ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းအကြောင်း
နိဒါန်း
၁။ ၂၀၁၄ ခုနှစ်တွင် အတည်ပြုချမှတ်ခဲ့သည့် ကျေးလက်ဖွံ့ဖြိုးရေးမဟာဗျူဟာမူဘောင်(RDSF) နှင့်အညီ ရေးဆွဲခဲ့သည့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ဘက်စုံစွမ်းဆောင်ရည် မြှင့်တင်ရေးအစီအစဉ်(၂၀၁၄−၂၀၁၈)(Comprehensive Capacity Development Plan-2014-2018) ပါလုပ်ငန်းစဉ်တစ်ခုဖြစ်သည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)အား ၂၀၁၅ခုနှစ်မှ စတင်၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။ နိုင်ငံတော်၏ ရန်ပုံငွေလျာထားမှု ဆိုင်ရာမူဝါဒတွင် Top-down Budgeting and Bottom-up Planning Process အား အလွှာ အသီးသီး၌ လည်ပတ်ဆောင်ရွက်နိုင်ရေးအတွက် နည်းပညာပိုင်းဆိုင်ရာ၊ အဖွဲ့အစည်းဆိုင်ရာ စနစ်များထူထောင်ဆောင်ရွက်သွားရန် လိုအပ်လျက်ရှိပါသည်။ ယင်းလိုအပ်ချက်ဖြစ်သည့် Bottom-up Planning and Budgeting Process အား အထောက်အကူပြုနိုင်ရန် ရည်ရွယ်၍ ကျေးရွာဖွံ့ဖြိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။
စီမံကိန်းရည်ရွယ်ချက်
စီမံကိန်းအစိတ်အပိုင်းများ
ဆောင်ရွက်သည့်နည်းလမ်း
၂။ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းအား ပြည်သူဗဟိုပြု စနစ်ဖြင့် PRA Tools (Praticipatory Rural Appraisals Tools ) (ကျေးရွာလူထု၏ လူမှုစီးပွားဘဝ အခြေအနေမှန် ကိုဆန်းစစ်နည်း) အသုံးပြု၍ ကျေးရွာသယံဇာတပြ မြေပုံများရေးဆွဲခြင်း၊ ရာသီခွင်ပြ ပြက္ခဒိန ်ရေးဆွဲခြင်း၊ အဖွဲ့အစည်းချိတ်ဆက်ပြပုံ ရေးဆွဲခြင်း၊ ကိန်းဂဏန်း အချက်အလက်များ ကောက်ယူခြင်း၊ ရရှိလာသည့် ကိန်းဂဏန်း အချက်အလက်များဖြင့် (၄၈) ဇယား (48 Planning Tables)တည် ဆောက်ခြင်း၊ (၄၈)ဇယား 48 Planning Tables ကို ကဏ္ဍအလိုက် စိစစ် သုံးသပ်ပြီးကျေးရွာ၏ လိုအပ်ချက်ဖွံ့ဖြိုးရေး(စီမံချက်)လုပ်ငန်းများ ဖော်ထုတ်ခြင်း၊ ယင်းစီမံချက် (ဖွံ့ဖြိုးရေး) လုပ်ငန်းများကို ဦးစားပေး အစီအစဉ်အလိုက် နှစ်စဉ်ရန်ပုံငွေ ရှာဖွေ၍ ကျေးရွာလူထု ကိုယ်တိုင် အကောင်အထည်ဖော်ဆောင်ရွက်ရမည် ဖြစ်ပါသည်။ လိုအပ်သည့် နည်းပညာအား ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကူညီပံ့ပိုး ပေးမည်ဖြစ်ပါသည်။ ဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ရာတွင် ကျေးရွာထည့်ဝင်ငွေများ၊ အလှူရှင်များ၊ အစိုးရအဖွဲ့ အစည်းများ၊ သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်း များ၏ ရန်ပုံငွေများဖြင့် ဆောင်ရွက်နိုင်ပါသည်။
ဆောင်ရွက်ရသည့် လုပ်ငန်းစဉ်အဆင့်ဆင့်
စီမံကိန်းကျေးရွာများ ရွေးချယ်ရာတွင် အခြေခံရမည့်မူများ
၃။ သို့ရာတွင် အထက်ပါစံနှုန်းတစ်ခုခုနှင့် ကိုက်ညီမှုမရှိသော်လည်း နိုင်ငံတော်အကြီးအကဲ၊ ပြည်ထောင်စုဝန်ကြီးရုံးအကြီးအကဲများ၏ ခရီးစဉ်လမ်းညွှန်ချက်၊ ဘေးသင့်ဒေသကျေးရွာနှင့် အထူးစီမံကိန်းများ(ဥပမာ− SMART VILLAGE) ဖြစ်မည်ဆိုပါက ချွင်းချက်အဖြစ်ဆောင်ရွက် ခွင့်ပြုနိုင်သည်။
၄။ ထို့အပြင် စီမံကိန်းဆောင်ရွက်ပြီးဖြစ်သော်လည်း အကြီးအကဲများ၏ ခရီးစဉ်လမ်းညွှန် ချက်များ၊ အထူးစီမံကိန်းကျေးရွာများ၊ ဒေသလိုအပ်ချက်အရ ထပ်မံထောက်ပံ့ပေးရန်လိုအပ်ပါက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရုံးချုပ်)မှ စိစစ်ခွင့်ပြုနိုင်ပြီး အနီးစပ်ဆုံး ဗဟိုကော်မတီ အစည်းအဝေး၌ မှတ်တမ်တင်ရမည်။
၅။ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းကျေးရွာ ရွေးချယ်ရာတွင် အထူးစီမံကိန်း ကျေးရွာမဟုတ်ပါက ကျေးရွာတစ်ရွာ၌ ဘဏ္ဍာရေးနှစ်တူအတွင်း နိုင်ငံတော်ရန်ပုံငွေဖြင့် ဦးစီး ဌာနမှ ဆောင်ရွက်သော စီမံကိန်းများ ကျေးရွာတူဆောင်ရွက်ခြင်းမပြုရပါ။
ဆောင်ရွက်နိုင်သည့်လုပ်ငန်းများ
၇။ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းကို ၂၀၁၅−၂၀၁၆ခု၊ ဘဏ္ဍာရေးနှစ်မှ ၂၀၂၃−၂၀၂၄ခု၊ ဘဏ္ဍာရေးနှစ်အထိ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်(၁၇)ခုရှိ မြို့နယ်(၂၈၆) မြို့နယ်မှ ကျေးရွာပေါင်း(၁၇၄၇၁) ရွာတွင် ဖွံ့ဖြိုးရေးလုပ်ငန်းပေါင်း(၁၉၅၀၃)ခုကို နိုင်ငံတော်ထောက်ပံ့ငွေကျပ် (၁၈၁၁၁၀)သန်း၊ ပြည်သူ ထည့်ဝင်ငွေကျပ်(၄၉၈၆၁.၁၆၀)သန်း၊လွှတ်တော်ရန်ပုံငွေကျပ်(၇၈.၆၉၀)သန်း၊ တိုင်းဒေသကြီး/ ပြည်နယ်ရန်ပုံငွေကျပ်(၃၄.၉)သန်း၊ မြစိမ်းရောင်အတိုးရငွေကျပ်(၁၉၅.၁၂၉)သန်း၊ စုစုပေါင်း ငွေကျပ်(၂၃၁၂၇၉.၈၇၉)သန်းဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
၈။ ၂၀၁၅−၂၀၁၆ခု၊ ဘဏ္ဍာရေးနှစ်မှ ၂၀၂၃−၂၀၂၄ခု၊ ဘဏ္ဍာရေးနှစ်အထိ ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ပြည်နယ်(၁၇)ခုတွင် ကျေးရွာဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းစီမံကိန်းဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်မှုမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
စဉ် |
လုပ်ငန်းအမျိုးအစား |
အရေအတွက် |
၁ |
လမ်း၊ တံတား |
၁၃၂၈၈ |
၂ |
ရေပေးရေး |
၂၆၀၈ |
၃ |
မီးလင်းရေး |
၁၀၁၄ |
၄ |
ပညာရေး |
၇၆၀ |
၅ |
ကျန်းမာရေး |
၈၀ |
၆ |
ဘက်စုံသုံးခန်းမ |
၁၂၃၄ |
၇ |
စာကြည့်တိုက် |
၅၄ |
၈ |
အခြား |
၄၆၅ |
|
စုစုပေါင်း |
၁၉၅၀၃ |
စီမံကိန်းအကျိုးကျေးဇူးများ
၉။ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းရေးဆွဲခြင်းဖြင့် အောက်ဖော်ပြပါ အကျိုး ကျေးဇူးများရရှိနိုင်ပါသည်။
စီမံကိန်းဆိုင်ရာအချက်အလက်များ
စီမံကိန်းခေါင်းစဉ် − ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း
ရည်ရွယ်ချက် − (၁) ကျေးလက်နေပြည်သူများကိုယ်တိုင် ကျေးရွာ ၏ပကတိလိုအပ်ချက်များကို ဖော်ထုတ်ပြီး ဦးစားပေး အစီအစဉ်အလိုက် စီမံချက်များ ရေးဆွဲဖော်ထုတ်နိုင် စေရန်၊
ထောက်ပံ့သည့်အဖွဲ့အစည်း − နိုင်ငံတော်ထောက်ပံ့ငွေ
ထောက်ပံ့သည့်ပမာဏ − ကျေးရွာတစ်ရွာလျှင် နိုင်ငံတော်ထောက်ပံ့ငွေ
၂၀၁၅-၂၀၁၆ခုမှ၂၀၁၆-၂၀၁၇ခုဘဏ္ဍာရေးနှစ်အထိကျပ်(၅)သန်း၊
၂၀၁၇-၂၀၁၈ခုမှ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ်အထိ ကျပ်(၁၀)သန်း၊
၂၀၂၃-၂၀၂၄ ခု၊ ဘဏ္ဍာရေးနှစ်မှစ၍ကျပ်(၁၅)သန်း၊
စီမံကိန်းကာလ − (၂၀၁၅−၂၀၁၆ခု၊ ဘဏ္ဍာရေးနှစ်မှစတင်၍ နှစ်စဉ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။
ဆောင်ရွက်သည့်နေရာ − တိုင်းဒေသကြီး/ပြည်နယ်အားလုံးရှိ
မြို့နယ်ပေါင်း(၂၈၆)မြို့နယ်၊
အကောင်အထည်ဖော်ဆောင် စီမံချက်ရေးဆွဲသည့်ကျေးရွာပေါင်း(၂၀၇၇၄)ရွာ၊
ရွက်သည့်ကျေးရွာ ဖွံ့ဖြိုးရေးအကောင်အထည်ဖော်ဆောင်ရွက်သည့်
ကျေးရွာပေါင်း(၁၇၄၇၁)ရွာ
(၂၀၁၅−၂၀၁၆ခု၊မှ ၂၀၂၃−၂၀၂၄ခု၊ ဘဏ္ဍာရေးနှစ်ထိ)
စီမံကိန်းခေါင်းစဉ် | ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း |
ထောက်ပံ့သည့်အဖွဲ့အစည်း | နိုင်ငံတော်ထောက်ပံ့ငွေ |
ထောက်ပံ့သည့်ပမာဏ | ကျပ်သိန်း(၁၀၀) |
ကာလ | (၂၀၁၅-၂၀၁၆) ဘဏ္ဍာရေးနှစ်မှ စတင်၍ နှစ်စဉ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည် |
ဆောင်ရွက်သည့်နေရာ/ အကောင်ထည့်ဖော်ဆောင်ရွက်သည့်နေရာ | တိုင်းဒေသကြီး/ပြည်နယ်အားလုံးရှိ မြို့နယ်ပေါင်း (၂၅၈)မြို့နယ်၊ စီမံချက်ရေးဆွဲပြီး ကျေးရွာပေါင်း(၁၃၇၉၆)ရွာ(၂၀၁၅-၁၆/၂၀၁၉-၂၀) |
ရည်ရွယ်ချက် |
(၁) ကျေးလက်ပြည်သူများကိုယ်တိုင် ကျေးရွာ ၏ ပကတိလိုအပ်ချက်များကို ဖော်ထုတ်ပြီး ဉီးစားပေး အစီအစဉ်အလိုက်စီမံချက်များရေးဆွဲ ဖော်ထုတ်နိုင် စေရန်၊ (၂)ကျေးရွာများ၏ ဉီးစားပေးစီမံချက်များအပေါ် အခြေခံ၍ နှစ်စဉ်ရန်ပုံငွေများလျာထားပြီး စီမံချက် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင် စေရန်၊ (၃)ကျေးရွာများမှ ထွက်ပေါ်လာသော စီမံချက်များ အား မြို့နယ်အဆင့် ဉီးစီးဌာနအသီးသီး၏ ဖွံ့ဖြိုး ရေးအစီအစဉ်များ နှင့် ချိတ်ဆက်နိုင်စေရန်၊ |
အကျိုးကျေးဇူးရရှိသူများ | ပြည်သူများအားလုံး |
ချဉ်းကပ်သည့်ပုံစံ | ကျေးရွာလူထု၏လူမှု့စီးပွားဘဝအခြေအနေကို ဆန်းစစ်ခြင်းနည်းလမ်း |
လုပ်ဆောင်ချက်များ | ဉီးစားပေးစီမံချက်များ ရေးဆွဲဖော်ထုတ်ခြင်း နှင့် လိုအပ်သော အခြေခံအဆောက်အဉီဆိုင်ရာများ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း (လမ်း/ တံတား/ ရေ/မီး/ပညာရေး၊ ကျန်းမာရေး ဆိုင်ရာ အဆောက်အအုံ/ လူထုဖွံ့ဖြိုးရေးစင်တာ |
အကျိုးကျေးဇူး/ရလာဒ် |
(၁)ကျေးရွာသူ/သားများသည် မိမိကျေးရွာ ဖွံ့ဖြိုး ရေးအတွက် လိုအပ်ချက်များကို ဖော်ထုတ်လာ နိုင်ခြင်း၊ (၂) နှစ်အလိုက် ရင်းနှီးမြှုပ်နှံမှုအစီအစဉ်များအား အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် ကျေးရွာလူထုမှ အခြေခံအဆောက်အအုံဆိုင်ရာ ဝန်ဆောင်မှုများ ရယူသုံးစွဲနိုင်လာခြင်း၊ (၃) ကျေးရွာဖွံ့ဖြိုးရေးစီမံချက်ပါ ဉီးစားပေး လုပ်ငန်းများအား မြို့နယ်ဖွံ့ဖြိုးရေး စီမံကိန်း များတွင် ပေါင်းစပ်ထည့်သွင်းနိုင်ခြင်း၊ (၄)ကျေးရွာသူ/သားများနှင့် ကျေးလက်ဉီးစီး ဝန်ထမ်းများ၏ လူထုပူးပေါင်းပါဝင်သည့် စီမံကိန်း ရေးဆွဲခြင်း စွမ်းဆောင်ရည်မြှင့်မားလာခြင်း၊ (၅)ဒေသခံများနှင့် အလွှာအသီးသီးရှိ ဌာန ဆိုင်ရာများ အချင်းချင်းနှင့် အကြား ပူးပေါင်း ဆောင်ရွက်မှု၊ ပေါင်းစပ်ညှိနှိုင်းမှုဆိုင်ရာ စနစ်တစ်ခု လက်တွေ့ဖြစ်တည်လာခြင်း။ |
ပူးပေါင်းဆောင်ရွက်သည့် အဖွဲ့အစည်းများ၏ လိပ်စာ | ရုံးအမှတ်(၃၆)၊အနီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန |
# | Title | / Total Download |
---|