Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးလက်မီးလင်းရေးလုပ်ငန်း

စီမံကိန်း
မြစိမ်းရောင်ကျေးရွာ စီမံကိန်း
ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း
ကျေးလက်မီးလင်းရေးလုပ်ငန်း
လူထုဗဟိုပြု စီမံကိန်း
အနောက်ပိုင်းဒေသများစိုက်ပျိုးစီးပွားဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း
တုံ့ပြန်နိုင်စွမ်းအားကောင်းသောလူထုဖွံ့ဖြိုးရေးစီမံကိန်း
ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း
ကျေးလက်ရေပေးရေးစီမံကိန်းများ
ကျေးလက်ကုန်ထုတ်လမ်းတံတား
ကျေးလက်စီးပွားမြင့်မား‌ရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းစီမံကိန်း
ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း
Cash for Work (လုပ်အားခပေး ဖွံ့ဖြိုးရေး) စီမံကိန်း
အရှေ့အာရှ ဆင်းရဲမှုလျော့ချရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုစံပြစီမံကိန်း
အသက်မွေးဝမ်းကျောင်းအထောက်အကူပြုသင်တန်းများဖွင့်လှစ်ခြင်း

ကျေးလက်မီးလင်းရေးလုပ်ငန်း

ကျေးလက်မီးလင်းရေးလုပ်ငန်းများကို (၂၀၁၂-၂၀၁၃) ဘဏ္ဍာရေးနှစ်မှ စတင်ဆောင်ရွက်ခဲ့ပြီး (၂၀၁၂-၂၀၁၃) ဘဏ္ဍာရေးနှစ်မှ (၂၀၁၅-၂၀၁၆) ဘဏ္ဍာရေးနှစ်အထိ ဆိုလာ၊ အသေးစား ရေအား၊ ဇီဝဒြပ်ထုစသည့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ရင်းမြစ်များကိုအသုံးပြု၍ ၁မဂ္ဂါဝပ်အောက် ကျေးလက် မီးလင်းရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ (၂၀၁၂-၂၀၁၃) ဘဏ္ဍာရေးနှစ်မှ (၂၀၁၅-၂၀၁၆) ဘဏ္ဍာရေး နှစ်အတွင်း ကျေးရွာပေါင်း (၄၈၀၇)ရွာ ကျေးလက်မီးလင်းရေးအတွက် ဆောင်ရွက်ပေးနိုင်ခဲ့သဖြင့် စုစုပေါင်း တပ်ဆင်စွမ်းအား Installed Capacityအနေနဲ့ (၃၀) မဂ္ဂါဝပ်ထိ ဆောင်ရွက်ပေးနိုင် ခဲ့ပါသည်။

ထို့နောက် ၂၀၃၀ပြည့်နှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားရရှိရေး ရည်မှန်းချက်နှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးပန်းတိုင်-၇ (Sustainable Development Goal (SDG)-7)ဖြစ်သော လူသားတိုင်းလက်လှမ်းမီ၊ စိတ်ချရသော၊ ရေရှည်တည်တံ့ခိုင်မြဲသော ခေတ်မီစွမ်းအင်ရရှိရေး ရည်မှန်းချက်များ ပြည့်မီစေရေးအတွက် ကမ္ဘာ့ဘဏ်နှင့်ပူးပေါင်းဆောင်ရွက်ခဲ့သည့် အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း(NEP)အစီအစဉ်အရ (၂၀၁၆-၂၀၁၇) ဘဏ္ဍာရေးနှစ်မှစတင်၍ မဟာဓာတ်အားလိုင်းပြင်ပစနစ် ကျေးလက်မီးလင်းရေးလုပ်ငန်းများအား ပြန်ပြည့်မြဲစွမ်းအင်အသုံးပြု အသေးစားဓာတ်အားစနစ်နှင့် အိမ်သုံးဆိုလာစနစ်များဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ ပါသည်။

အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (မဟာဓာတ်အားလိုင်းပြင်ပစနစ်)(NEP Phase-1)ကို ကမ္ဘာ့ဘဏ်ချေးငွေ အမေရိကန်ဒေါ်လာသန်း (၉၀)၊ နိုင်ငံတော်ဘတ်ဂျက်၊ ပြည်သူ့အချိုးကျ ထည့်ဝင်ငွေများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ပြီးစီး ခဲ့ပြီဖြစ်ပါသည်။ ထိုအချိန်မှစတင်၍ မဟာဓာတ်အားလိုင်းပြင်ပ ကျေးလက်မီးလင်းရေးလုပ်ငန်း များအား နိုင်ငံတော်ဘတ်ဂျက်ဖြင့် ဆက်လက်ဆောင်ရွက်ခဲ့ပါသည်။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှ  ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အထိ အိမ်သုံးဆိုလာစနစ်ဖြင့် ကျေးရွာပေါင်း (၁၀,၀၇၅)ရွာ၊ အိမ်ထောင်စု ပေါင်း (၄၅၈,၀၉၁)အိမ်၊ စာသင်ကျောင်း၊ ဆေးပေးခန်း၊ ဘာသာရေးကျောင်းနှင့် လမ်းမီးတို့အတွက် အများသုံးဆိုလာစနစ်ပေါင်း (၅၉,၇၆၉)စုံ ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။

အလားတူ ဆိုလာ၊ ရေအား၊ စပါးခွံလောင်စာသုံးအသေးစားဓာတ်အားစနစ်များအနေဖြင့် စီမံကိန်းလုပ်ငန်း (၁၃၀)ခု၊ ကျေးရွာပေါင်း (၁၇၁)ရွာ၊ အိမ်ထောင်စုပေါင်း (၄၁,၁၀၂)အိမ်ခန့်၊ စာသင်ကျောင်း၊ ဆေးပေးခန်း၊ ဘာသာရေးကျောင်းနှင့် လမ်းမီးစသည်တို့အပါအဝင် အများပြည်သူ ပိုင်အဆောက်အဦ (၁၄,၃၃၀)ခုအတွက် လျှပ်စစ်မီးရရှိရေးဆောင်ရွက်ပေးနိုင်ခဲ့ပြီး နှစ်အလိုက် ဆောင်ရွက်ပြီးစီးမှုမှာ အောက်ဖော်ပြပါအတိုင်းဖြစ်ပါသည်-

၂၀၁၆-၂၀၁၇ဘဏ္ဍာရေးနှစ်မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အထိ ဆောင်ရွက်ပြီးစီးခဲ့သည့် စီမံကိန်းလုပ်ငန်းစာရင်းချုပ်

နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် ၂၀၁၄ခုနှစ်မှ ၂၀၂၁ခုနှစ် အထိ ဂျပန်နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (JICS)၊ အာရှဖွံ့ဖြိုးရေးဘဏ် (ADB)၊ ကမ္ဘာ့ ဘဏ်အဖွဲ့၊ အီတလီ-နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(AICS)၊ ဂျာမန်-နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး အဖွဲ့(GIZ)၊ ဂျာမန်ဖွံ့ဖြိုးရေးဘဏ်(KfW)တို့ဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။ အဆိုပါစီမံကိန်း အားလုံး ဆောင်ရွက်ပြီးစီးပြီဖြစ်ပါသည်။

ယခုအခါ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ (၂၀၂၂)ဖြင့် ဆိုလာအသေးစား ဓာတ်အားပေးစနစ်စီမံကိန်းလုပ်ငန်း (၂)ခု၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၃)ဖြင့် ဆိုလာအသေးစားဓာတ်အားပေးစနစ် စီမံကိန်းလုပ်ငန်း (၂)ခု ဆောင်ရွက်လျက်ရှိပါသည်။ ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် အသေးစားဓာတ်အားပေးစနစ်ဖြင့် စီမံကိန်းလုပ်ငန်း (၂)ခု၊ ကျေးရွာ (၂)ရွာ၊ အိမ်သုံးဆိုလာစနစ်ဖြင့် ကျေးရွာ (၂၀၅)ရွာ ဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် ဆောင်ရွက်ပြီးအသေးစားဓာတ်အားပေးစနစ်စီမံကိန်းလုပ်ငန်း (၅)ခုအားလည်း တပ်ဆင်စွမ်းအား တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

 

ဆိုလာရေတင်စနစ်စိုက်ပျိုးရေရရှိရေးလုပ်ငန်း

          ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရေး အတွက် ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေ ရရှိရေးလုပ်ငန်းများအား ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်မှ စတင် ဆောင်ရွက်ခဲ့ရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း နေပြည်တော်ကောင်စီနယ်မြေအပါ အဝင် တိုင်းဒေသကြီး/ ပြည်နယ် (၁၁)ခုတွင် ဆိုလာရေတင်စနစ်ဖြင့် စိုက်ပျိုးရေရရှိရေး လုပ်ငန်းပေါင်း (၁၁၇)ခု ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ လုပ်ငန်းများအားလုံး ကောင်းမွန်စွာ လည်ပတ်လျက်ရှိပြီး စိုက်ပျိုးတောင်သူ (၁၄၅၃)ဦး၊ စိုက်ပျိုးဧက (၅၃၁၈)ဧက အကျိုးပြု နိုင်ခဲ့ပါသည်။ စိုက်ပျိုးဧက (၅၃၁၈) ဧကတွင် နေကြာနှင့် အခြားဆီထွက်သီးနှံ (၄၈၇၆)ဧက စိုက်ပျိုးခဲ့ပြီး အခြားသီးနှံ (၄၄၂)ဧက စိုက်ပျိုးနိုင်ခဲ့ပါသည်။

          အလားတူ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင်လည်း နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ် (၁၂)ခုတွင် ဆိုလာရေတင်စနစ်ဖြင့် စိုက်ပျိုးရေရရှိရေး လုပ်ငန်းပေါင်း (၉၈)ခု ဆောင်ရွက်နိုင်ခဲ့ပြီး စိုက်ပျိုးတောင်သူ(၁၃၂၁)ဦး၊ စိုက်ပျိုးဧက(၅၆၁၅)ဧက အကျိုးပြုနိုင် ခဲ့ပါသည်။

          ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင်လည်း နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ် (၁၀)ခုတွင် ဆိုလာရေတင်စနစ်ဖြင့် စိုက်ပျိုးရေရရှိရေးလုပ်ငန်းပေါင်း (၃၅)ခု ဆောင်ရွက်လျက်ရှိပြီး ဝါသီးနှံအတွက်  ဆိုလာရေတင်စနစ်ဖြင့် စိုက်ပျိုးရေရရှိရေးလုပ်ငန်း ()ခုခန့် ဆောင်ရွက်ပေးသွားရန် လျာထားပါသည်။

 

စီမံကိန်းအမည်

မဟာဓာတ်အားလိုင်းပြင်ပ အမျိုးသားလျှပ်စစ်ဓာတ် အားရရှိရေးစီမံကိန်း

ရည်ရွယ်ချက်

  • ကျေးလက်ဒေသတွင် လျှပ်စစ်ဓာတ်အား တိုး မြှင့် ရရှိရန်၊
  • မဟာဓာတ်အားလိုင်းနှင့်ဝေးကွာသည့် ကျေး ရွာများတွင် အကြိုလျှပ်စစ်ဓာတ်အား ပေး ရေးစနစ် အကောင်အထည်ဖော်ဆောင်ရွက် ရန်၊
  • ပြည်သူ့ထည့်ဝင်ငွေဖြင့် ပိုမိုကောင်းမွန်သည့် မီးလင်းရေးစနစ် အကောင်အထည်ဖော် ဆောင်ရွက် ရန်၊
  • ပြည်သူ-ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်သည့် စနစ် (Public-Private Partnership) ဖွံ့ဖြိုး လာစေရေး ဆောင်ရွက်ရန်စသည့် ရည်ရွယ် ချက်များဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက် လျက်ရှိပါသည်။

စီမံကိန်းကာလ

၂၀၁၆-၂၀၁၇ ခုနှစ်မှ ၂၀၂၀-၂၀၂၁ ခုနှစ်ထိ၊(၅)နှစ်
ချေးငွေပမာဏ အမေရိကန်ဒေါ်လာ (၉၀)သန်း
စီမံကိန်းဒေသ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည် နယ်၊ ဧရာဝတီတိုင်းဒေသကြီးနှင့် နေပြည်တော် ကောင်စီနယ်မြေတို့အတွင်းရှိ NEP စီမံကိန်းမူဝါဒ နှင့်ကိုက်ညီမှုရှိပြီး ပြည်သူ ထည့်ဝင်ငွေဖြင့် ဆောင်ရွက်လိုသည့် ကျေးရွာများအားလုံး။
(ချေးငွေ)ထောက်ပံ့သည့် အဖွဲ့အစည်း

ကမ္ဘာဘဏ်

ပူးပေါင်းဆောင်ရွက်သည့်အဖွဲ့အစည်း

ကမ္ဘာ့ဘဏ်၊GIZ ၊ တင်ဒါအောင်မြင်သည့်ကုမ္ပဏီများ၊ Kfw၊ AICS

ဆောင်ရွက်မည့်နည်းလမ်း/ချည်းကပ်သည့်ပုံစံ

  • စီမံကိန်းကျေးရွာများရွေးချယ်ရာတွင် သက် ဆိုင်ရာပြည်နယ်/တိုင်းဒေသကြီး၊ ကျေး လက်ဦးစီးဌာနမှ ကျေးရွာများသို့ စီမံကိန်းနှင့် ပတ်သက်၍ အသိပေးကြေညာခြင်း၊
  •  စီမံကိန်းတွင် ဆောင်ရွက်မည့်စနစ်များ၊ ပြည်သူအချိုးကျထည့်ဝင်ရမည့်ငွေ၊ ကူညီ ထောက်ပံ့ငွေများကို ပြည်သူများနား လည် သဘောပေါက်စေရန် ချပြရှင်းလင်းခြင်း၊
  •  စီမံကိန်းတွင်ပါဝင်ဆောင်ရွက်လိုသော သတ် မှတ်ချက်များနှင့််ညီသည့် ကျေးရွာများကိုသာ ရွေးချယ် ဆောင်ရွက်ခြင်း၊
ဆောင်ရွက်မည့်လုပ်ငန်း

တစ်အိမ်သုံးဆိုလာစနစ်နှင့် အသေးစားဓာတ်အား လိုင်းစနစ်များဖြစ်သည့် (ဆိုလာ၊ ရေအားလျှပ်စစ်၊ ဇီဝဓာတ်ငွေ့)များဖြင့် မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပါမည်။

အကျိုးကျေးဇူး/ရလာဒ် ဒေသခံပြည်သူများ၏ လူနေမှုဘဝမြင့်မားလာပြီး ဓာတ်အားလိုင်းများ ဖြန့်ဖြူးရေးလိုင်းများ ဆက်သွယ်ပေးခြင်းဖြင့် တစ်နိုင်ငံလုံးရှိ လူဦးရေ၏ ၉၉% မှာ ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားရရှိစေရန် ဆောင်ရွက်ခြင်းကြောင့် ကျေးလက်နေပြည်သူများ ၏ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါသည်။ တစ်အိမ်သုံးဆိုလာစနစ်လုပ်ငန်းများတွင် မိမိထည့် ဝင်နိုင်သည့် ငွေပမာဏအပေါ်မူတည်၍  System အကြီး/ အသေးခွဲ၍ ဆောင်ရွက်ပြီး အရစ်ကျ ထည့်ဝင်ရသည့်အတွက် ဆင်းရဲသား ပြည်သူများပါ သုံးစွဲနိုင်မည်ဖြစ်ပါသည်။ စီမံကိန်း ဆောင်ရွက်သော ကျေးရွာများတွင် အများပြည်သူသုံး အဆောက်အဦ များအတွက် စီမံကိန်းမှ (၁၀၀%) ထောက်ပံ့ပေး သောကြောင့် ကျေးရွာ၏ ပညာရေး၊ ကျန်းမာရေး များ တိုးတက်လာမည်ဖြစ်ပါသည်။ အသေးစားလျှပ် စစ်ဓာတ်အားပေးစနစ်ဖြင့် အိမ်သုံး၊ လမ်းမီး၊ ကျန်းမာရေး၊ ဘာသာရေး အဆောက်အဦများ သာမ က အသေးစားစက်မှု လုပ်ငန်းများလည်း ဆောင် ရွက်နိုင်သည့်အတွက် ကျေးလက်နေပြည်သူလူထု ၏ လူမှုစီးပွားဘဝမြင့်မားလာမည် ဖြစ်ပါ သည်။
ပူးပေါင်းဆောင်ရွက်သည့် အဖွဲ့အစည်းများ၏ လိပ်စာ

ဦးမျိုးမြင့်

Senior Energy Specialist

01 925 5030

myanmar@worldbank.org
# Title / Total Download