ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းစီမံကိန်း
နိဒါန်း
၁။ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် မြို့ပြနှင့် ကျေးလက်ဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်းစေရေးနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးကို မျှော်မှန်း၍ လူနေမှုအဆင့်အတန်း မြင့်မားပြီး စီးပွားရေးခိုင်မာအားကောင်းသော အစိမ်းရောင်ဖွံ့ဖြိုးမှုဖြစ်စဉ်ကို အားပေးသည့် ခေတ်မီစံပြကျေးရွာ ထူထောင်ရေးစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ကျေးလက်စီးပွားမြင့်မား ရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။ ကျေးလက်စီးပွား မြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းသည် အစုအဖွဲ့နည်းလမ်းဖြင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကို ဆောင်ရွက်ခြင်းဖြစ်ပြီး ၎င်းတို့၏ ထွက်ကုန်များကို ဈေးကွက်နှင့် စနစ်တကျ ချိတ်ဆက်၍ စဉ်ဆက်မပြတ် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဖော်ဆောင်ခြင်းဖြစ်ဖြင့် စီးပွား ဖြစ်ကုန်ထုတ်လုပ်မှု (Commercial Scale) ကို တက်လှမ်းပိုင်ဆိုင်နိုင်ရန် ရည်မှန်းဆောင်ရွက်ခြင်း ဖြစ်ပါသည်။
ရည်ရွယ်ချက်
၂။ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း ဆောင်ရွက်ရခြင်း၏ ရည်ရွယ် ချက်မှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က) စိုက်ပျိုးမွေးမြူထုတ်လုပ်သူများနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွား ရေး လုပ်ကိုင်သူများအတွက် လိုအပ်သောငွေကြေးအရင်းအနှီးများ ရရှိစေရန်၊
(ခ) ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာ ဗဟုသုတနှင့် နည်းပညာများရရှိခြင်းဖြင့် စိုက်ပျိုး မွေးမြူထုတ်လုပ်သူများ၏ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ် ငန်းများ ပိုမိုအားကောင်းဖွံ့ဖြိုးလာစေရန်၊
(ဂ) အသက်မွေးဝမ်းကျောင်းလုပ်ငန်းများအား အစုအဖွဲ့စနစ်ဖြင့် ဆောင်ရွက်ခြင်းဖြင့် ကျေးလက်ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးလာစေရန်၊
(ဃ) မိသားစုဝင်ငွေတိုးပွားစေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်း ရရှိလာစေရန်နှင့်
(င) ဒေသထွက်ကုန်အပေါ် အခြေခံသည့်စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေ ရန်၊
(စ) ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မျိုး (One village One product) လုပ်ငန်းများ အထောက်အကူဖြစ်စေရန်။
စီမံကိန်းဧရိယာ
၃။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှ ၂၀၂၄-၂၀၂၄ ဘဏ္ဍာနှစ်အထိ နေပြည်တော်အပါအဝင် ပြည်နယ်/ တိုင်းဒေသကြီး (၁၅)ခုရှိ မြို့နယ် (၁၀၈)မြို့နယ်၊ ကျေးရွာ (၁၅၀) ရွာတွင် ကျေးရွာယူနစ် (၁၄၈) ယူနစ်အား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ လာမည့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တွင် နေပြည်တော် အပါအဝင် ပြည်နယ်/တိုင်းဒေသကြီး (၁၅)ခုရှိ ကျေးရွာ (၁၁၅) ရွာတွင် တိုးချဲ့ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
စီမံကိန်းကျေးရွာရွေးချယ်ရာတွင်အခြေခံရမည့်မူများ
၄။ စီမံကိန်းကျေးရွာရွေးချယ်ရာတွင်အခြေခံရမည့်မူများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က) စိုက်ပျိုးရေး၊မွေးမြူရေးလုပ်ငန်းများနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အလားအလာ ရှိသောကျေးရွာ၊
(ခ) ထုတ်ကုန်များ ဈေးကွက်သို့ပို့ဆောင်ရန် လမ်းပန်းဆက်သွယ်ရေး လုံခြုံချောမွေ့ ပြီး နယ်မြေတည်ငြိမ်အေးချမ်းသောကျေးရွာ၊ ဒေသဖွံ့ဖြိုးရေးအတွက် အထောက် အကူပြုပြီး အချက်အခြာကျသောကျေးရွာ၊
(ဂ) ကျေးရွာသူ/သားများ၏ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းအပေါ် စိတ်အားထက် သန်မှု၊ စည်းလုံးညီညွတ်မှု၊ စီမံကိန်းတွင် ပူးပေါင်းပါဝင်မှု အားကောင်းသော ကျေးရွာနှင့် စိုက်ပျိုး မွေးမြူရေးဆိုင်ရာ လုပ်ငန်းအတွေ့အကြုံရှိသော ကျေးရွာ၊
(ဃ) ကူးစက်ရောဂါပြန့်ပွားမှုနှင့် သဘာဝဘေးအန္တရာယ်ကျရောက်မှုကြောင့် စိုက်ပျိုး ရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ထိခိုက်ဆုံးရှုံးမှုအများဆုံး ကြုံတွေ့ရ သည့်ကျေးရွာ။
၅။ ခေတ်မီစံပြကျေးရွာထူထောင်ခြင်းစီမံကိန်း ဆောင်ရွက်သောကျေးရွာများအား ဦးစားပေး ရွေးချယ်ရန် ဖြစ်ပါသည်။
စီမံကိန်းကာလ
၆။ စီမံကိန်းစက်ဝန်းအား (၃) နှစ် သတ်မှတ်ထားပါသည်။ စီမံကိန်းကာလ (၃) နှစ်ပြည့်ပါက မူလမတည်ငွေကို အသက်မွေးဝမ်းကျောင်းအဖွဲ့များအနေဖြင့် အခြားအသက်မွေးဝမ်းကျောင်းအဖွဲ့ (သို့မဟုတ်) အခြားကျေးရွာ (သို့မဟုတ်)အခြားမြို့နယ်သို့ ပြောင်းရွေ့ဆောင်ရွက်ရန်အတွက် ကျေးရွာလုပ်ငန်းအဖွဲ့ထံ ပြန်လည်ပေးအပ်ရမည်ဖြစ်ပါသည်။
ထောက်ပံ့ငွေပမာဏ
၇။ ကျေးရွာ(၁)ရွာလျှင် အများဆုံးကျပ် (၃၀၀) သိန်းထောက်ပံ့ပေးခြင်း၊ လုပ်ငန်းလိုအပ်ချက်ရှိပါ က ပြည်ထောင်စုအဆင့်ဗဟိုကော်မတီထံတင်ပြ၍ ဆောင်ရွက်နိုင်ပါသည်။
ရန်ပုံငွေပံ့ပိုးပေးခြင်း
၉။ စီမံကိန်းမှ အဆိုပြုလုပ်ငန်းတန်ဖိုး၏ ( ၇၅ %) ကိုထောက်ပံ့ပေးမည်ဖြစ်ပြီး အသက်မွေးဝမ်း ကျောင်းအဖွဲ့များမှ (၂၅ %) ထည့်ဝင်ရမည်ဖြစ်ပါသည်။
စီမံကိန်းကော်မတီ၊ လုပ်ငန်းအဖွဲ့များဖွဲ့စည်းခြင်း
၁၀။ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းအားအကောင်အထည်ဖော်ဆောင် ရွက်ရန် အောက်ပါအတိုင်းဖွဲ့စည်းထားရှိပါသည်-
(က) ပြည်ထောင်စုအဆင့် ဗဟိုကြီးကြပ်မှုကော်မတီ၊
(ခ) ပြည်နယ်/တိုင်းဒေသကြီးအဆင့် ကြီးကြပ်မှုကော်မတီ၊
(ဂ) မြို့နယ်ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေလုပ်ငန်းအဖွဲ့၊
(ဃ) ကျေးရွာကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေလုပ်ငန်းအဖွဲ့၊
(င) အသက်မွေးဝမ်းကျောင်းအဖွဲ့များ
၁၁။ မြို့နယ်ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေလုပ်ငန်းအဖွဲ့ကိုဖွဲ့စည်းရာတွင် မြို့နယ်အဆင့် တွင် ဖွဲ့စည်းပြီးသော မြို့နယ်မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ကိုအသုံးပြုနိုင်ပါသည်။
၁၂။ ကျေးရွာကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေလုပ်ငန်းအဖွဲ့ကိုဖွဲ့စည်းရာတွင် အဖွဲ့ဝင် (၅)ဦး မဂဏန်းဖြင့် ဖွဲ့စည်းရမည်ဖြစ်ပြီး အသက်မွေးဝမ်းကျောင်းအစုအဖွဲ့ (၁)ဖွဲ့စီမှ ကိုယ်စားလှယ် (၁) ဦး စီနှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့မှ ကိုယ်စားလှယ် (၁)ဦးဖြင့် ဖွဲ့စည်းရမည်ဖြစ်ပါသည်။ သမဝါယမ အသင်းအဖွဲ့ပုံစံဖြင့် ဆောင်ရွက်ပါက ယင်းသမအသင်းအဖွဲ့မှ ကိုယ်စားလှယ် (၃)ဦးနှင့် ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့မှ ကိုယ်စားလှယ် (၂) ဦးဖြင့် ဖွဲ့စည်းရမည်ဖြစ်ပါသည်။
၁၃။ စီမံကိန်းရန်ပုံငွေကျပ် (၃၀၀) သိန်းအောက်လျော့နည်းသော ကျေးရွာများအတွက် ကျေးရွာလုပ်ငန်းအဖွဲ့ကို ကျေးရွာတိုင်းတွင်ဖွဲ့စည်းရမည်ဖြစ်ပြီး ယင်းကျေးရွာအုပ်ချုပ်ရေးအဖွဲ့မှ ကိုယ်စားလှယ် (၂) ဦးနှင့် အသက်မွေးဝမ်းကျောင်းအဖွဲ့မှ ကိုယ်စားလှယ် (၃)ဦးဖြင့် ဖွဲ့စည်း ရမည်။
လုပ်ငန်းစဉ်များ
၁၄။ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် အောက်ပါ အဆင့်(၆) ဆင့်ဖြင့် ဆောင်ရွက်ရမည်-
အဆင့်(၁) ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ရေး ကြိုတင်ပြင်ဆင်ခြင်း၊
အဆင့်(၂) ကျေးလက်အသက်မွေးဝမ်းကျောင်းလုပ်ငန်း အစီအစဉ်ရေးဆွဲခြင်း၊
အဆင့်(၃) အဆိုပြုလွှာများအား စုစည်းခြင်း၊ စိစစ်အကဲဖြတ်သုံးသပ်ခြင်းနှင့် အတည် ပြု ရွေးချယ်ခြင်း၊
အဆင့်(၄) ဘဏ္ဍာငွေနှင့် နည်းပညာပံ့ပိုးခြင်း၊
အဆင့်(၅) ကျေးလက်အသက်မွေးဝမ်းကျောင်းလုပ်ငန်း အကောင်အထည်ဖော် ဆောင် ရွက်ခြင်း၊
အဆင့်(၆) သုံးသပ်အကဲဖြတ်ခြင်းနှင့် အစီအစဉ်များ ပြန်လည်ရေးဆွဲခြင်း။
ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းစဉ်စက်ဝန်း
ဆောင်ရွက်နိုင်သောလုပ်ငန်းများ
၁၅။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ။
ဆောင်ရွက်မည့်နည်းလမ်းများ
၁၆။ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းဆောင်ရွက်မည့်နည်းလမ်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က) အသက်မွေးဝမ်းကျောင်းအဖွဲ့များဖွဲ့စည်းခြင်း
အနည်းဆုံးအိမ်ထောင်စု(၅)စုမှ အများဆုံးအိမ်ထောင်စု(၁၅)စုအထိပါဝင်သော စိတ်တူ ကိုယ်တူသက်မွေးအဖွဲ့များဖွဲ့စည်းခြင်း (သို့မဟုတ်) သမဝါယမအစုအဖွဲ့ပုံစံဖြင့်ဖွဲ့စည်း ဆောင်ရွက်ရမည်ဖြစ်ပါသည်။
(ခ) အဆိုပြုလွှာစိစစ်ခြင်း
သက်မွေးအဖွဲ့များမှ တင်ပြလာသော အဆိုပြုလွှာများအား မြို့နယ်လုပ်ငန်းအဖွဲ့မှ စိစစ်၍ ရမှတ် (၇၀) နှင့်အထက်ရရှိသော အဆိုပြုလွှာများအား ဦးစီးဌာန(ရုံးချုပ်)မှ အတည်ပြုပေးမည်ဖြစ်ပါသည်။
(ဂ) စာချုပ်ချုပ်ဆိုခြင်း
မြို့နယ်လုပ်ငန်းအဖွဲ့နှင့် ကျေးရွာလုပ်ငန်းအဖွဲ့တို့အကြား ရန်ပုံငွေလွှဲပြောင်းခြင်း သဘောတူစာချုပ်ချုပ်ဆိုရမည်။ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး (သို့မဟုတ်) ကျေးရွာ တာဝန်ခံနှင့် ကျေးရွာလုပ်ငန်းအဖွဲ့ ဘဏ္ဍာရေးမှူးတို့က အသိသက်သေအနေဖြင့် လက်မှတ်ရေးထိုးရမည်။
ကျေးရွာလုပ်ငန်းအဖွဲ့နှင့် အသက်မွေးဝမ်းကျောင်းအဖွဲ့တို့အကြား ချေးငွေသဘောတူ စာချုပ်ချုပ်ဆိုရမည်။ မြို့နယ်လုပ်ငန်းအဖွဲ့ဥက္ကဌနှင့် သက်ဆိုင်ရာအသက်မွေးဝမ်း ကျောင်းကိုယ်စားလှယ်(၁)ဦးတို့က အသိသက်သေအနေဖြင့် လက်မှတ်ရေးထိုးရမည်။
(ဃ) စာရင်းရှင်ဖွင့်လှစ်ခြင်း နှင့်ရန်ပုံငွေလွှဲပြောင်းခြင်း
မြို့နယ်လုပ်ငန်းအဖွဲ့တွင် မြို့နယ်ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေ စာရင်းရှင် တစ်ခုနှင့် ကျေးရွာလုပ်ငန်းအဖွဲ့တွင် ကျေးရွာကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေ စာရင်းရှင် တစ်ခုဖွင့်လှစ်ထားရမည်ဖြစ်ပါသည်။ ထို့နောက် ဦးစီးဌာန(ရုံးချုပ်)မှ သက် ဆိုင်ရာငွေထုတ်စာရင်း (MD) သို့ DL ဖြင့်ငွေလွှဲပို့၍ ယင်းမှတစ်ဆင့် သက်ဆိုင်ရာ မြို့နယ်လုပ်ငန်းအဖွဲ့စာရင်းရှင်သို့ ရန်ပုံငွေလွှဲပြောင်းပေးမည်ဖြစ်ပါသည်။ ထို့နောက် မြို့နယ်လုပ်ငန်းအဖွဲ့မှ ကျေးရွာလုပ်ငန်းအဖွဲ့စာရင်းရှင်သို့ ရန်ပုံငွေလွှဲပြောင်းရမည် ဖြစ်ပါသည်။ ကျေးရွာလုပ်ငန်းအဖွဲ့သည် သက်ဆိုင်ရာ အသက်မွေးဝမ်းကျောင်းအဖွဲ့ များထံ အဆိုပြုလွှာတွင် ပါဝင်သော ချေးငွေတစ်ရပ်လုံးအတွက် တစ်ကြိမ်တည်း (၁၀၀%) အား ငွေသား (သို့မဟုတ်) ချက်လက်မှတ် (သို့မဟုတ်) Digital Payment ဖြင့် ပြန်လည်ထုတ်ပေးရ မည်။
(င) နည်းပညာသင်တန်းများဖွင့်လှစ်ပို့ချခြင်း
ကျေးလက်ဦးစီးဌာနမှ အဆိုပြုလွှာရေးသားနည်းသင်တန်းများ ပို့ချပေးမည်ဖြစ်ပြီး လိုအပ်သောနည်းပညာသင်တန်းများအား အခြားဆက်စပ်ဦးစီးဌာနများနှင့်ပူးပေါင်း၍ အကြိမ်ကြိမ်ဖွင့်လှစ်ပို့ချပေးမည်ဖြစ်ပါသည်။
(စ) အသက်မွေးဝမ်းကျောင်းလုပ်ငန်းများဆောင်ရွက်ခြင်း
(၁) အစုအဖွဲ့အလိုက်စိုက်ပျိုးမွေးမြူပြီး အဖွဲ့ဝင်(၁)ဦးမှ တာဝန်ယူ၍ လုပ်ငန်း လည်ပတ်ခြင်း (သို့မဟုတ်) အလုပ်သမားငှားရမ်းဆောင်ရွက်ခြင်း၊
(၂) စုပေါင်းဝယ်ယူခြင်းနှင့် စုပေါင်းရောင်းချခြင်းကိုသာ အစုအဖွဲ့ပုံစံဖြင့် ဆောင် ရွက်၍ လုပ်ငန်းလည်ပတ်ခြင်းကို အိမ်ထောင်စု(၁)စုချင်းအလိုက် ဆောင် ရွက်ခြင်း
(ဆ) အတိုးနှုန်းပြန်လည်ထည့်ဝင်ခြင်း
အသက်မွေးဝမ်းကျောင်းအဖွဲ့များအနေဖြင့် စီမံကိန်းမှထောက်ပံ့ငွေအတွက် ငွေ တစ်ရာကျပ်အတွက် တစ်လလျှင် (၅၀) ပြားအတိုးနှုန်းသတ်မှတ်၍ စီမံကိန်း စက်ဝန်းတစ်ခုပြီးတိုင်း အတိုးနှင့်အရင်းအား ကျေးရွာကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေစာရင်းရှင်သို့ ပြန်လည်ပေးသွင်းရမည်ဖြစ်ပါသည်။ သို့ရာတွင် ကျွဲ၊ နွား၊ နွားနောက်မွေးမြူခြင်း၊ ကော်ဖီ၊ ရာဘာ၊ ဝဥ ကဲ့သို့သော နှစ်ရှည်သီးနှံ စိုက်ပျိုးခြင်းစသည့် နှစ်ရှည်လုပ်ငန်းဖြစ်ပါက တစ်နှစ်လျှင် တစ်ကြိမ် ကျသင့်ငွေ အတိုးသာ ပြန်လည်ပေးသွင်းရပါမည်။ ကျေးရွာလုပ်ငန်းအဖွဲ့အနေဖြင့် သက်မွေး အဖွဲ့မှပြန်လည်ပေးသွင်းလာသော အတိုးနှင့်အရင်းငွေများအား ၎င်း၏ ကျေးရွာ ဘဏ်စာရင်းရှင်သို့ ပြန်လည်ပေးသွင်းပြီးနောက် အရင်းငွေအား သက်ဆိုင်ရာ သက်မွေးအစုအဖွဲ့များထံ ပြန်လည်ထုတ်ချေးရပါမည်။ အတိုးရငွေများအား နောက်စက်ဝန်းတွင် ထပ်ပေါင်းရင်းနှီးနိုင်ရန် ပြန်လည်ထုတ်ချေး ပေးနိုင်သကဲသို့ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လိုပါကလည်း နှစ်ကာလ စောင့်ဆိုင်းစရာ မလိုဘဲ ကျေးရွာ၏ အများသဘောတူဆန္ဒဖြင့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများအား ဆောင်ရွက်ခြင်း၊
(ဇ) မတည်ငွေပြန်လည်ပေးဆပ်ခြင်း
သက်တမ်း (၃) နှစ်ပြည့်ပြီးသည့်အချိန်တွင် မူလမတည်ငွေကို အခြားသက်မွေးအဖွဲ့ (သို့မဟုတ်) အခြားကျေးရွာ (သို့မဟုတ်) အခြားမြို့နယ်သို့ ပြောင်းရွေ့ဆောင်ရွက်နိုင် ရန် ကျေးရွာလုပ်ငန်းအဖွဲ့ထံပြန်လည်ပေးဆပ်ရပါမည်။ အကယ်၍ အကြောင်းအမျိုး မျိုးကြောင့် အခက်အခဲတစ်စုံတစ်ရာရှိပါက ပြည်ထောင်စုအဆင့်ဗဟိုကော်မတီ၊ ကျေးလက်ဦးစီးဌာန (ရုံးချုပ်)ထံတင်ပြ၍ သက်တမ်းတိုးမြှင့်ခြင်းကိုခွင့်ပြုနိုင်ပါသည်။
(ဈ) ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်ခြင်း
စီမံကိန်းမှရရှိသည့် အတိုးရငွေများကို ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများတွင် သုံးစွဲရမည်ဖြစ်ပါသည်။ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ကျေးရွာ အဆင့်နှင့် မြို့နယ်အဆင့်တို့၌ သတ်မှတ်ထားသော လုပ်ငန်းစဉ်အဆင့်များအတိုင်း ဆောင်ရွက်ရမည်ဖြစ်ပါသည်။ ဖွံ့ဖြိုးရေးလုပ်ငန်းရွေးချယ်ရာတွင် စီမံကိန်းမှ သတ်မှတ်ထားသည့် အကျုံးဝင်သောလုပ်ငန်းများကိုသာ ဆောင်ရွက်ရမည် ဖြစ်ပါ သည်။
အုပ်ချုပ်မှုအသေးသုံးစရိတ်
၁၇။ သက်မွေးဝမ်းကျောင်းလုပ်ငန်းအဖွဲ့များ၏ အုပ်ချုပ်မှုအသေးသုံးစရိတ်အား ထည့်ဝင်ငွေ (၂၅%)မှ အသုံးပြုရမည်ဖြစ်ပါသည်။ ထို့အပြင် ကျေးရွာလုပ်ငန်းအဖွဲ့အတွက် လိုအပ်သော အုပ်ချုပ်မှုအသုံးစရိတ်များကိုလည်း နှစ်ဖက်သဘောတူညီချက်ဖြင့် မျှဝေကျခံသုံးစွဲနိုင်ပါသည်။ အုပ်ချုပ်မှုအသုံးစရိတ်အတွက် (၁)နှစ်လျှင် စုစုပေါင်းလုပ်ငန်းတန်ဖိုး၏ (၂%) ထက်မပိုစေရပါ။ (လိုအပ်ပါက ယင်းသတ်မှတ်ချက်အား မြို့နယ်လုပ်ငန်းအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ပြင်ဆင်နိုင်သည်)
၁၈။ ကျေးရွာလုပ်ငန်းအဖွဲ့၏ အုပ်ချုပ်မှုအသုံးစရိတ်အား အသက်မွေးဝမ်းကျောင်းအဖွဲ့များမှ ပေး သွင်းသော အတိုးရငွေများမှ သုံးစွဲနိုင်ပြီး (၁)နှစ်လျှင် ငွေကျပ် (၂)သိန်းထက်မပိုသောအသုံးစရိတ်ကို သုံးစွဲနိုင်ပါသည်။ အုပ်ချုပ်မှုစရိတ်သုံးစွဲရာတွင် အမှန်တကယ်လိုအပ်သည့်ကိစ္စရပ်များကိုသာအနည်း ဆုံးနှုန်းဖြင့် ကျခံသုံးစွဲရမည်ဖြစ်ပါသည်။
ဆုံးရှုံးမှုပြန်လည်ထည့်သွင်းခြင်း
(က) လုပ်ငန်းများအား အစုအဖွဲ့အလိုက် စိုက်ပျိုးမွေးမြူခြင်းတွင် ဆုံးရှုံးမှုများ ဖြစ်ပေါ် ခဲ့ပါက ဆုံးရှံးသွားသည့် ကောင်ရေ/သီးနှံတို့အတိုင်း အစုအဖွဲ့မှ စုပေါင်း ကျခံပြန် လည်ထည့်သွင်းရပါမည်။
(ခ) လုပ်ငန်းများအား အိမ်ထောင်စုတစ်ခုချင်းအလိုက် တာဝန်ယူ ဆောင်ရွက်ခြင်း ဖြစ်ပါက ဆုံးရှံးသွားသည့် ကောင်ရေ/သီးနှံတို့အတိုင်း ကာယကံရှင်မှ ကျခံပြန် လည်ထည့်သွင်းရပါမည်။
အိမ်ထောင်စုအစားထိုးခြင်း
၁၉။ အဖွဲ့ဝင်အိမ်ထောင်စုမှနှုတ်ထွက်ခဲ့လျင် နှုတ်ထွက်သွားသော အဖွဲ့ဝင်အတွက် ထောက်ပံ့ထား သော ထောက်ပံ့ငွေသည် အဖွဲ့အတွင်းတွင် အပြည့်အဝကျန်နေရမည်ဖြစ်ပြီး အခြားအိမ်ထောင်စု အသစ်ကို (၁)လအတွင်း အစားထိုးထည့်သွင်းရပါမည်။
သက်မွေးအဖွဲ့ပြောင်းလဲဆောင်ရွက်ခြင်း
၂၀။ အသက်မွေးဝမ်းကျောင်းအဖွဲ့ ပြောင်းလဲဆောင်ရွက်မည်ဆိုပါက ချေးငွေနှင့်အတိုးရငွေ များအား ကျေးရွာလုပ်ငန်းအဖွဲ့ထံပြန်လည်ပေးသွင်း၍ ငွေစာရင်းရှင်းလင်းရပါမည်။ ယင်းချေးငွေ နှင့် အတိုးရငွေလက်ခံရရှိ၍ ငွေစာရင်းရှင်းလင်းပြီးမှသာ အဆိုပါသက်မွေးအဖွဲ့အား နှုတ်ထွက် ခွင့်ပြုရပါမည်။ ချေးငွေနှင့်အတိုးရငွေများ ပြန်လည်ပေးဆပ်ခြင်းမရှိပါက ချေးငွေသဘောတူစာ ချုပ်ပါ စည်းကမ်းများအတိုင်းအရေးယူဆောင်ရွက်သွားမည်ဖြစ်ပါသည်။ အကယ်၍ နှုတ် ထွက်သွား သောအဖွဲ့ဝင်သည် အဖွဲ့ကိုယ်စားတာဝန်ခံ၍ စာချုပ်၏ငွေချေးသူနေရာတွင် လက်မှတ်ထိုး ထားသူဖြစ်ပါက စာချုပ်အားအသစ်ပြန်လည်ချုပ်ဆိုရမည်။ ထိုသို့ချုပ်ဆိုရာတွင် မူလစာချုပ် သက်တမ်းပါ ကျန်ရှိသည့်သက်တမ်းကာလနှင့် ချိန်ညှိ၍ ပြင်ဆင်ချုပ်ဆိုရမည်ဖြစ်သည်။
ဆောင်ရွက်သည့်လုပ်ငန်းပုံစံပြောင်းလဲခြင်း
၂၁။ အသက်မွေးဝမ်းကျောင်းအဖွဲ့များအနေဖြင့် လုပ်ငန်းဆောင်ရွက်သည့်ပုံစံအား ပြောင်းလဲ ဆောင်ရွက်လိုပါက ပြောင်းလဲဆောင်ရွက်နိုင်ပါသည်။ ထိုသို့ ပြောင်းလဲဆောင်ရွက်ရာတွင် ပုံစံ(၁) မှ ပုံစံ (၂) သို့လည်းကောင်း၊ ပုံစံ (၂)မှ ပုံစံ(၁)သို့လည်းကောင်းပြောင်းလဲဆောင်ရွက်ပါက မြို့နယ်လုပ်ငန်းအဖွဲ့မှစိစစ်၍ ပြည်နယ်/တိုင်းဒေသကြီးကျေးလက်ဦးစီးဌာန၏ အတည်ပြုချက် ဖြင့် ပြောင်းလဲဆောင်ရွက်နိုင်ပါသည်။ ထိုသို့ ပြောင်းလဲခွင့်ပြုထားမှုအား ကျေးလက်ဦးစီးဌာန (ရုံးချုပ်)ထံ မှတ်တမ်းထားရှိနိုင်ရေး ချက်ချင်းတင်ပြရမည်။
လုပ်ငန်းပြောင်းလဲဆောင်ရွက်ခြင်း
၂၂။ ယခင်စီမံကိန်းစက်ဝန်းတွင်ဆောင်ရွက်ခဲ့သော လုပ်ငန်းများအား ပြောင်းလဲဆောင်ရွက်လိုပါ က လုပ်ငန်းအမျိုးအစားတူပြောင်းလဲဆောင်ရွက်ခြင်း (မွေးမြူရေးလုပ်ငန်းတစ်ခုမှ အခြားမွေးမြူရေး လုပ်ငန်းတစ်ခု၊ စိုက်ပျိုးရေးလုပ်ငန်းတစ်ခုမှ အခြား စိုက်ပျိုးရေးလုပ်ငန်းတစ်ခု)ဖြစ်ပါက အဆိုပြုလွှာ အားမြို့နယ်လုပ်ငန်းအဖွဲ့မှ စိစစ်၍ ပြည်နယ်/တိုင်းဒေသကြီးကျေးလက်ဦးစီးဌာန၏ အတည်ပြုချက် ဖြင့်ပြောင်းလဲဆောင်ရွက်နိုင်ပါသည်။ လုပ်ငန်းအမျိုးအစားမတူပြောင်းလဲဆောင်ရွက်ခြင်း (မွေးမြူရေးလုပ်ငန်းတစ်ခုမှ အခြားစိုက်ပျိုးရေးလုပ်ငန်းတစ်ခု)ဖြစ်ပါက အဆိုပြုလွှာအားကျေးလက် ဦးစီး(ရုံးချုပ်)ထံတင်ပြအတည်ပြုချက်ရယူ၍ ပြောင်းလဲဆောင်ရွက်နိုင်ပါသည်။
အကျိုးအမြတ်များခွဲဝေခြင်း
၂၃။ မြို့နယ်အသက်မွေးဝမ်းကျောင်းဆိုင်ရာတာဝန်ခံနှင့် ကျေးရွာလုပ်ငန်းအဖွဲ့တို့၏ ကူညီပံ့ပိုးမှု ဖြင့် အသက်မွေးဝမ်းကျောင်းအဖွဲ့သည် ပြန်ရငွေ၊ အမြတ်အစွန်းနှင့် ဆုံးရှုံးမှုများအား ညီမျှစွာခွဲဝေနိုင် ရန် အဖွဲ့ဝင်အားလုံးနှင့် တကူတကွ အစည်းအဝေးပြုလုပ်၍ ဆုံးဖြတ်ချက်ချရမည် ဖြစ်ပါသည်။
အကျိုးကျေးဇူးများ
၂၄။ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းဆောင်ရွက်ခြင်းဖြင့် အောက်ဖော် ပြပါ အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ပါသည်-
(က) ငွေကြေးအရင်းအနှီးများရရှိလာခြင်းကြောင့် အငယ်စား၊ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဆောင်ရွက်လာနိုင်ခြင်း၊
(ခ ) စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာနည်းပညာများနှင့် ငွေကြေးစီမံခန့်ခွဲမှုနည်းပညာများ ရရှိလာခြင်းနှင့် မိသားစုဝင်ငွေတိုးပွားလာခြင်း၊
(ဂ ) စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်းနှင့် အသေးစား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာခြင်း၊
(ဃ) အမျိုးသမီးများ၏ ပူးပေါင်းဆောင်ရွက်မှု မြင့်မားလာခြင်း၊
(င ) စွမ်းဆောင်ရည်မြင့်မာလာခြင်းနှင့် အစုအဖွဲ့စနစ်ဖြင့် ဆောင်ရွက်တတ်သည့် အလေ့ အကျင့်ကောင်းများရရှိလာခြင်း၊ အသင်းအဖွဲ့စိတ်ဓါတ် ဖွံ့ဖြိုးအားကောင်းလာခြင်း၊
(စ ) ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှု အလေ့အထများ ဖွံ့ဖြိုးလာခြင်း၊
(ဆ) နိုင်ငံတော်၏ ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု အသက်သာစေရေး အစီအစဉ်ကို အထောက်အကူပြုနိုင်ခြင်း။
စောင့်ကြည့်ကြီးကြပ်ခြင်း
၂၅။ ကျေးလက်ဦးစီးဌာနသည် ကျေးရွာလုပ်ငန်းအဖွဲ့၊ မြို့နယ်လုပ်ငန်းအဖွဲ့တို့နှင့်ပူးပေါင်း၍ လုပ်ငန်းစဉ်အဆင့်တိုင်းတွင် စောင့်ကြည့်ကြီးကြပ်ခြင်းလုပ်ငန်းစဉ်အား ဆောင်ရွက်သွားမည် ဖြစ် ပါသည်။
လစဉ်အစီရင်ခံစာတင်ပြခြင်း
၂၆။ သက်မွေးအဖွဲ့များမှ လစဉ်လုပ်ငန်းတိုးတက်မှုအစီရင်ခံစာကိုပြုစု၍ သက်ဆိုင်ရာမြို့နယ် လုပ်ငန်းအဖွဲ့ထံ (မူရင်း) တင်ပြရမည်ဖြစ်ပြီး ကျေးရွာလုပ်ငန်းအဖွဲ့ထံ (မိတ္တူ) ပေးပို့ရမည် ဖြစ်ပါ သည်။ မြို့နယ်လုပ်ငန်းအဖွဲ့မှစိစစ်၍ မြို့နယ်အဆင့် လစဉ်တိုးတက်မှုအစီရင်ခံစာပြင်ဆင်ပြီး ပြည်နယ်/တိုင်းဒေသကြီးကြီးကြပ်မှုကော်မတီမှတဆင့်ဦးစီးဌာန(ရုံးချုပ်) သို့ လစဉ်တင်ပြရမည် ဖြစ်ပါသည်။
အပြီးသတ်အစီရင်ခံစာတင်ပြခြင်း
၂၇။ သက်မွေးအဖွဲ့များမှ စီမံကိန်းစက်ဝန်းတစ်ခု ဆောင်ရွက်ပြီးစီးပြီးနောက် ရက်ပေါင်း (၃၀) အတွင်း လုပ်ငန်းပြီးစီးမှုအစီရင်ခံစာနှင့် အရောင်း/အဝယ် အရှုံး/အမြတ်စာရင်းကို ကျေးရွာ လုပ်ငန်းအဖွဲ့ထံ (မိတ္တူ) နှင့် မြို့နယ်လုပ်ငန်းအဖွဲ့ထံ (မူရင်း) တင်ပြရမည်ဖြစ်ပါသည်။ မြို့နယ် လုပ်ငန်းအဖွဲ့သည် ယင်းအစီရင်ခံစာအား စိစစ်၍ ပြည်နယ်/တိုင်းဒေသကြီးကျေးလက်ဦးစီးဌာန မှတဆင့် ကျေးလက်ဦးစီးဌာန (ရုံးချုပ်) ထံတင်ပြရမည်ဖြစ်ပါသည်။
ဝေဖန်အကြံပြုဖြေရှင်းဆောင်ရွက်ခြင်း
၂၈။ သက်မွေးအဖွဲ့များမှ ၎င်းတို့အဖွဲ့ဝင်များအကြား အငြင်းပွားမှုများ၊ နားလည်မှုလွဲမှားမှုများ ဖြစ်ပေါ်ပါက မြို့နယ်လုပ်ငန်းအဖွဲ့အကူအညီဖြင့် ဖြေရှင်းဆောင်ရွက်ပေးရပါမည်။ ပြင်ပပုဂ္ဂိုလ်များ ၏မကျေနပ်ချက်များ၊ အကြံပြုချက်များဖြစ်ပေါ်လာပါက မြို့နယ်လုပ်ငန်းအဖွဲ့ထံအသိပေး၍ မြို့နယ်လုပ်ငန်းအဖွဲ့မှ ပွင့်လင်းမြင်သာစွာဖြင့် ဖြေရှင်းပေးရပါမည်။ အကယ်၍ ထူးခြားသောကိစ္စ များအတွက် မြို့နယ်လုပ်ငန်းအဖွဲ့မှ တာဝန်ယူမဖြေရှင်းနိုင်ပါက ပြည်ထောင်စုအဆင့်ဗဟိုကြီးကြပ် မှုကော်မတီထံတင်ပြပြီး အကြံပြုချက်၊ ပဋိပက္ခများအား ကျေနပ်မှုရရှိသည်အထိ ဖြေရှင်းဆောင် ရွက်ပေးရမည်ဖြစ်ပါသည်။
စီမံကိန်းဆိုင်ရာအချက်အလက်များ
စီမံကိန်းအမည် |
ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း (Rural Business Fund) |
ရည်ရွယ်ချက် |
(က) စိုက်ပျိုးမွေးမြူထုတ်လုပ်သူများနှင့် အငယ်စား၊ အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ကိုင်သူများ အတွက် လိုအပ်သောငွေကြေးအရင်းအနှီးများရရှိစေရန်၊ (ခ) ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာ ဗဟုသုတနှင့် နည်း ပညာများရရှိခြင်းဖြင့် စိုက်ပျိုးမွေးမြူ ထုတ်လုပ်သူများ၏ အငယ်စား၊ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ် ငန်းများ ပိုမိုအားကောင်းဖွံ့ဖြိုးလာစေရန်၊ (ဂ) အသက်မွေးဝမ်းကျောင်းလုပ်ငန်းများအား အစုအ ဖွဲ့စနစ်ဖြင့် ဆောင်ရွက်ခြင်းဖြင့် ကျေးလက်ကုန်ထုတ်လုပ် ငန်းများ ဖွံ့ဖြိုးလာစေရန်၊ (ဃ) မိသားစုဝင်ငွေတိုးပွားလာစေရန်နှင့် အလုပ်အကိုင် အခွင့်အလမ်း ရရှိစေရန်၊ (င ) ဒေသထွက်ကုန်အပေါ် အခြေခံသည့် စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ (စ ) ကျေးရွာတစ်ရွာ၊ ထုတ်ကုန်တစ်မျိုး(One village One product )လုပ်ငန်းများ အထောက်အကူဖြစ်စေရန်။ |
ကာလ |
လုပ်ငန်းစတင်ဆောင်ရွက်သည်မှစ၍ (၃)နှစ် |
ထောက်ပံ့ငွေပမာဏ |
ကျေးရွာ(၁)ရွာလျှင် အများဆုံးကျပ် (၃၀၀) သိန်း ထောက် ပံ့ပေးခြင်း၊ လုပ်ငန်းလိုအပ်ချက်ရှိပါက ပြည်ထောင်စု အဆင့် ဗဟိုကော်မတီထံတင်ပြ၍ ဆောင်ရွက်နိုင်ပါသည်။ |
အကောင်အထည်ဖော်ဆောင်ရွက်သည့် နေရာ |
ပြည်နယ်/တိုင်းဒေသကြီး(၁၅)ခု ၊ မြို့နယ်(၁၀၈) မြို့နယ်၊ ကျေးရွာ (၁၅၀)ရွာ၊ ကျေးရွာယူနစ် (၁၄၈)ယူနစ် |
ထောက်ပံ့သည့်အဖွဲ့အစည်း |
နိုင်ငံတော်ရန်ပုံငွေ |
ချဉ်းကပ်သည့်ပုံစံ |
ကျေးလက်နေပြည်သူများ စဉ်ဆက်မပြတ် အသက်မွေး ဝမ်းကျောင်းလုပ်ငန်းများကို ဆောင်ရွက်နိုင်စေရန် အစု အဖွဲ့နည်းလမ်း(သို့မဟုတ်) သမဝါယမအစုအဖွဲ့ နည်းလမ်း ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပါသည်။ စီမံကိန်းကာလ (၃)နှစ်ပြည့်ပါက မူလမတည်ငွေကို ထပ်ပေါင်း၊ထပ်ပွားစနစ်ဖြင့် အခြားကျေးရွာ(သို့မဟုတ်) အခြားသက်မွေးအဖွဲ့(သို့မဟုတ်) အခြားမြို့နယ်သို့ ပြောင်း ရွှေ့ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ |
ဆောင်ရွက်သည့်လုပ်ငန်းများ |
စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း နှင့် ကုန်ထုတ် လုပ်ငန်းစသည့်ဝင်ငွေတိုးပွားရေး လုပ်ငန်းများ ဆောင်ရွက် နိုင်ပါသည်။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အထိ
|
အကျိုးကျေးဇူးများ |
(က) ငွေကြေးအရင်းအနှီးများ ရရှိလာခြင်းကြောင့် အငယ် စား၊ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဆောင်ရွက်လာနိုင်ခြင်း၊ (ခ ) စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာနည်းပညာများနှင့် ငွေကြေးစီမံခန့်ခွဲမှုနည်းပညာများ ရရှိလာခြင်းနှင့် မိသားစု ဝင်ငွေတိုးပွားလာခြင်း၊ (ဂ ) စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်းနှင့် အသေးစား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာခြင်း၊ (ဃ) အမျိုးသမီးများ၏ ပူးပေါင်းဆောင်ရွက်မှု မြင့်မား လာခြင်း၊ (င ) စွမ်းဆောင်ရည်မြင့်မာလာခြင်းနှင့် အစုအဖွဲ့စနစ် ဖြင့် ဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိ လာခြင်း၊အသင်းအဖွဲ့စိတ်ဓါတ်ဖွံ့ဖြိုး အားကောင်းလာခြင်း၊ (စ ) ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှု အလေ့အထများ ဖွံ့ဖြိုး လာခြင်း၊ (ဆ) နိုင်ငံတော်၏ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှုအသက် သာစေရေး အစီအစဉ်ကို အထောက်အကူပြုနိုင်ခြင်း။ |
စီမံကိန်းဆိုင်ရာအချက်အလက်များ
စီမံကိန်းအမည် |
ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း (Rural Business Fund) |
ရည်ရွယ်ချက် |
(က) စိုက်ပျိုးမွေးမြူထုတ်လုပ်သူများနှင့် အငယ်စား၊ အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ကိုင်သူများ အတွက် လိုအပ်သောငွေကြေးအရင်းအနှီးများရရှိစေရန်၊ (ခ) ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာ ဗဟုသုတနှင့် နည်း ပညာများရရှိခြင်းဖြင့် စိုက်ပျိုးမွေးမြူ ထုတ်လုပ်သူများ၏ အငယ်စား၊ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ် ငန်းများ ပိုမိုအားကောင်းဖွံ့ဖြိုးလာစေရန်၊ (ဂ) အသက်မွေးဝမ်းကျောင်းလုပ်ငန်းများအား အစုအ ဖွဲ့စနစ်ဖြင့် ဆောင်ရွက်ခြင်းဖြင့် ကျေးလက်ကုန်ထုတ်လုပ် ငန်းများ ဖွံ့ဖြိုးလာစေရန်၊ (ဃ) မိသားစုဝင်ငွေတိုးပွားလာစေရန်နှင့် အလုပ်အကိုင် အခွင့်အလမ်း ရရှိစေရန်၊ (င ) ဒေသထွက်ကုန်အပေါ် အခြေခံသည့် စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ (စ ) ကျေးရွာတစ်ရွာ၊ ထုတ်ကုန်တစ်မျိုး(One village One product )လုပ်ငန်းများ အထောက်အကူဖြစ်စေရန်။ |
ကာလ |
လုပ်ငန်းစတင်ဆောင်ရွက်သည်မှစ၍ (၃)နှစ် |
ထောက်ပံ့ငွေပမာဏ |
ကျေးရွာ(၁)ရွာလျှင် အများဆုံးကျပ် (၃၀၀) သိန်း ထောက် ပံ့ပေးခြင်း၊ လုပ်ငန်းလိုအပ်ချက်ရှိပါက ပြည်ထောင်စု အဆင့် ဗဟိုကော်မတီထံတင်ပြ၍ ဆောင်ရွက်နိုင်ပါသည်။ |
အကောင်အထည်ဖော်ဆောင်ရွက်သည့် နေရာ |
ပြည်နယ်/တိုင်းဒေသကြီး(၁၅)ခု ၊ မြို့နယ်(၃၄) မြို့နယ်၊ ကျေးရွာ (၃၅)ရွာ၊ ကျေးရွာယူနစ် (၃၆)ယူနစ် |
ထောက်ပံ့သည့်အဖွဲ့အစည်း |
နိုင်ငံတော်ရန်ပုံငွေ |
ချဉ်းကပ်သည့်ပုံစံ |
ကျေးလက်နေပြည်သူများ စဉ်ဆက်မပြတ် အသက်မွေး ဝမ်းကျောင်းလုပ်ငန်းများကို ဆောင်ရွက်နိုင်စေရန် အစု အဖွဲ့နည်းလမ်း(သို့မဟုတ်) သမဝါယမအစုအဖွဲ့ နည်းလမ်း ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပါသည်။ စီမံကိန်းကာလ (၃)နှစ်ပြည့်ပါက မူလမတည်ငွေကို ထပ်ပေါင်း၊ထပ်ပွားစနစ်ဖြင့် အခြားကျေးရွာ(သို့မဟုတ်) အခြားသက်မွေးအဖွဲ့(သို့မဟုတ်) အခြားမြို့နယ်သို့ ပြောင်း ရွှေ့ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ |
ဆောင်ရွက်သည့်လုပ်ငန်းများ |
စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း နှင့် ကုန်ထုတ် လုပ်ငန်းစသည့်ဝင်ငွေတိုးပွားရေး လုပ်ငန်းများ ဆောင်ရွက် နိုင်ပါသည်။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင်-
|
အကျိုးကျေးဇူးများ |
(က) ငွေကြေးအရင်းအနှီးများ ရရှိလာခြင်းကြောင့် အငယ် စား၊ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဆောင်ရွက်လာနိုင်ခြင်း၊ (ခ ) စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာနည်းပညာများနှင့် ငွေကြေးစီမံခန့်ခွဲမှုနည်းပညာများ ရရှိလာခြင်းနှင့် မိသားစု ဝင်ငွေတိုးပွားလာခြင်း၊ (ဂ ) စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်းနှင့် အသေးစား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာခြင်း၊ (ဃ) အမျိုးသမီးများ၏ ပူးပေါင်းဆောင်ရွက်မှု မြင့်မား လာခြင်း၊ (င ) စွမ်းဆောင်ရည်မြင့်မာလာခြင်းနှင့် အစုအဖွဲ့စနစ် ဖြင့် ဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိ လာခြင်း၊အသင်းအဖွဲ့စိတ်ဓါတ်ဖွံ့ဖြိုး အားကောင်းလာခြင်း၊ (စ ) ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှု အလေ့အထများ ဖွံ့ဖြိုး လာခြင်း၊ (ဆ) နိုင်ငံတော်၏ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှုအသက် သာစေရေး အစီအစဉ်ကို အထောက်အကူပြုနိုင်ခြင်း။ |
# | Title | / Total Download |
---|