မကွေး ဇွန် ၂၁
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ယခုဘဏ္ဍာရေးနှစ်တွင် မကွေးမြို့နယ်အတွင်းရှိ ကျေးရွာ ၂၁ ရွာ၌ ငွေကျပ် ၅၇၉ ဒသမ ၆၃၈ သန်း အသုံးပြု၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် ကုန်ထုန်လမ်းဖောက်လုပ်ခြင်းနှင့် သောက်သုံးရေရရှိရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မကွေးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဝက်သိုက်ကျေးရွာ၊ တည်ပင်ကန်ပေါက်ကျေးရွာ၊ တပ်ကုန်းကျေးရွာ၊ ဘုရားပြို(တ)ကျေးရွာ၊ သန်းတောကုန်းကျေးရွာနှင့် နွားကူးကျေးရွာတို့တွင် ကုန်ထုတ်လမ်း ဖောက်လုပ်ခြင်းလုန်ငန်း စုစုပေါင်းကုန်ထုတ်လမ်းအရှည် ၁၁ မိုင် ၅ ဒသမ ၅၂ ဖာလုံ၊ လက်ပံရွာသစ်ကျေးရွာ၊ ကြည်တလုံးကျေးရွာ၊ ထန်းပင်စမ်းကျေးရွာ၊ ညောင်ကန်ကျေးရွာ၊ ကံကြီးပြားကျေးရွာ၊ မင်းရွာ(မ)ကျေးရွာ၊ ဘုရားပြို(မ)ကျေးရွာ၊ တည်ပင်ကန်ပေါက်ကျေးရွာ၊ ဖလံတောကျေးရွာ၊ သမန်းတော(တ)ကျေးရွာ၊ ဒဟတ်ကန်ကျေးရွာ၊ ဘုရားကုန်း(တဲတိုက်)ကျေးရွာ၊ သံဘိုကန်ကျေးရွာ၊ ညောင်ပင်ရွာကျေးရွာနှင့် ဖိုဝေးကျေးရွာတို့တွင် သောက်သုံးရေရရှိရေးလုပ်ငန်း ၁၅ ခုကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက ကျေးရွာ ၂၃ ရွာ၊ အိမ်ခြေ ၄၄၄၃ အိမ်၊ လူ ၁၉၈၉၈ ဦးနှင့် လယ်ယာစိုက်ပျိုးရေး ဧကပေါင်း ၄၀၁၇ ဧက ကို အကျိုးပြုသည့်အတွက် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာသည့်အပြင် နှစ်စဥ် နွေရာသီကာလတွင် သောက်သုံးရေရှားပါးသည့် အခက်အခဲများ အဆင်ပြေမည်ဖြစ်ကြောင်း မကွေးမြို့နယ်ဦးစီးမှူး ဒေါ်တင်တင်စိုး ထံမှ သိရသည်။
အထွေး