ဆိပ်ဖြူ၊ဇွန် ၂၀
မကွေးတိုင်းဒေသကြီး၊ဆိပ်ဖြူမြို့ နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကြီးမှူးပြီး ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ်တွင် ဆိပ်ဖြူမြို့နယ် ၊တဲကြီးကျေးရွာအုပ်စု၊တဲကြီးကျေးရွာရှိကျေးလက်နေပြည်သူများအလုပ် အကိုင်အခွင့်အလမ်းရရှိပြီးဝင်ငွေတိုး ပွားလုပ်ငန်းများဆောင်ရွက်နိုင်ရန်အ သက်မွေးဝမ်းကျောင်းအထောက်အကူပြုလျှပ်စစ်ဆိုင်ရာပြုပြင်ထိန်းသိမ်းခြင်းသင်တန်းဆင်းပွဲကိုယနေ့နံနက် ၉ နာရီအချိန် က အဆိုပါကျေးရွာ စာသင် ကျောင်း ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဆိပ်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ် ချုပ်ရေးမှူး ဦးအောင်ကျော်အေး က သင်တန်းဆင်းအမှာစကားပြောကြား သည်။
ဆက်လက်၍ ဆိပ်ဖြူမြို့နယ်ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာ န မြို့နယ်ဦးစီးမှူး ဦးရဲမင်းအောင် က ယခုလို သင်တန်းပို့ချပေးခဲ့သော လျှပ် စစ်ဆိုင်ရာပညာရပ်များအား လက်တွေ့နယ်ပယ်တွင် အကျိုးရှိရှိအသုံးချပြီးမိသားစုဝင်ငွေတိုးပွားရေးလုပ်ငန်းများတဖက်တစ်လမ်းမှ ဆောင်ရွက်ကြစေလိုကြောင်းနှင့်ဆက်လက် ဖွင့်လှစ်ပေးသွားမည့် သင်တန်းများနှင့် ပတ်သက် ၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် သင်တန်းဆင်းပွဲအခမ်းအ နားသို့တက်ရောက်လာကြသော ဌာနဆိုင်ရာတာဝန်ရှိသူများက သင်တန်း သားများအား သင်တန်းဆင်းဂုဏ်ပြုလက်မှတ်များနှင့် လျှပ်စစ်ဝါယာသွယ် တန်းရာ၌ အထောက်အကူဖြစ်စေမည့်ပစ္စည်းများအား ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းသို့ တဲကြီးကျေး ရွာအုပ်စုအတွင်းရှိကျေးရွာများမှ သင် တန်းသား ၂၀ ဦးတက်ရောက်သင်ယူခဲ့ကြပြီး လျှပ်စစ်ကျွမ်းကျင်ပညာရှင်များက စာတွေ့၊လက်တွေ့ ၁၅ရက်ကြာ သင်ကြားပို့ချပေးခဲ့ကြောင်း ဆိပ်ဖြူမြို့နယ် ကျေး လက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ထံ မှ သိရသည်။
နွဲ့ယဥ်