Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မြိုင်မြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှု စစ်ဆေး

19 June 22

မြိုင်မြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှု စစ်ဆေး
*********************************
မြိုင် ဇွန် ၁၉

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ ချိုင်ဇောက်ကျေးရွာနေပြည်သူများ၏ မိသားစုစားဝတ်နေရေးကို တဖက်တလမ်းမှ အထောက်အကူပြုစေရန် ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် တပိုင်တနိုင် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် အခြားအသေးစားစီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို တာဝန်ရှိသူများက ဇွန် ၁၈ ရက်နေ့ နံနက် ၁၀ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

ထိုသို့ကွင်းဆင်စစ်ဆေးရာတွင် မြိုင်မြို့နယ်ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးကျော်မင်းထွန်းနှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများသည် ချိုင်ဇောက်ကျေးရွာမြစိမ်းရောင်စီမံကိန်းလုပ်ငန်းကော်မတီဝင်များနှင့်အတူ မြစိမ်းရောင်​ကျေးရွာ စီမံကိန်းဖြင့် တပိုင်တနိုင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အရောင်အဝယ်လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူးက မြစိမ်းရောင်စီမံကိန်းလုပ်ငန်းကော်မတီဝင်များနှင့် စီမံကိန်းအသင်းဝင်ကျေးရွာသူကျေးရွာသားများအား မြစိမ်းရောင်စီမံကိန်း ရေရှည်တည်တံ့ခိုင်မြဲစေရေး အတိုးအရင်းများကိုသတ်မှတ်ကာလအတွင်း ပြေကျေစွာ ပေးသွင်းကြရန်နှင့် စီမံကိန်းရန်ပုံငွေဖြင့် မိသားစုစီးပွားရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်ကြရန် မှာကြားသည်။

မြိုင်မြို့နယ်၊ ချိုင်ဇောက်ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၂၅ ဦး၊ ငွေကျပ် ၁၃ ဒသမ ၄ သန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၁၉ ဦး၊ ငွေကျပ် ၁၂ ဒသမ ၄ သန်း၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ ၂၁ ဦး၊ ငွေကျပ် ၁၃ ဒသမ ၇ သန်း၊ စုစုပေါင်း ၆၅ ဦး၊ စုစုပေါင်းငွေကျပ် ၃၉ ဒသမ ၅ သန်းကို ငွေတစ်ရာကျပ်လျှင် အတိုးနှုန်း ပြားငါးဆယ်ဖြင့် ထုတ်ချေးပေးထားပြီး အရင်းဆပ်ကာလ တစ်နှစ်၊ အတိုးဆပ်ကာလ နှစ်လတစ်ကြိမ်အဖြစ် ကျေးရွာသူ ကျေးရွာသားများ၏အများဆန္ဒဖြင့် ဆုံးဖြတ်ထားကြောင်း၊ အဆိုပါစီမံကိန်းချေးငွေဖြင့် တပိုင်တနိုင် အသေးစားစီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်အတွက် ကျေးရွာသူကျေးရွာသားများ၏ မိသားစုစားဝတ်နေရေးကို တဖက်တလမ်းက အထောင်အကူပြုကြောင်း မြိုင်မြို့နယ်ဦးစီးမှူး ဦးကျော်မင်းထွန်းထံမှ သိရသည်။

အထွေး