Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ဆိပ်ဖြူမြို့နယ် ကျေးရွာနှစ်ရွာ၌ (VDP)လုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်မည်

21 June 22

ဆိပ်ဖြူ၊ဇွန် ၂၁
မကွေးတိုင်းဒေသကြီး၊ဆိပ်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ဆိပ်ဖြူမြို့နယ်ကျေးရွာနှစ်ရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ကို အကောင်အထည် ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းဆိပ်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမြို့နယ်ဦးစီးမှူးထံမှ သိရသည်။
   အဆိုပါ စီမံကိန်းလုပ်ငန်းများဆောင် ရွက်မည့်ကျေးရွာနှစ်ရွာမှာချောင်းမကြီးကျေးရွာအုပ်စု၊ ချောင်းမကြီး (အရှေ့)ကျေးရွာနှင့် ချောင်းမကြီး (အနောက်)ကျေးရွာတို့ဖြစ်ပြီး အဆိုပါကျေးရွာတို့၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာတစ်ရွာ၏ဖွံ့ဖြိုးရေး လုပ်ငန်းလိုအပ်ချက်နှင့် အခွင့်အလမ်းများအပေါ် အခြေခံရေးဆွဲထားသည့်လုပ်ငန်းများ ကျေးရွာနေပြည်သူလူ ထုကိုယ်တိုင် ကျေးရွာ၏ပကတိလိုအပ် ချက်များဖော်ထုတ်ပြီး ကဏ္ဍအလိုက် ဖွံ့ဖြိုးရေးအစီအစဥ်များကို စနစ်တကျစုပေါင်းပြီး ကဏ္ဍပေါင်းစုံပါဝင်သည့် ဖွံ့ဖြိုးရေးအစီအစဥ်တစ်ရပ်ဖြစ်ပေါ် လာစေရန် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း မြို့နယ်ဦးစီးမှူး ဦးရဲမင်းအောင် က ပြောပြ၍ သိရသည်။
     ထို့နောက် ဆိပ်ဖြူမြို့နယ်၌ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ကို ဆောင်ရွက်ရန်အတွက် မြို့ နယ်အဆင့်စီမံခန့်ခွဲမှုကော်မတီဝင်များနှင့်အတူ ကျေးရွာများ ရွေးချယ်ဆောင် ရွက်ပြီးဖြစ်ကြောင်း၊ဆက်လက်၍ ကျေးရွာစီမံကိန်းကော်မတီဝင်များဖွဲ့စည်းခြင်း၊ငွေစာရင်းထိန်းသိမ်းနည်းနှင့် စာရင်းဇယားများဖြည့်သွင်းနည်းသင်တန်းများပေးခြင်းနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန်စီမံချက်များရေးဆွဲခြင်း ၊ဦးစားပေးလုပ်ငန်းများသတ်မှတ်ခြင်းများကို ဆောင်ရွက်သွားမည်ဖြစ် ကြောင်းမြို့နယ်ဦးစီးမှူးဦးရဲမင်းအောင် က ဆက်လက်ပြောပြ၍ သိရသည်။
                                                      နွဲ့ယဥ်