Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ချောက်မြို့နယ် ကြီးနီကျေးရွာ၌ ခေတ်မီစံပြကျေးရွာ အကောင်အထည်ဖော် ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး

13 June 22

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည့် ကြီးနီကျေးရွာတွင် ခေတ်မီစံပြကျေးရွာ အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများကို ယနေ့ နံနက်ပိုင်း က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးမောင်နှင့် တာဝန်ရှိသူများက ကြီးနီးကျေးရွာ ခေတ်မီစံပြကျေးရွာ ကော်မတီဝင်များနှင့် တွေ့ဆုံ၍ ခေတ်မီစံပြ ကျေးရွာအဖြစ် စတင်အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အစီအစဉ်များ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် လာမည့်ဘဏ္ဍာရေးနှစ်များတွင် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ အကြောင်းကို ရှင်းလင်းပြောကြားပြီး ကျေးရွာသူ၊ ကျေးရွာသားများက သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ တိုင်းဒေသကြီးဦးစီးမှူးက ကြီးနီခေတ်မီစံပြကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ အရောင်းအဝယ်လုပ်ငန်းနှင့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြုလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေ၊ စိုက်ပျိုးရေရရှိရေးလုပ်ငန်းဆောင်ရွက်ရန် စက်ရေတွင်းတူးဖော်မည့် နေရာများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ကျေးရွာသူ၊ ကျေးရွာသားများ၊ ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များနှင့် တွေ့ဆုံကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြောင်းက သိရသည်။

မယ်သင်း