Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးလက်ရေပေးရေးစီမံကိန်းများ

စီမံကိန်း
မြစိမ်းရောင်ကျေးရွာ စီမံကိန်း
ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း
ကျေးလက်မီးလင်းရေးလုပ်ငန်း
လူထုဗဟိုပြု စီမံကိန်း
အနောက်ပိုင်းဒေသများစိုက်ပျိုးစီးပွားဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း
တုံ့ပြန်နိုင်စွမ်းအားကောင်းသောလူထုဖွံ့ဖြိုးရေးစီမံကိန်း
ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း
ကျေးလက်ရေပေးရေးစီမံကိန်းများ
ကျေးလက်ကုန်ထုတ်လမ်းတံတား
ကျေးလက်စီးပွားမြင့်မား‌ရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းစီမံကိန်း
ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း
Cash for Work (လုပ်အားခပေး ဖွံ့ဖြိုးရေး) စီမံကိန်း
အရှေ့အာရှ ဆင်းရဲမှုလျော့ချရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုစံပြစီမံကိန်း
အသက်မွေးဝမ်းကျောင်းအထောက်အကူပြုသင်တန်းများဖွင့်လှစ်ခြင်း

မျှော်မှန်းချက်

မဟာဗျူဟာ၏ မျှော်မှန်းချက်ပန်းတိုင်များမှာ တန်းတူညီမျှရှိသော၊ ထိရောက် အကျိုးရှိသော သောက်သုံးရေရရှိရေး၊ ပတ်ဝန်းကျင်နှင့် တစ်ကိုယ်ရေ သန့်ရှင်းရေးဆိုင်ရာ ဝန်ဆောင်မှုများကို ဖော်ထုတ်ချမှတ် ဆောင်ရွက်ခြင်းဖြင့် ၂၀၃၀ ခုနှစ်တွင် ကျေးလက်နေ ပြည်သူများအားလုံး၏ လူမှု စီးပွားဘဝ ပိုမိုတိုးတက်လာစေရန် ဖြစ်ပါသည်။

ကျေးလက်ရေရှိရေး ဆောင်ရွက်ချက်များ

၂၀၀၀ ပြည့်နှစ်မှ ၂၀၁၁ ခုနှစ်အထိ

ကျေးလက်ရေရရှိရေးလုပ်ငန်းများအား စည်ပင်သာယာရေးဦးစီးဌာန လက်ထက် ၁၉၉၉-၂၀၀၀ ခုနှစ်မှ စတင်၍ ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်အထိ ကျေးလက်ရေရရှိရေး (၁၀)နှစ် စီမံကိန်းဖြင့် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ကျေးလက်ရေရရှိရေး ကျေးရွာပေါင်း (၂၇၄၂၄)ရွာတွင် လုပ်ငန်းပေါင်း(၃၈၅၇၉)ခု ဆောင်ရွက်ပေးခဲ့ပါသဖြင့်  ကျေးလက်ဒေသရှိ ရေရှားပါးသော ကျေးရွာများ အား အကျိုးဖြစ်ထွန်းခဲ့ပါသည်။

၂၀၁၂ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ

၂၀၁၂ ခုနှစ် ဇွန်လတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအဖြစ် ဖွဲ့စည်း၍ ကျေးလက် ရေရရှိရေးလုပ်ငန်းများကို ပင်မဌာနအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။ ၂၀၁၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ ကျေးလက်ဒေသများ၌ သန့်ရှင်းသော သောက်သုံးရေရရှိမှုမှာ (၆၁%)ရှိခဲ့ပြီး ၂၀၁၁-၂၀၁၂ မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်အထိ (၅)နှစ်တာ ကာလအတွင်း ကျေးရွာပေါင်း (၄၀၀၂၉)ရွာတွင် ကျေးလက်ရေရရှိရေးလုပ်ငန်းပါင်း (၄၇၈၅၉) ခု ဆောင်ရွက်ပေးခဲ့သဖြင့် ကျေးလက်ဒေသရှိ ရေရှားပါးသော ကျေးရွာများအား ရေဖူလုံမှုရရှိအောင် ဆောင်ရွက်ပေးသည့်အပြင် ပိုမိုကောင်းမွန်သော ရေပေးရေးဝန်ဆောင်မှုများ အထူးသဖြင့် ရေမီတာ တပ်အိမ်တိုင်ရာရောက် ပိုက်လိုင်း စနစ်နှင့် ရေသန့်စင်စနစ်များ အသုံးပြုနိုင်ခဲ့ပါသည်။

၂၀၁၅ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ

၂၀၁၅ခုနှစ်၊ မေလ မှစတင်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၊ အခြားဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ ယူနီဆက်အပါအဝင် အခြားဖွံ့ဖြိုးရေး မိတ်ဖက်အဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များပါဝင်သော လုပ်ငန်းအဖွဲ့ (Task Force) ​ဖွဲ့စည်း၍ ကျေးလက် ရေရရှိရေး မဟာဗျူဟာနှင့် ရင်းနှီးမြှုပ်နှံမှု အစီအစဉ်များကို ရေးဆွဲပြုစုခဲ့ပြီး တနိုင်ငံလုံး လူထု ဆွေးနွေးပွဲများ ကျင်းပ၍ ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ကျေးလက်ရေရရှိရေး၊ မိလ္လာစနစ်နှင့် ပတ်၀န်းကျင်သန့်ရှင်းမှု အတွက် ပထမအကြိမ် အမျိုးသားအဆင့် မဟာဗျူဟာနှင့် ရင်းနှီးမြှုပ်နှံမှု အစီအစဉ်(၂၀၁၆-၂၀၃၀)ကိုအရေးပါသောမှတ်တိုင်တစ်ခုအဖြစ် စတင်မိတ်ဆက် ဆောင်ရွက်ခဲ့ပါသည်။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်ရေရရှိရေး မဟာဗျူဟာနှင့် အညီ အရှိန်အဟုန်မြင့် ဆောင်ရွက်ခဲ့ရာ ၂၀၁၉ ခုနှစ် ကြားဖြတ် သန်းခေါင်စာရင်းအချက်အလက်များ အရ ပိုက်လိုင်းစနစ်(၁၈%)၊ ရေတွင်း နှင့် အကာအရံရှိလက်တူးတွင်းမှ ရေရယူမှု(၄၇%)၊ ရေသန့်စင် စနစ် (၈%)နှင့် မိုးရေလှောင်ကန်နှင့် စိမ့်စမ်းများအပါအဝင် ကျေးလက်ဒေသများတွင် ကောင်းမွန်ပြီး အကာအကွယ်ရှိ ရေပေးရေးစနစ်များမှ ရေရရှိရေးလွှမ်းခြုံမှု(၇၇%)ထိ တိုးတက်ဆောင်ရွက်နိုင်ခဲ့ပါ သည်။

၂၀၁၉ ခုနှစ်မှ  ယခုအထိ

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ မှ ၂ဝ၂၃-၂၀၂၄ ခု၊ ဘဏ္ဍာရေးနှစ် အထိ (၅)နှစ်တာကာလအတွင်း ကျေးရွာပေါင်း (၁၃၉၃၁)ရွာတွင် ကျေးလက်ရေရရှိရေး လုပ်ငန်းပေါင်း (၁၅၁၃၁)ခုကို မူလခွင့်ပြုရန်ပုံငွေ၊ မွမ်းမံရန်ပုံငွေ၊ နိုင်ငံတော်ထောက်ပံ့ ရန်ပုံငွေ(ယူနီဆက်ပူးပေါင်း)နှင့် အပူပိုင်းဇုံရေရရှိရေးစီမံကိန်း၊ တိုင်းဒေသကြီး/ ပြည်နယ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ပေးနိုင်ခဲ့ ပါသည်။

၂၀၂၄-၂၀၂၅ ခု၊ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုလျာထားရန်ပုံငွေနှင့် တိုင်းဒေသကြီး/ပြည်နယ် လျာထားရန်ပုံငွေဖြင့် အောက်ပါအတိုင်း ဆောင်ရွက်မည် ဖြစ်ပါသည်-

၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုလျာထားရန်ပုံငွေဖြင့် ဆောင်ရွက်ရန် လျာထားသည့် ကျေးလက်ရေရရှိရေးလုပ်ငန်းစာရင်း

တိုင်းဒေသကြီး/ ပြည်နယ်

မြို့နယ်ပေါင်း

ကျေး ရွာ ပေါင်း

အိမ် ခြေ

လူဦး ရေ

ဆောင်ရွက်မည့်လုပ်ငန်း

မှတ် ချက်

တွင်းတိမ်

တွင်းနက်

လက်တူးတွင်း

မြေသားရေကန်

စိမ့်စမ်း

ရေစု ကန်

အိမ်သွယ်ရေတိုင်

ရေသန့်စင်စနစ်

ရေစင်တည်ဆောက်ခြင်း

ပိုက်လိုင်းသွယ်တန်းခြင်း

အ ခြား

လုပ်ငန်းပေါင်း

တိုင်းဒေသကြီးနှင့် ပြည်နယ်((၁၇)ခု

၁၄၉

၄၃၀

၈၃၈၈၁

၃၈၆၄၃၆

၄၀

၁၁၆

၁၈

၇၂

၃၉

၁၂

၄၁

၃၆

၂၃

၇၄

၄၇၉

 

 

၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ်အတွင်း တိုင်းဒေသကြီး/ပြည်နယ်လျာထားရန်ပုံငွေဖြင့် ဆောင်ရွက်ရန် လျာထားသည့် ကျေးလက်ရေရရှိရေးလုပ်ငန်းစာရင်း

တိုင်းဒေသကြီး/ ပြည်နယ်

မြို့နယ်ပေါင်း

ကျေးရွာ ပေါင်း

အိမ်ခြေ

လူဦး ရေ

ဆောင်ရွက်မည့်လုပ်ငန်း

မှတ် ချက်

တွင်းတိမ်

တွင်းနက်

လက်တူးတွင်း

မြေသားရေကန်

စိမ့်စမ်း

ရေစု ကန်

အိမ်သွယ်ရေတိုင်

ရေသန့်စင်စနစ်

ရေစင်တည်ဆောက်ခြင်း

ပိုက်လိုင်းသွယ်တန်းခြင်း

အ ခြား

လုပ်ငန်း ပေါင်း

တိုင်းဒေသကြီးနှင့် ပြည်နယ်((၁၇)ခု

၁၃၇

၃၈၀

 

 

၄၆

၂၈

၁၅

၉၈

၆၃

၂၀

၂၁

၁၁

၁၄

၉၅

၄၁၉

 

တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတွင် သန့်ရှင်းသော သောက်သုံးရေ ပိုမိုတိုးတက်ရရှိရေး ဆက်လက် ကြိုးပမ်း ဆောင်ရွက်သွားရမည် ဖြစ်သည့်အပြင် ၂၀၃၀ ပြည့်နှစ်တွင် ကျေးလက်နေ ပြည်သူများ အားလုံး ကောင်းမွန်၍ ဘေးကင်းသော သောက်သုံးရေ ဝန်ဆောင်မှုများ ရရှိသုံးစွဲနိုင်ရန် ရည်မှန်းချက်အား ပြည့်မီနိုင်ရေး သက်ဆိုင်သူများ၊ ဌာနဆိုင်ရာများ နှင့် အတူလက်တွဲ၍ ကြိုးပမ်း ဆောင်ရွက်သွားရမည် ဖြစ်ပါသည်။

အိမ်သွယ်ရေတိုင်စနစ်

          သန့်ရှင်း၍ဘေးကင်းသော သောက်သုံးရေ ၀န်ဆောင်မှု ဆိုသည်မှာ ကောင်းမွန်သော ရေအရင်း အမြစ်များမှ သောက်သုံးရေ ရရှိသောက်သုံးခြင်းဖြစ်ပြီး ထိုရေအရင်းအမြစ်များသည် မိမိအိမ်၀င်းအတွင်း တည်ရှိပြီး  လိုအပ်သည့်အချိန်တိုင်း ရေရရှိသည့်အပြင် အီးကိုလိုင်းပိုးမွား ကင်းစင်ရမည် ဖြစ်ပါသည်။ အိမ်သွယ်ရေတိုင်စနစ်သည် ရေလေလွင့်မှုများ လျော့ချရန်နှင့် ကောင်းမွန်သော ရေစီမံခန့်ခွဲမှုဖြစ်စေရေး၊ ကုန်ကျစရိတ် ကာမိသော ရေခွန်ရေခကောက်ယူပြီး လိုအပ်သော ပြင်ဆင်ထိန်းသိမ်းရေး ဆောင်ရွက်ရန် အတွက် ရေမီတာစနစ်ဖြင့် ရေပေးဝေခြင်း နည်းလမ်းဖြစ်ပါသည်။ နိုင်ငံတော်ဘဏ္ဍာငွေတစ်ခုတည်း မဟုတ်ဘဲ ပြည်သူထည့်ဝင်ငွေ အချိုးကျ ပါဝင်ပြီး ပြည်သူကိုယ်တိုင် စီမံခန့်ခွဲရသော စနစ်တစ်ခု ဖြစ်ပါ သည်။  

ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် အိမ်သွယ်ရေတိုင်စနစ်ကို အခြားအဖွဲ့အစည်း များ(ဥပမာ-ယူနီဆက်)တို့ အကူအညီကို ရယူ၍ ပြည်သူလူထုကိုယ်တိုင် ဦးဆောင်အကောင်အထည် ဖော်ဆောင်ရွက်ခြင်းနှင့် မိမိအိမ်ခြံဝင်းအတွင်းသို့ ရေမီတာတပ်ဆင်ရန်နှင့် ပိုက်လိုင်းသွယ်တန်း၍ ရေရရှိစေရေးအတွက် ကိုယ်ထူကိုယ်ထစနစ်ဖြင့် ကျေးလက်ရေရှိရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါ သည်။ ထိုသို့ ဆောင်ရွက်ခဲ့မှုအပေါ် အကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အထိ ပြည်နယ်နဲ့တိုင်းဒေသကြီး (၁၇)ခု၊ မြို့နယ်ပေါင်း (၂၄၇)မြို့နယ်၊ ကျေးရွာပေါင်း (၄၅၇၉)ရွာ၊ အိမ်ခြေ (၇၇၆၆၈၆)အိမ်နှင့် လူဦးရေ (၃၈၁၃၁၀၀)ဦးတို့အတွက် အိမ်တိုင်ရေသွယ်စနစ်ကို အောင်မြင်စွာ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဖြစ်ပါသည်။

ရေသန့်စင်စနစ်

          သန့်ရှင်းပြီး အရည်အသွေးပြည့်ဝသည့်ရေနှင့် မိလ္လာစနစ်ကို မရရှိခြင်းသည် မြို့ပြဒေသ များထက် ဆင်းရဲနွမ်းပါးမှု မြင့်မားနေသည့် ကျေးလက်ဒေသများတွင် ပိုမိုများပြားလာပါသည်။ ကျေးလက်ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများအတွက် သန့်ရှင်း၍ ဘေးကင်းသော သောက်သုံးရေရရှိရေး စီမံချက်ရေးဆွဲပြီး ရေသန့်စင်စနစ်ကို အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။ မသန့်ရှင်းသော မြေပေါ်ရေအရင်းအမြစ်များကို မှီခိုနေရသော ကျေးလက်နေပြည်သူများအတွက် ခေတ်မှီနည်းစနစ်များ အသုံးပြုပြီး ပြည်သူကိုယ်တိုင်စီမံခန့်ခွဲနိုင် သော ကုန်ကျစရိတ် ကာမိသည့် ရေသန့်စင်စနစ် ဆောင်ရွက်ပြီး ရေကော်မတီသို့ လွှဲပြောင်းကာ ရေဘိုး/ရေခ ကောက်ခံ၍ လည်ပတ် ထိန်းသိမ်းနိုင်ရေး ဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ ဆောင်ရွက်ခဲ့ခြင်းအပေါ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ၂၀၁၇-၂၀၁၈ မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အထိ ပြည်နယ်နဲ့တိုင်းဒေသကြီး (၁၆) ခု၊ ကျေးရွာပေါင်း (၁၀၀၄) ရွာ၊ အိမ်ခြေ (၁၅၈၆၃၅) အိမ်နှင့် လူဦးရေ (၇၀၇၄၄၉) ဦးတို့အတွက် ရေသန့်စင်စနစ် ကို အောင်မြင်စွာ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဖြစ်ပါသည်။

 

ကျေးရွာစုပေါင်းရေပေးရေးစနစ်

          ကောင်းမွန်သော ရေအရင်းအမြစ်မရရှိခြင်း၊  သောက်သုံးရန် မသင့်တော်ခြင်း၊ နွေရာသီ ရေရှားပါး ခြင်း စသည့်အကြောင်းအရင်းများကြောင့် သောက်သုံးရေ ရှားပါးနေသော ကျေးရွာများအား သန့်ရှင်း သော သောက်သုံးရေရှိစေရေးအတွက် ရေအရင်းအမြစ်ရရှိသော နေရာများမှ ရေအား ပိုက်လိုင်းစနစ်ဖြင့်  အထက်ပါကျေးရွာများသို့ ပေးဝေသည့်  စုပေါင်းရေပေးရေးစနစ်ကို စတင် အကောင်အထည်ဖော်ဆောင် ရွက်ခဲ့ပါသည်။ ကျေးလက်ဖွံ့ဖြိုးတက်ရေးဦးစီးဌာနမှ ရေအလေအလွင့် ဆုံးရှုံးမှု လျော့နည်းစေရန်၊ လျှပ်စစ်ဓါတ်အားသုံးစွဲမှု ကုန်ကျစရိတ်နှင့် ရေမီတာ အခွန်အခ ကောက်ခံ ရရှိမှု ကာမိစေရန်နှင့် ကျေးရွာများ သောက်သုံးရေ ပြတ်လပ်မှုမရှိစေရေး ရည်ရွယ်ချက်များဖြင့် ကျေးရွာစုပေါင်းရေပေးရေး စနစ်ကို နှစ်စဉ် ဆောင်ရွက်ပေးလျက်ရှိရာ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်း၊ မန္တလေးတိုင်း၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်(တ+မ+ရ) နှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် စုပေါင်းရေပေးရေးစနစ်(၅၇)ခုဖြင့် ကျေးရွာပေါင်း (၃၃၅)ရွာ၊ အိမ်ခြေ (၄၈၇၂၀)အိမ်နှင့် (၂၄၆၀၃၀)ဦးတို့၏ လူမှုစီးပွားဘဝ အကျိုးဖြစ်ထွန်းအောင် ဆောင်ရွက် ပေးနိုင်ခဲ့ပြီး ဖြစ်ပါသည်။

 

ဆိုလာရေတင်စနစ်

          ကျေးလက်ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရေပေးရေးစနစ်အမျိုးမျိုး၌ ရေတင်ပန့်များ၊ ရေတွန်းပန့်များအား လျှပ်စစ်မီး၊ ဒီဇယ်ဆီသုံးအင်ဂျင်နှင့် မောင်းနှင်သည့် မီးစက်များကို အဓိကထား၍ အသုံးပြုကြ၍ ရေတင်ပေးရပါသည်။ ထိုသို့ ရေတင်ခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် မီးအားပြည့်မီအောင် စောင့်ဆိုင်းရခြင်း၊ မီးပြတ်တောက်မှုကြောင့် ရေတင်မရခြင်း၊ ဒီဇယ်ဆီ ဈေးနှုန်းမြှင့်တက်မှုကြောင့် ကုန်ကျစရိတ်များပြားခြင်း၊ အင်ဂျင်နှင့် မီးစက်များ ထိန်းသိမ်းပြုပြင်နေရသဖြင့် ရေတင်မရခြင်းများ လျော့နည်းစေရန်အတွက် ထိန်းသိမ်း မောင်းနှင်ရ လွယ်ကူပြီး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သည့် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာရေတင်စနစ်ကို ပြောင်းလဲအသုံးပြုနိုင်ရန် ရည်ရွယ်ချက်ဖြင့် ကျေးလက်ဖွံ့ဖြိုးတက်ရေးဦးစီးဌာနမှ စတင်အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

          ၂၀၁၂-၂၀၁၃ ခု၊ ဘဏ္ဍာရေးနှစ်မှ ၂၀၂၃-၂၀၂၄ ခု၊ ဘဏ္ဍာရေးနှစ်အထိ ဆိုလာစနစ်သုံး သောက်သုံးရေရရှိရေးလုပ်ငန်းပေါင်း ၄၇၇ ခုအား ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ ၂၀၂၄-၂၀၂၅ ခု၊ ဘဏ္ဍာရေးနှစ်တွင် နေပြည်တော်၊ ကချင်၊ ကရင်၊ စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ မွန်၊ ရှမ်း(တ+ရ) နှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် ဆိုလာစနစ်သုံးသောက်သုံးရေရရှိရေးလုပ်ငန်းပေါင်း ၅၄ ခုအား ဆောင်ရွက်ပေးလျက် ရှိပါသည်။

       

မြေအောက်ရေပြန်လည်ဖြည့်တင်းဖို့ Check Dam များကို ဆောင်ရွက်ကြပါစို့

သက်ရှိများအတွက် ရေဟာ အသက်တမျှတန်ဖိုးရှိလှပါတယ်။ ရေလို့ပြောလိုက်တဲ့နေရာမှာ ကမ္ဘာပေါ်မှာ ရေချိုနဲ့ ရေငံ ရှိပါတယ်။ ရေငံကိုတော့ လူတွေအတွက် အနည်းငယ်သာ အသုံးချနိုင် တယ် ဆိုသော်လည်း စီးပွားရေးအဖြစ် ကုန်စည်များ သယ်ပို့ရာမှာတော့ ရေဟာ အသုံးဝင်နေတာ တွေ့ရပါတယ်။ ကမ္ဘာ့ရေထုရဲ့ ၉၇ % ဟာ ရေငံတွေလို့မှတ်သားရပါတယ်။ ရေချိုအနေနဲ့ ၃% ခန့်သာရှိကြောင်း လေ့လာခဲ့ဖူးပါတယ်။ ဒီရေချိုပမာဏထဲမှာ ၁.၉၇% ဟာ ရေခဲတောင်တွေ၊ ရေခဲမြစ်တွေရဲ့ ပမာဏဖြစ်ပြီး ၀.၅% ကတော့ မြေအောက်ရေနဲ့ ၀.၃% ကျော်ကတော့ မြစ်ချောင်း၊ အင်းအိုင်များ၊ ရေကန်များမှာရှိတဲ့ ရေပမာဏဘဲ ဖြစ်တယ်လို့မှတ်သားခဲ့ဖူပါတယ်။

          သက်ရှိများနေ့စဉ်အသုံးပြုနေတဲ့ ရေဟာ ရေချိုတွေသာ ဖြစ်ကြပါတယ်။ အလွန်နည်းပါးတဲ့ ရေချိုတွေကို လူသားတွေအနေနဲ့ မရှိမဖြစ် အသုံးပြုနေကြ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ လူဦးရေ တိုးပွားလာတဲ့အမျှ အလွန်နည်းပါးလှတဲ့ ရေချိုကို ထုတ်ယူသုံးစွဲနေကြတာကို လေ့လာကြည့်ရင် နောင်တချိန်မှာ ရေချိုပြဿနာဟာ ပိုမိုကြီးထွားလာမှာ ဖြစ်ပါတယ်။ ကမ္ဘာ့လူဦးရေ တိုးတက်လာ တဲ့အတွက် ရေလိုအပ်မှုဟာလဲ တဖြည်းဖြည်း မြင့်တက်လာမှာ ဖြစ်ပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂရဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အစီအစဉ်ရဲ့ လေ့လာဆန်းစစ်ချက်များအရ  ၂၀၃၀ ပြည့်နှစ် ရောက်ရင် ကမ္ဘာ့လူဦးရေရဲ့ သန်း ၁၀၀၀  ကျော်ဟာ သောက်သုံးရေမရရှိမှုနဲ့ သန်း ၃၄၀၀ ခန့် ဟာ ရေချိုရရှိမှု မပြည့်ဝမှုတွေနဲ့ ခြိမ်းခြောက်ခံ ရနိုင်တယ်လို့ ဖော်ပြခဲ့တာကို လေ့လာမှတ်သားခဲ့ ဖူးပါတယ်။

          ကမ္ဘာ့ရေထုပမာဏရဲ့ ၃% ခန့်သာရှိသော ရေချိုတွေကို ထုတ်ယူသုံးစွဲနေကြတာဖြစ်လို့ ရေချိုသယံဇာတကို မဖြုန်းတီးဘဲ ထိန်းသိမ်းကာကွယ်သင့်ပါတယ်။ ထုထည်ကြီးမားလှတဲ့ ရေငံ တွေဟာ ပင်လယ်သမုဒ္ဒရာကြီးဘဲ ဖြစ်ပါတယ်။ ဒီရေငံထုကြီးဟာလဲ သက်ရှိတွေ သောက်သုံးရန် အတွက် တိုက်ရိုက်အသုံးဝင်တာ နည်းပါးပေမယ့် ရေချိုသယံဇာတကို ပြန်လည်ဖြည့်တင်းဖို့ အတွက်တော့ အကျိုးရှိပါတယ်။ ပင်လယ်သမုဒ္ဒရာကြီးထဲက ရေတွေ ရေငွေ့ပျံခြင်းဟာ သက်ရှိတွေ အတွက် လိုအပ်တဲ့ ရေချိုပမာဏကို အဓိကဖြစ်ပေါ်စေပါတယ်။ ပင်လယ်သမုဒ္ဒရာကြီးထဲက ရေတွေ ဟာ ရေငွေ့ပျံပြီး မိုးရွာချတဲ့အခါမှာ ၈၀% ခန့်ကတော့ ကျယ်ပြောလှတဲ့ သမုဒ္ဒရာထဲကိုဘဲ မိုးရွာချပြီး ကျန်တဲ့ ၂၀% ခန့်ကတော့ ကုန်းမြေပေါ်မှာ မိုးအဖြစ်ရွာချတယ်လို့ ဆိုကြပါတယ်။ ကုန်းမြေပေါ်မှာ ရွာချလိုက်တဲ့ မိုးရေများဟာ ရေချိုသယံဇာတကို ပြန်လည်ရရှိစေတာ ဖြစ်ပါတယ်။ ဒီရေချိုတွေ ဟာလဲ ပင်လယ်ထဲကို ပြန်လည်စီးဝင်တာရှိသလို မြေအောက်ရေအဖြစ် မြေကြီးထဲစိမ့်ဝင်သွားတာ တွေလဲ ရှိပါတယ်။ ဒီမြေအောက်ရေကိုလည်း ပြန်လည်ထုတ်ယူအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

          မြေအောက်ရေကို ဆင်ခြင်တုံတရားမဲ့စွာ ထုတ်ယူသုံးစွဲနေမယ်ဆိုရင် မြေအောက်ရေ သယံဇာတဆုံးရှုံးကာ တဖြည်းဖြည်းနဲ့ မြေအောက်ရေလွှာဟာ ခမ်းခြောက်သွားနိုင်ပါတယ်။ ဒီအတွက် ရေအရင်းအမြစ်ထိန်းသိမ်းဖို့ အရေးကြီးသလို ရေချိုသုံးစွဲမှုကိုလည်း လိုအပ်တာထက် ပိုထုတ်မသုံးဖို့ အရေးကြီးလှပါတယ်။

          မြေအောက်ရေပြန်လည်ဖြည့်တင်းဖို့အတွက် ဆောင်ရွက်ခဲ့တဲ့ အတွေ့အကြုံလေးတစ်ခုကို တင်ပြလိုပါတယ်။ မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန နဲ့ ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းဆောင်ရွက်တဲ့ လူထုဗဟိုပြုစီမံကိန်းလုပ်ငန်းတွေကို ကွင်းဆင်း ဆောင်ရွက်ခဲ့ပါတယ်။ ပေါင်မြို့နယ်၊ ကျုံကကျေးရွာအုပ်စုအတွင်း လူထုဗဟိုပြုစီမံကိန်း (CDD Project) လုပ်ငန်းတွေ ကြည့်ရှုရင်းနဲ့ ှ တာဝန်ရှိသူတွေနဲ့ ကရင်စုကျေးရွာကော်မတီဝင်တွေနဲ့ တွေ့ဆုံပြီး ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ဆွေးနွေးဖြစ်ခဲ့ကြပါတယ်။ ကျေးရွာဖွံ့ဖြိုးရေးနဲ့ ပြည်သူလူထုစီးပွားရေးဝင်ငွေတိုးလုပ်ငန်းကိစ္စတွေ အဓိကထား ဆွေးနွေးကြပါတယ်။ အားလုံးစုဖွဲ့ ဆွေးနွေးနေစဉ်မှာဘဲ ကော်မတီဝင်မဟုတ်တဲ့ အသက် ၅၀ ခန့်ရှိ ကျေးရွာသား ၁ ဦးက ကျေးရွာ အနေနဲ့ မိုးရာသီကုန်ရင် ဒီဇင်ဘာလခန့်ကစပြီး သောက်သုံးရေခက်ခဲကြောင်း၊ သောက်သုံးရေ အတွက် ကျေးလက်မှ ဆောင်ရွက်ပေးစေလိုကြောင်း ဆွေးနွေးပါတော့တယ်။ ဒါနဲ့ မြို့နယ် ကျေးလက်ဦးစီးမှူးကို လှမ်းကြည့်ပြီး ဆွေးနွေးဖို့ ပြောတဲ့အခါမှာ ကျေးလက်ဦးစီးမှူးက ကျုံက ချောင်းအနီးရှိ ကရင်စုကျေးရွာပိုင် စမ်းတွင်း ၁ တွင်း ရှိကြောင်း၊ နွေရာသီတွင် ပေါင်မြို့နယ်အတွင်း ကျေးရွာတွေ ရေရှားပါးတဲ့အခါ အဆိုပါစမ်းတွင်းမှ ရေကိုရယူပြီး ကျန်တဲ့ကျေးရွာတွေကို မော်တော် ယာဉ်ဖြင့် ရေပေးဝေလျက်ရှိကြောင်း၊ ဒီရွာအနေနဲ့ ရေမရှားပါကြောင်း ဆွေးနွေးခဲ့ပါတယ်။

          မြို့နယ်ကျေးလက်ဦးစီးမှူး ဆွေးနွေးပြီးတဲ့အခါမှာတော့ ရေခက်ခဲကြောင်းပြောကြားတဲ့ ကျေးရွာပြည်သူက ဆက်လက်ဆွေးနွေးခဲ့ပါတယ်။ ကရင်စုကျေးရွာအနေနဲ့ အိမ်ခြေ (၂၀၀) ခန့်ရှိ ကြောင်း အများစုမှာ ကိုယ်ပိုင်နဲ့ မိသားစုပိုင် လက်တူးတွင်းများကို အသုံးပြုကြကြောင်း၊ တွင်းတိမ် ၂ တွင်းနဲ့ လက်တူးတွင်း ၁၀၀ ကျော်ရှိကြောင်း၊ နွေရာသီရောက်ရင် လက်တူးတွင်းများ ရေခမ်းခြောက်ကြောင်း ထက်ဝက်ကျော်မှာ ရေလုံးဝမထွက်တော့ဘဲ အချို့လက်တူးတွင်းသာ ရေ ခပ်ယူနိုင်ကြောင်း၊ ကျေးရွာမိသားစုများ မျှယူသုံးစွဲကြကြောင်း ပြောကြားပါတယ်။ ဆက်လက်ပြီး ပြောကြားတာကတော့ ရွာထိပ်ရှိ မော်လမြိုင်- သထုံ မော်တော်ကား လမ်းမကြီးပေါ်တွင် တံတား ၁ စင်းရှိကြောင်း၊ အဆိုပါတံတားမှာ ကျုံကချောင်းပေါ်က တံတားဖြစ်ကြောင်း၊ ကျုံကချောင်းဟာ တောင်ပေါ်ရှိ သပိတ်အိုင်ဆရာတော် တရားကျင့်ခဲ့တဲ့ တောရကျောင်းအနီးမှစတင်ကြောင်း၊ မိုးရာသီ ဆိုလျှင် ချောင်းရေဟာ မပြတ်စီးဆင်းကြောင်း၊ နွေအခါမှာတော့ ချောင်းထဲမှာ ရေမရှိတော့ကြောင်း ဒါကြောင့် မိုးရာသီနောက်ပိုင်းကျရင် ကျေးရွာအနေနဲ့ တံတားထိပ်နားမှာ မြေသားတမံ ပြုလုပ်ကာ ရေကာထားကြောင်း အဲ့ဒီရေတားတမံထဲ ရေရှိနေရင် ကျေးရွာက လက်တူးတွင်းတွေ ရေမခမ်း ကြောင်း၊ ဒါကြောင့် ယခင်ကတော့ နှစ်စဉ်ဆောင်ရွက်ကြကြောင်း၊ မိုးဦးကျရင်တော့ မြေသား ရေတားတမံလေးဟာ ရေစီးနဲ့ ပါသွားကြောင်း၊ အခုတော့ ချောင်းက ကျယ်လာသလို ဘက်ဖိုးငှား လုပ်ရတော့ ကုန်ကျစရိတ်တွေကလည်း ရှိလာတော့ ကျေးရွာအနေနဲ့ ရေတားတမံမလုပ်နိုင် ကြကြောင်း၊ အဲ့ဒီတမံ မလုပ်နိုင်တော့တဲ့ အခု ၃ နှစ်အတွင်းမှာ နွေအခါ ရေခက်ခဲလို့ တင်ပြ ဆွေးနွေးရခြင်းဖြစ်ပါကြောင်း အကျယ်တဝင့် ရှင်းလင်းပြောကြားလာပါတယ်။

          အဲ့ဒီနေ့မှာဘဲ လူထုဗဟိုပြုစီမံကိန်းကော်မတီဝင်များ၊ တင်ပြသူကျေးရွာသားနှင့်အတူ ယခင်က ကျေးရွာက ဆောင်ရွက်ခဲ့တဲ့ မြေသားတမံမြေနေရာကို ကွင်းဆင်းကြည့်ရင်း ချောင်းရေ စီးဆင်းရာ အနီးအနားမှာ ကျောက်ထုတ်နေတဲ့ လုပ်ကွက် ၂ ကွက်ရယ် တောင်ပေါ်ရှိ သပိတ်အိုင် တောရကျောင်းနဲ့ အေးရိပ်သာ တောရကျောင်းတို့အထိ မြေပြင်အခြေအနေကို ကွင်းဆင်းလေ့လာခဲ့ပါတယ်။ တောတောင်တလျောက် သဘာဝကျောက်တုံးတွေ တွေ့ရှိရပြီး ဒီကျောက်တုံးတွေနဲ့ ရေတားတမံလုပ်ရင်ကောင်းမှာဘဲလို့ အတွေးဝင်လာခဲ့ပါတယ်။

          မွန်ပြည်နယ်မှာတော့ နှစ်စဉ် မိုးရေချိန် လက်မ (၂၀၀) ခန့်အထိ မိုးရွာ သွန်းလေ့ရှိပါတယ်။ မိုးတွင်းကာလမှာတော့ မိုးရေများနဲ့အတူ တူးဖော်ထားတဲ့ စက်ရေတွင်းများနှင့် လက်တူးတွင်းများ ဟာ ရေထိပ်နီးကြပါတယ်။ စက်ရေတွင်းတွေရဲ့ အနက်ပေဟာ ၁၀၀-၁၂၀ ခန့် တူးဖော်ထားပြီး မော်တာနှင့် ကွန်ပရက်ဆာ တပ်ဆင်အသုံးပြုကြကာ ရေထိပ်အနေနဲ့ ၁၀' ခန့် ရှိကြပါတယ်။ လက်တူးတွင်းတွေကတော့ မြေပေါ်ကနေ ၃' ခန့်အထိ ရေများပြည့်နေတာကို တွေ့ရပါတယ်။ ဒါပေမယ့် မိုးရာသီကာလကုန် ဒီဇင်ဘာလနောက်ပိုင်းဆိုရင် စက်ရေတွင်းများရဲ့ ရေထိပ်ဟာ ၆၀' ခန့်အထိ ကျဆင်းသွားပြီး တွင်းအနက်ပေ ၁၀၀ ခန့်သာ တူးဖော်ထားတဲ့ တွင်းတွေဆိုရင် လေမှုတ်စက်ကနေ ရေတင်ရာမှာ ရေထွက်နှုန်းနည်းသွားတာကို တွေ့ရပါတယ်။ လက်တူးတွင်းတွေ ဟာလည်း ပေ ၂၀ တူးထားတဲ့ လက်တူးတွင်းတွေဆို လုံးဝရေမထွက်ဘဲ ခမ်းခြောက်သွားတတ်ပါ တယ်။ လေမှုတ်စက်နဲ့ ရေတင်ရာမှာ လေပိုက် ရေထဲမှာ နစ်မြှုပ်ရမဲ့ အချိုး(submergence ratio) မကိုက်တော့လို့ ရေမထွက်တာ၊ ရေထွက်နည်းတာတွေ ဖြစ်ပါတယ်။

          မြန်မာနိုင်ငံတောင်ပိုင်းမှာရှိတဲ့  မွန်၊ ကရင်၊ တနင်္သာရီဒေသတွေဟာ မြန်မာနိုင်ငံမြောက်ပိုင်း မှာရှိတဲ့ ဒေသတွေနဲ့ နှိုင်းယှဉ်ရင် မုတ်သုန်လေ စောစောဝင်ရောက်တတ်ပြီး မုတ်သုန်လေအထွက်မှာ နောက်ကျတတ်တာမို့ မိုးရာသီကာလဟာ ပိုကြာတာတွေ့ရပါတယ်။ တွင်းတိမ်နဲ့ လက်တူးတွင်းတွေ မြေသားရေကန်တွေ အဓိကထားရေရယူနေကြလို့ မိုးရာသီနဲ့ဆောင်းရာသီကာလတွေမှာ သောက်သုံး ရေ မခက်ခဲပေမဲ့ နွေရာသီကာလရောက်ရင် သောက်သုံးရေ အခက်အခဲတွေ ဖြစ်လာတာတွေ့ရ ပါတယ်။ နွေရာသီကာလသောက်သုံးရေခက်ခဲတဲ့ ကျေးရွာတွေကို လေ့လာချက်အရ တွင်းနက် အသုံးပြုနေတဲ့ကျေးရွာတွေထက် တွင်းတိမ်၊ လက်တူးတွင်း၊ စိမ့်စမ်းနဲ့ မြေသားရေကန် အသုံးပြု သောကျေးရွာတွေဟာ ရေခက်ခဲမှုကို ရင်ဆိုင်ရတာ လေ့လာတွေ့ရှိရပါတယ်။

          ၂၀၂၀ ခုနှစ်တွင် Covid -19 ကပ်ရောဂါကြောင့် မြန်မာနိုင်ငံရှိ ပြည်သူများ ကပ်ရောဂါနှင့် ရင်ဆိုင်နေရသလို အလုပ်အကိုင်များ မရှိတာကြောင့် ပြည်သူအများ စားဝတ်နေရေး အခက်အခဲ ဖြစ်ပေါ်နေတဲ့ကာလဖြစ်ပါတယ်။ နောက် (၂) လခန့်အကြာမှာတော့ Covid ရောဂါကြောင့် စားဝတ် နေရေးခက်ခဲနေသည့် ကျေးလက်နေပြည်သူများအား အထောက်အကူဖြစ်စေရန်အတွက် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဟာ Cash For Work စီမံကိန်းကို အကောင်အထည်ဖော်ဖို့ Pilot အနေနဲ့ စတင်လာခဲ့ပါတယ်။

          Cash For Work ရဲ့ Pilot လုပ်ငန်းကို စီမံကိန်းလမ်းညွှန်ချက်နှင့်အညီ အကောင် အထည်‌ဖော်ဆောင်ရွက်နိုင်ဖို့ ကျေးရွာတွေကို လေ့လာရပါတယ်။ ယခင် မတ်လထဲက ကွင်းဆင်း ရောက်ခဲ့တဲ့ ကရင်စုကျေးရွာ ရေခက်ခဲမှုကို ပြန်သတိရရင်း စမ်းချောင်းတလျောက်အနီးမှာရှိတဲ့ ကျောက်တုံးတွေကို လူလုပ်အားနဲ့ ကောက်ယူကာ Check Dam လုပ်ပါက ကျေးရွာရှိ လက်တူး တွင်းတွေ၊ တွင်းတိမ်တွေအတွက် အကျိုးရှိနိုင်တယ်လို့ မြင်ယောင်လာမိပါတယ်။

          ၂၀၂၀ ခုနှစ်၊ ဇွန်လ (၈) ရက်နေ့မှာတော့ ကရင်စုကျေးရွာအနီး စီးဆင်းနေတဲ့ ကျုံက စမ်းချောင်းကို အသေးစိတ်သွားရောက်လေ့လာပြီး ကျေးရွာတာဝန်ရှိသူတွေနဲ့ တွေ့ဆုံကာ Cash For Work စီမံကိန်းအကြောင်းနဲ့ Check Dam ဆောင်ရွက်မဲ့ လုပ်ငန်းတာဝန်တွေကို အသေးစိတ် ဆွေးနွေးခဲ့ပါတယ်။ ကရင်စုကျေးရွာမှာ ပြည်ပသို့ အလုပ်သွားရောက်လုပ်ကိုင်နေပြီး Covid -19 ကပ်ရောဂါကြောင့် နေရပ်ပြန်လာသူ (၁၅) ဦးရှိပြီး အိမ်ထောင်စုရဲ့ ၃ ပုံ ၂ ပုံခန့်ဟာ နေ့စားလုပ်သား များဖြစ်ကြောင်း သိခဲ့ရပါတယ်။ ဒီစီမံကိန်းသာ ဆောင်ရွက်ခွင့်ရမည်ဆိုပါက စားဝတ်နေရေးအတွက် အခက်အခဲဖြစ်နေသော နေ့စားလုပ်သားများအတွက် များစွာအထောက်အကူဖြစ်မည်မှာ ကျေးရွာသူ/ ကျေးရွာသားများရဲ့ စကားသံများက သက်သေထူလျက်ရှိပါတယ်။

          မိုးရွာသွန်းခြင်း (သို့) စိမ့်တွင်းများမှ စီးဆင်းလာသော ရေများသည် ရေမြောင်းများ၊ ချောင်း ငယ်များ၊ စမ်းချောင်းများအသွင် စီးဆင်းကာ ကန်၊ မြစ်၊ ပင်လယ်အတွင်း စီးဆင်းလေ့ရှိကြပါတယ်။ ထိုသို့စီးဆင်းရာတွင် ရေ၏အလျင်ကြောင့် အရှိန်ဖြင့် စီးဆင်းလေ့ရှိပြီး မိုးရွာသွန်းပြီး ခဏအကြာ တွင် အဆိုပါ ရေမြောင်း၊ ချောင်းငယ်များတွင် ရေအနည်းငယ်သာ ကျန်ရှိပြီး အချို့မှာမူ ရေလုံးဝ မကျန်အောင် စီးဆင်းသွားကြတာကို မြင်တွေ့ရပါတယ်။ Check Dam ဆိုသည်မှာ ရေမြောင်းများ၊ ချောင်းငယ်များ၊ စမ်းချောင်းများအတွင်း စီးဆင်းနေသော ရေ၏အလျင်ကို လျော့နည်းသွားစေရန် အကာအရံအတားအဆီး ပြုလုပ်ခြင်းဖြစ်ပါတယ်။ Check Dam ကို ကျောက်တုံးများ၊ သဲ (သို့) သဲအိတ်များ၊ သစ်လုံးများ စသည်တို့ဖြင့် ဆောင်ရွက်နိုင်ပါတယ်။ Check Dam ဆောင်ရွက်ခြင်း ကြောင့် နှုံးအနယ်များ ထိုင်စေပါတယ်။

          ကျေးရွာသူ/ သားများရဲ့ စိတ်အားထက်သန်မှုနဲ့အတူ မိုးကာလရေပေါများပြီး‌ နွေကာလမှာ ရေခက်ခဲကြတဲ့ မွန်ပြည်နယ်အတွင်း နေထိုင်ကြတဲ့ ပြည်သူတွေအတွက် မြေအောက်ရေပြန် ဖြည့်တင်းတဲ့ Check Dam လုပ်ငန်းကို Pilot အဖြစ် Cash For Work စီမံကိန်းရဲ့ Pilot ကျေးရွာ အဖြစ် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါတယ်။

          Check Dam ကို အကောင်အထည်ဖော်ဆောင်ရွက်လိုသော်လည်း နိုင်ငံတော်မှ ချမှတ်ပေး ထားသော Cash For Work စီမံကိန်းဖြစ်လို့ ရေရှည်တည်တံစေရေးကိုလည်း အလေးထား ဆောင်ရွက်ခဲ့ပါတယ်။ ကျောက်တုံးများနဲ့ Check Dam ဆောင်ရွက်ဖို့ ချောင်းနဘေးရှိ ဝါးတွေနဲ့ တုတ်ရိုက်ခြင်း၊ ကျောက်တုံးများစီချစေရန် ဝါးဖြင့် ပုံဖော်ခြင်း၊ ကျောက်တုံးများ ရေစီးတွင် မပါသွား စေရန် ဝါးခတ်များဖြင့် ကာရံခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန(ရုံးချုပ်)သို့ ဆောင်ရွက်မည့် Design ပေးပို့ကာ ရုံးချုပ်မှ အကြံပြုချက်များနှင့်အတူ  Check Dam ကို ဆောင်ရွက်ခဲ့ပါတယ်။

          Cash For Work စီမံကိန်းညွှန်ကြားချက်နှင့်အညီ ချောင်းပတ်ဝန်းကျင်ရှိ ကျောက်တုံးများကို လူအားဖြင့် ကောက်ယူခြင်း၊ သယ်ယူခြင်း၊ Check Dam ပြုလုပ်ခြင်းတို့ကို ကျေးရွာလူထု လုပ်အားဖြင့် ဆောင်ရွက်ခဲ့ကြပါတယ်။ လုပ်အားခကိုလည်း ၁ ဦး/ ၁ ရက်လုပ်အားခ ၄၈၀၀ ကျပ် နှုန်းဖြင့် ကျေးရွာပြည်သူလူထု သဘောတူညီချက်ဖြင့် ပါဝင်ဆောင်ရွက်ခဲ့ကြပါတယ်။ အများအကျိုး အတွက် ဆောင်ရွက်ရာမှာ စိတ်စေတနာအကျိုးပေးတယ်ဆိုရမလားဘဲ ချောင်းအနီး ပတ်ဝန်းကျင် မှာရှိတဲ့ ကျောက်ထုတ်လုပ်ငန်းလုပ်ကိုင်နေတဲ့ လုပ်ကွက်ငယ် ၂ ခုကလဲ ချောင်းနဘေး ပတ်ဝန်းကျင် ရှိ  ကျောက်များကို လုပ်အားဖြင့် ကောက်ယူသယ်ပို့နေတာတွေ့တော့ သူတို့လုပ်ကွက်ရှိ ကျောက်ခွဲ စက်မှ ကျောက်များကို အခကြေးငွေမယူဘဲ ထော်လာဂျီယာဉ်ငယ်များဖြင့် လုပ်ငန်းဆောင်ရွက်မည့် Check Dam နေရာသို့ အရောက်ပေးပို့ ကူညီတာကို ယနေ့တိုင်တွေးမိရင် ဝမ်းသာပီတိ ဖြစ်ရ ပါတယ်။

          စီမံကိန်းခွင့်ပြုငွေကျပ် သိန်း (၁၀၀) ဖြင့် မူလက Check Dam (၅) ခုသာ ဆောင်ရွက်ရန် လျထားတွက်ချက်ခဲ့သော်လည်း Check Dam အတွက် ကျောက်တုံးများ ဆိုဒ်အရောက် ပို့ဆောင် ကူညီပေးခဲ့လို့ Check Dam ၁၂ ခုအထိ ဆောင်ရွက်နိုင်ပီး Cash For Work စီမံကိန်းရဲ့ ရည်ရွယ်ချက်အတိုင်း လုပ်အားခကို ၉၀% အထိ ပေးချေကာ ပစ္စည်းဝယ်ယူခြင်းနှင့် အထွေထွေ အသုံးစရိတ်အတွက်  ၁၀%  သုံးစွဲနိုင်ခဲ့ပါတယ်။ လုပ်အားခနှင့် ပစ္စည်းအချိုးသည် ၉၀:၁၀ အထိ Cash For Work ရဲ့ Pilot စီမံကိန်းကို အောင်မြင်ထိရောက်အောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။

          အကျိုးကျေးဇူးအနေဖြင့် ပေါင်မြို့နယ်၊ ကျုံကကျေးရွာအုပ်စု၊ ကရင်စုကျေးရွာတွင် အိမ်ခြေ (၂၀၀) ကျော်၊ လူဦးရေး(၁၃၀၀)ကျော် နေထိုင်လျက်ရှိရာ ကျောက်စီရေတားတမံ Check Dam မဆောင်ရွက်မီက နွေအခါတွင် ကျေးရွာရှိ လက်တူးတွင်းများ ရေခမ်းခြောက်ကာ ရေရှားပါးမှုဒဏ်ကို နှစ်စဉ်ခံစားခဲ့ရသော်လည်း Check Dam ဆောင်ရွက်ပြီးနောက်ပိုင်း နွေရာသီရေရှားပါးမှုဒဏ် မခံစားရတော့ပဲ ကျေးရွာရှိ လက်တူးတွင်းများနှင့် ဘေးပတ်ဝန်းကျင်ရှိ ကျေးရွာများမှ လက်တူးတွင်း များလည်း ရေခမ်းခြောက်မှုမရှိကြောင်း စသည့်အကျိုးကျေးဇူးများကို ခံစားနေကြရပြီဖြစ်ပါတယ်။

          ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်ဒေသ သန့်ရှင်းသော သောက်သုံးရေရရှိရေးအတွက် ဆောင်ရွက်ပေးလျက်ရှိရာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင် (၆) (SDG Goals 6) နှင့်အညီ ၂၀၃၀ ခုနှစ်တွင် လူသားအားလု&

စီမံကိန်းခေါင်းစဉ် စီမံကိန်းခေါင်းစဉ် ရိုက်ပါ
ထောက်ပံ့သည့်အဖွဲ့အစည်း  
ပူးပေါင်းဆောင်ရွက်သည့် အဖွဲ့အစည်း  
ကာလ  
ဆောင်ရွက်သည့်နေရာ/ အကောင်ထည့်ဖော်ဆောင်ရွက်သည့်နေရာ  
ရည်ရွယ်ချက်  
အကျိုးကျေးဇူးရရှိသူများ  
ချဉ်းကပ်သည့်ပုံစံ  
လုပ်ဆောင်ချက်များ  
အကျိုးကျေးဇူး/ရလာဒ်  
ပူးပေါင်းဆောင်ရွက်သည့် အဖွဲ့အစည်းများ၏ လိပ်စာ  
# Title / Total Download