Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ရမည်းသင်းခရိုင်အတွင်း ကျေးရွာ ၁၉ ရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) လုပ်ငန်းများ ဆောင်ရွက်သွားမည်

15 June 22

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ရမည်းသင်းခရိုင် ရမည်းသင်းမြို့နယ်ရှိ ကျေးရွာ ၉ ရွာနှင့် ပျော်ဘွယ်မြို့နယ်ရှိ ကျေးရွာ ၁၀ ရွာတို့ကို ကျေးရွာတစ်ရွာလျှင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP) ခွင့်ပြုငွေကျပ်သိန်း ၁၀၀ နှင့် ပြည်သူ့ထည့်ဝင်ငွေများဖြင့် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကို ဇွန်လ တတိယပတ်မှ စတင်၍ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရမည်းသင်းခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

          ကျေးရွာတစ်ရွာလျှင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ခွင့်ပြုငွေကျပ်သိန်း ၁၀၀ နှင့် ကျေးရွာပြည်သူလူထုထည့်ဝင်ငွေများဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ရမည်းသင်းခရိုင် ရမည်းသင်းမြို့နယ် အတွင်းရှိ ရင်ဂါတ်ကုန်းကျေးရွာ၊ အောင်ချမ်းသာကျေးရွာ၊ သရက်ညီနောင်ကျေးရွာ၊ တူးကုန်းကျေးရွာ၊ အိုင်တိုကျေးရွာ၊ ညောင်ပင်သာကျေးရွာ၊ သိုက်မြေှာင်ကျေးရွာ၊ သာယာကုန်းကျေးရွာ၊ သာစည်ကျေးရွာတို့တွင် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်သည်။

          အလားတူ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းကို ပျော်ဘွယ်မြို့နယ်အတွင်းရှိ  ကြို့ကုန်းကျေးရွာ၊ ယင်းတော်မြို့မကျေးရွာ၊ အုန်းပင်ကျေးရွာ၊ ဆားတောင်(ရှေ့)ကျေးရွာ၊ ပင်သောင်ကျေးရွာ၊ ဒီးဒုတ်ကုန်းကျေးရွာ၊ ဉာဏ်တောကျေးရွာ၊ ရွာသစ်ကျေးရွာ၊ ငှက်မီးကျေးရွာ၊ နောင်ခွင်ကျေးရွာတို့တွင် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

          ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) စီမံကိန်း ဆောင်ရွက်ရာတွင် ကျေးရွာပြည်သူလူထုကိုယ်တိုင် ကျေးရွာများ၏ ပကတိလိုအပ်ချက်များကို ဖော်ထုတ်၍ ကဏ္ဍအလိုက်ဖွံ့ဖြိုးရေးအစီအစဉ်များကို စနစ်တကျစုပေါင်းပြီး ကဏ္ဍပေါင်းစုံပါဝင်သည့် အစီအစဉ်တစ်ရပ်ဖြစ်ပေါ်လာစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် ရမည်းသင်းခရိုင်အတွင်း အဆိုပါစီမံကိန်းကို နှစ်စဉ်အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိပြီး နှစ်စဉ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များဖြစ်သည့် လျှပ်စစ်မီးရရှိရေး၊ သောက်သုံးရေရရှိရေးနှင့် လမ်းခင်းခြင်း၊ တံတားတည် ဆောက်ခြင်းနှင့်ဆက်စပ်လုပ်ငန်းများ စသည့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို စီမံကိန်းခွင့်ပြုရန်ပုံ ငွေကျပ်သိန်း ၁၀၀ ၊ ကျေးရွာပြည်သူလူထုထည့်ဝင်ငွေများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပေး နေကြောင်း ရမည်းသင်းခရိုင်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဇော်မင်းသိုက်ထံမှ သိရသည်။

                                                                                                            သံသာ(ကျေးလက်)