောင်းခြင်းနှင့် နည်းပညာဖြန့်ဖြူးခြင်း (၄၄၂)ခု၊ လူမှု ကာကွယ်စောင့်ရှောက်ရေး(၃၈၁)ခု၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး(၃၂၉)ခု စုစုပေါင်း(၂၂၆၅)ခု ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပါသည်။

၈။      အကျိုးကျေးဇူးများ

ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်းဆောင်ရွက်ခြင်းဖြင့် ရရှိလာသော အကျိုး ကျေးဇူး များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

  • စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ ကုန်ထုတ်လုပ်ငန်းများ၊ ရှင်သန်ဖွံ့ဖြိုးလာစေခြင်း၊ အလုပ် အကိုင်အခွင့်အလမ်းရရှိစေခြင်းနှင့် မိသားစုများ ဝင်ငွေတိုးပွားလာစေခြင်း၊

 

  •  
  • စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေးစသည့် ကဏ္ဍများအတွက် ကျေးရွာ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်လာပြီး လူနေမှုအဆင့်အတန်းမြင့်မားခြင်း၊
  • ကျေးလက်နှင့်မြို့ပြအကြား ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း၊ ဆက်သွယ်မှုများ စနစ်တကျ ပုံမှန်ချိတ်ဆက်ဆောင်ရွက်နိုင်စေခြင်း၊
  • ကျေးရွာစိတ်ဓါတ်၊ ကိုယ့်အားကိုယ်ကိုးစိတ်ဓါတ်များ ရှင်သန်ပြီး ကျေးရွာရှိ  အသင်းအဖွဲ့ စနစ်များ ခိုင်မာအားကောင်း၍ တုံ့ပြန်နိုင်စွမ်းအားကောင်းသော လူ့အဖွဲ့အစည်းများ ဖြစ်ပေါ်လာစေခြင်း၊

၉။      စောင့်ကြည့်ကြီးကြပ်စစ်ဆေးခြင်း

          ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်းသည် စီမံကိန်းလုပ်ငန်းများ စဉ်ဆက်မပြတ် အောင်မြင်မှုရရှိစေရန် စီမံကိန်းကျေးရွာများရှိ ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေ များကို သက်ဆိုင်ရာစီမံကိန်းကျေးရွာကော်မတီနှင့် ကျေးရွာလူထုမှ အနီးကပ်ကြီးကြပ် ဆောင်ရွက် သွားရမည်ဖြစ်ပါသည်။ စီမံကိန်းအကောင်အထည်ဖော်သည့်အဖွဲ့အစည်းများဖြစ်သည့် သမဝါယမ ဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန နှင့် အခြားဆက်စပ်ဦးစီးဌာနများမှ ချိတ်ဆက်ပူးပေါင်းကာ ကွင်းဆင်းကြီးကြပ်ခြင်း၊ လိုအပ်သည့် နည်းပညာများပံ့ပိုးခြင်း၊ စီမံကိန်းဆိုင်ရာအခက်အခဲများကူညီဖြေရှင်းခြင်းများကို ဆောင်ရွက်သွား မည်ဖြစ်ကာ ပြည်နယ်/တိုင်းဒေသကြီး၊ ခရိုင်ကျေးလက်ဦးစီးဌာနတို့မှ တိုက်ရိုက်ကြီးကြပ် ကွပ်ကဲ ဆောင်ရွက်ပါမည်။

 

 

 

 

 

 

 

စီမံကိန်းဆိုင်ရာအချက်အလက်များ

စီမံကိန်းအမည်

ခေတ်မီစံပြကျေးရွာထူထောင်ခြင်းစီမံကိန်း (Smart Village)

ရည်ရွယ်ချက်

  • ကျေးရွာအခြေခံအဆောက်အအုံများ ဖွံ့ဖြိုးစေခြင်းဖြင့် ကျေးလက် နေပြည်သူများ၏ လူနေမှုအဆင့်အတန်း မြင့်မား လာစေရန်၊
  • သွင်းအားစု၊ ငွေကြေးဝန်ဆောင်မှုနှင့် နည်းပညာများပံ့ပိုးပေးခြင်း ဖြင့် ကျေးလက်စီးပွားရေး မြင့်မားလာစေရန်၊
  • သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိသော နေချင့်စဖွယ် စံပြကျေးရွာများ ဖြစ်ပေါ် လာစေရန်၊
  • ကျေးရွာသူ/သားများနှင့် ကျေးရွာအသင်းအဖွဲ့များ စွမ်းဆောင် ရည်မြင့်မားလာစေခြင်းဖြင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုကိုဖော် ဆောင် ရန်၊

ကာလ

(၅)နှစ်

ထောက်ပံ့ငွေပမာဏ

မြန်မာငွေကျပ် သန်း(၆၀)

ဆောင်ရွက်သည့်နေရာ/

အကောင်အထည်ဖော်

ဆောင်ရွက်သည့်နေရာ

  • ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အပါအဝင် ပြည်နယ်/ တိုင်းဒေသကြီး(၁၅)ခု၊မြို့နယ်(၁၀၄)မြို့နယ်၊ကျေးရွာ(၁၂၈)ရွာ၊
  • နယ်မြေလုံခြုံအေးချမ်းသော ပြည်နယ်/တိုင်းဒေသကြီးများတွင်
  • ကျေးရွာ(၃)ရွာစီခန့် တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ထောက်ပံ့သည့်အဖွဲ့

အစည်း

နိုင်ငံတော်ရန်ပုံငွေ

ပူးပေါင်းဆောင်ရွက်သည့်

ဦးစီးဌာနများ

ထွေ/အုပ် ၊ မီးသတ်၊ ယာဉ်ထိန်းရဲ၊ ပြန်ဆက်၊ စိုက်ပျိုးရေး၊ စက်မှု လယ်ယာ ၊ ဆည်မြောင်းနှင့် ရေအရင်းအမြစ်၊ မွေး/ကု၊ သမဝါယမ ၊ အသေးစား၊ ကျေးလက်လမ်း၊ သစ်တော၊ ပတ်ထိန်း၊ ဘေးစီမံ၊ လျှပ်စစ်၊ လူဝင်မှုကြီးကြပ်ရေး ၊ ပညာရေး ၊ ကျန်းမာရေး၊ အားကာ၊ ကျေးလက် လမ်း၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊လူမှုဝန်ထမ်းဦးစီးဌာန၊ ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာန၊ အမျိုးသမီးရေးရာ၊ ကြက်ခြေနီ၊

ဆောင်ရွက်သည့်နည်းလမ်း

  • ပြည်သူဗဟိုပြုစနစ်ဖြင့် ကျေးရွာ၏ လိုအပ်ချက်များဖော်ထုတ်၍ ကျေးရွာဖွံ့ဖြိုးရေးနှင့် မိသားစုဝင်ငွေတိုးပွားရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊
  • အစုအဖွဲ့၊ သမဝါယမစနစ်ဖြင့် ကျေးလက်စီးပွားမြင့်မားရေး ဆောင်ရွက်ခြင်း၊

ဆောင်ရွက်သည့်လုပ်ငန်း

  • ကျေးရွာအခြေခံအဆောက်အအုံများဖွံ့ဖြိုးရေး၊
  • သွင်းအားစုနှင့်ငွေကြေးဝန်ဆောင်မှုများ ထောက်ပံ့ကူညီခြင်း၊
  • အသက်မွေးဝမ်းကျောင်းဖွံ့ဖြိုးရေးနှင့်ကျေးရွာစီးပွားမြင့်မား
  •  
  • အသင်းအဖွဲ့များခိုင်မာအားကောင်းစေခြင်းနှင့်နည်းပညာ
  •  
  • လူမှုကာကွယ်စောင့်ရှောက်ရေး၊
  • သဘာဝပတ်ဝန်းကျင်ကာကွယ်ထိန်းသိမ်းရေး၊

အကျိုးကျေးဇူး/ရလဒ်

  • စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ ကုန်ထုတ်လုပ်ငန်းများ၊ ရှင်သန် ဖွံ့ဖြိုးလာစေခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းရရှိစေခြင်းနှင့် မိသားစုများ ဝင်ငွေတိုးပွားလာစေခြင်း၊
  • စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေးစသည့် ကဏ္ဍ များအတွက် ကျေးရွာအခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုး တက် လာပြီး လူနေမှုအဆင့်အတန်းမြင့်မားခြင်း၊
  • ကျေးလက်နှင့်မြို့ပြအကြား ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း၊ ဆက် သွယ်မှုများစနစ်တကျ ပုံမှန်ချိတ်ဆက်ဆောင်ရွက်နိုင်စေခြင်း၊
  • ကျေးရွာစိတ်ဓါတ်၊ ကိုယ့်အားကိုယ်ကိုးစိတ်ဓါတ်များ ရှင်သန်ပြီး ကျေးရွာရှိ  အသင်းအဖွဲ့စနစ်များ ခိုင်မာအားကောင်း၍ တုံ့ပြန်နိုင် စွမ်းအားကောင်းသော လူ့အဖွဲ့အစည်းများ ဖြစ်ပေါ်လာစေခြင်း၊
 

 

စီမံကိန်းဆိုင်ရာအချက်အလက်များ

စီမံကိန်းအမည်

ခေတ်မီစံပြကျေးရွာထူထောင်ခြင်းစီမံကိန်း (Smart Village)

ရည်ရွယ်ချက်

  • ကျေးရွာအခြေခံအဆောက်အအုံများ ဖွံ့ဖြိုးစေခြင်းဖြင့် ကျေးလက် နေပြည်သူများ၏ လူနေမှုအဆင့်အတန်း မြင့်မား လာစေရန်၊
  • သွင်းအားစု၊ ငွေကြေးဝန်ဆောင်မှုနှင့် နည်းပညာများပံ့ပိုးပေး ခြင်းဖြင့် ကျေးလက်စီးပွားရေး မြင့်မားလာစေရန်၊
  • သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိသော နေချင့် စဖွယ် စံပြကျေးရွာများ ဖြစ်ပေါ် လာစေရန်၊
  • ကျေးရွာသူ/သားများနှင့် ကျေးရွာအသင်းအဖွဲ့များ စွမ်းဆောင် ရည်မြင့်မားလာစေခြင်းဖြင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုကိုဖော် ဆောင် ရန်၊

ကာလ

(၂)နှစ် (၆)လ

ထောက်ပံ့ငွေပမာဏ

 

ဆောင်ရွက်သည့်နေရာ/

အကောင်အထည်ဖော်

ဆောင်ရွက်သည့်နေရာ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အပါအဝင် ပြည်နယ်/တိုင်းဒေသကြီး(၁၅)ခု၊

ထောက်ပံ့သည့်အဖွဲ့

အစည်း

နိုင်ငံတော်ရန်ပုံငွေ

ပူးပေါင်းဆောင်ရွက်သည့်

ဦးစီးဌာနများ

ထွေ/အုပ် ၊ မီးသတ်၊ ယာဉ်ထိန်းရဲ၊ ပြန်ဆက်၊ စိုက်ပျိုးရေး၊ စက်မှု လယ်ယာ ၊ ဆည်မြောင်းနှင့် ရေအရင်းအမြစ်၊ မွေး/ကု၊ သမဝါယမ ၊ အသေးစား၊ ကျေးလက်လမ်း၊ သစ်တော၊ ပတ်ထိန်း၊ ဘေးစီမံ၊ လျှပ်စစ်၊ လူဝင်မှုကြီးကြပ်ရေး ၊ ပညာရေး ၊ ကျန်းမာရေး၊ အားကာ၊ ကျေးလက် လမ်း၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊လူမှုဝန်ထမ်းဦးစီးဌာန၊ ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာန၊ အမျိုးသမီးရေးရာ၊ ကြက်ခြေနီ၊

ဆောင်ရွက်သည့်နည်းလမ်း

  • ပြည်သူဗဟိုပြုစနစ်ဖြင့် ကျေးရွာ၏ လိုအပ်ချက်များဖော်ထုတ်၍ ကျေးရွာဖွံ့ဖြိုးရေးနှင့် မိသားစုဝင်ငွေတိုးပွားရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊
  • အစုအဖွဲ့၊ သမဝါယမစနစ်ဖြင့် ကျေးလက်စီးပွားမြင့်မားရေး ဆောင် ရွက်ခြင်း၊

ဆောင်ရွက်သည့်လုပ်ငန်း

  • ကျေးရွာအခြေခံအဆောက်အအုံများဖွံ့ဖြိုးရေး၊
  • သွင်းအားစုနှင့်ငွေကြေးဝန်ဆောင်မှုများ ထောက်ပံ့ကူညီခြင်း၊
  • အသက်မွေးဝမ်းကျောင်းဖွံ့ဖြိုးရေးနှင့်ကျေးရွာစီးပွားမြင့်မား
  •  
  • အသင်းအဖွဲ့များခိုင်မာအားကောင်းစေခြင်းနှင့်နည်းပညာ
  •  
  • လူမှုကာကွယ်စောင့်ရှောက်ရေး၊
  • သဘာဝပတ်ဝန်းကျင်ကာကွယ်ထိန်းသိမ်းရေး၊

အကျိုးကျေးဇူး/ရလဒ်

  • စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ ကုန်ထုတ်လုပ်ငန်းများ၊ ရှင်သန် ဖွံ့ဖြိုးလာစေခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းရရှိစေခြင်းနှင့် မိသားစုများ ဝင်ငွေတိုးပွားလာစေခြင်း၊
  • စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေးစသည့် ကဏ္ဍ များအတွက် ကျေးရွာအခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုး တက် လာပြီး လူနေမှုအဆင့်အတန်းမြင့်မားခြင်း၊
  • ကျေးလက်နှင့်မြို့ပြအကြား ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း၊ ဆက် သွယ်မှုများစနစ်တကျ ပုံမှန်ချိတ်ဆက်ဆောင်ရွက်နိုင်စေခြင်း၊
  • ကျေးရွာစိတ်ဓါတ်၊ ကိုယ့်အားကိုယ်ကိုးစိတ်ဓါတ်များ ရှင်သန်ပြီး ကျေးရွာရှိ  အသင်းအဖွဲ့ စနစ်များ ခိုင်မာအားကောင်း၍ တုံ့ပြန်နိုင် စွမ်းအားကောင်းသော လူ့အဖွဲ့အစည်းများ ဖြစ်ပေါ်လာစေခြင်း၊
 

 

# Title / Total Download