Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

စလင်းမြို့နယ်၌ ယူရီးယားဓာတ်မြေသြဇာများ စျေးနှုန်းချိုသာစွာ ရောင်းချနိုင်ရန်စစ်ဆေး

19 June 22

စလင်းမြို့နယ်၌ ယူရီးယားဓာတ်မြေသြဇာများ စျေးနှုန်းချိုသာစွာ ရောင်းချနိုင်ရန်စစ်ဆေး
*******************************
စလင်း ဇွန် ၁၉

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးတိုးတက်ရေးဦးစီးဌာနက စလင်းမြို့နယ်အတွင်းရှိ မိုးစပါးစိုက်ပျိုးမည့် တောင်သူလယ်သမားများအတွက် ယူရီးယားဓာတ်မြေသြဇာများကို စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးရန်အတွက် တာဝန်ရှိသူများက ဇွန် ၁၈ ရက်နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် မကွေးတိုင်းဒေသကြီးကျေးလက်ဒေသဖွံဖြိုးရေးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးစိုးမောင်၊ စလင်းမြို့နယ်ကျေးလက်ဒေသဖွံဖြိုးရေးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးစိုးခိုင်နှင့်တာဝန်ရှိသူများသည် ယူရီးယားဓာတ်မြေသြဇာ ဖြန့်ဖြူးရောင်းချမည့် ဟိန်းထက်မင်းဓာတ်မြေသြဇာအရောင်းဆိုင်နှင့် ရွှေသြဇာဓာတ်မြေသြဇာအရောင်းဆိုင်တို့တွင် ယူရီးယားဓာတ်မြေသြဇာများ ရောက်ရှိနေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး တိုင်းဒေသကြီးဦးစီးမှူးက ဓာတ်မြေသြဇာအရောင်းကိုယ်စားလှယ်များနှင့် တွေ့ဆုံကာ တောင်သူလယ်သမားများလက်ဝယ် စိုက်ပျိုးချိန်အမီ ရောင်းချပေးနိုင်ရေး ပေါင်းစပ်ညှိုနှိုင်းဆောင်ရွက်ခဲ့သည်။

စလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေတောင်သူများ အရည်အသွေးပြည့်မီသော ယူရီးယားဓာတ်​မြေသြဇာများကို စျေးနှုန်းချိုသာစွာဖြင့် စိုက်ပျိုးချိန်အမီ ဝယ်ယူအသုံးပြုနိုင်ရေးအတွက် မြို့နယ်အတွင်းရှိ ကျေးရွာလယ်ယာမြေစီမံခန့်ခွဲရေးကော်မတီများထံ ယူရီယားဓာတ်မြေသြဇာဝယ်ယူခွင့်လက်မှတ်များထုတ်ပေးခဲ့ပြီး တောင်သူများအနေဖြင့် စလင်းမြို့ရှိ ဟိန်းထက်မင်းဓာတ်မြေသြဇာအရောင်းဆိုင်နှင့် ရွှေသြဇာဓာတ်မြေသြဇာအရောင်းဆိုင်တို့တွင် ယူရီးယားဓာတ်မြေသြဇာ တစ်အိတ်လျင် ၈၉၁၀၀ ကျပ်နှုန်းဖြင့် သွားရောက်ဝယ်ယူနိုင်ကြောင်း စလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

အထွေး