မကွေးတိုင်းဒေသကြီး၊ဆိပ်ဖြူမြို့ နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဂျုတ်ချောင်လေးကျေးရွာ၌မြစိမ်းရောင်ကျေးရွာစီမံ ကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေအဋ္ဌမအကြိမ်ထုတ်ချေးခြင်းကို ဇွန် ၁၆ ရက် မွန်းလွဲပိုင်းကအဆိုပါကျေးရွာ၌ ကျင်းပခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ဆိပ်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမြို့နယ်ဦးစီးမှူး ဦးရဲမင်းအောင် ကျေးလက်နေပြည်သူများ၏ဝင်ငွေလျော့နည်းလာမှု၊စားဝတ်နေရေးအခက်အခဲများကိုကုစားပေးနိုင်ရန်နှင့်လူမှုစီးပွားဘဝများဖွံ့ဖြိုးလာစေရန်ရည်ရွယ်၍ မြစိမ်း ရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေများကို ထုတ်ချေးပေးခြင်းဖြစ်ကြောင်းပြောကြား သည်။
ထို့နောက်ဆိပ်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများကမြစိမ်း ရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များနှင့်အတူဂျုတ်ချောင်လေးကျေးရွာ ၌စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၄၃ဦး၊ငွေကျပ် ၂၅၃သိန်းငါးသောင်း၊
မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၅၁ဦး၊ငွေကျပ်၂၃၄သိန်းနှင့်အရောင်း အဝယ်လုပ်ငန်းလုပ်ကိုင်သူ ၄ဦး၊ငွေကျပ် ၂၂ သိန်းငါးသောင်းစုစုပေါင်းအသင်းသား၊အသင်းသူ ၉၈ ဦးတို့အား တစ်လလျှင်အတိုးနှုန်း ပြား၅၀ နှုန်းဖြင့်မြစိမ်း ရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည် ပတ်ရန်ပုံငွေကျပ်၅၁၀ သိန်းကိုထုတ်ချေးပေးခဲ့ကြောင်းသိရသည်။
နွဲ့ယဥ်