Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ဘဏ္ဍာရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း ဖွင့်လှစ်

16 June 22

မကွေး  ဇွန်လ ၁၆ ရက်

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက ကြီးမှူး၍ ကွပ်ကဲမှုအောက်ရှိ ခရိုင်၊ မြို့နယ်များမှ ဝန်ထမ်းများ ဘတ်ဂျက်ရေးဆွဲနည်းများ၊ ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ရာတွင် အဆင်ပြေလွယ်ကူစေရန်နှင့် စွမ်းဆောင်ရည် မြင့်မားတိုးတက်လာစေရန်အတွက် ရည်ရွယ်၍ ဘဏ္ဍာရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းကို မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါသင်တန်းတွင် မကွေးတိုင်းဒေသကြီး ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ စီမံကိန်းဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရုံးချုပ်)တို့မှ အခြေခံစာရင်းရေးနည်း၊ ဘတ်ဂျက်ခေါင်းစဉ်အမှတ်အသားများ၊ ဌစစာရင်း ချိတ်ဆက်မှုများ၊ Excel Formula ဖြင့် ဘဏ္ဍာရေးဆိုင်ရာ စာရင်းဇယားများ ဖြည့်သွင်းခြင်းနှင့် အင်တာနက်၊ အီးမေးလ်အသုံးပြုနည်းများကို သင်ကြားပို့ချခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းကို တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနများမှ ဝန်ထမ်း(၃၀)ဦးအား ဇွန်လ (၉)ရက်နေ့မှ (၁၅)ရက်နေ့အထိ  (၇)ရက်ကြာ ဖွင့်လှစ်သင်ကြား ပို့ချပေးသွားခဲ့ကြောင်း သိရသည်။  

မယ်သင်း