ကျောက်ဆည် ဇွန် ၁၈
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာန က ၂၀၂၀-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် တင်ဒါစနစ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းရှင်းလင်းပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါဦးစီးဌာနအစည်းအဝေးခန်းမ ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ကျောက်ဆည်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းမြင့်က ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် တင်ဒါစနစ်ဖြင့် ကျေးလက်ကုန်ထုတ်လမ်း ၉ လမ်း၊ ကျေးလက်ရေရရှိရေးလုပ်ငန်း ၂၄ခု၊ အခြားလုပ်ငန်း ၁ခုတို့ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက်တင်ဒါအောင်မြင်သည့် ကုမ္ပဏီများမှ တာဝန်ရှိသူများက လုပ်ငန်း ဆောင်ရွက် မည့် အစီအစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာကြသော ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့် ကျေးရွာတာဝန်ခံများက သိလိုသည်များကိုမေးမြန်းကြရာ တင်ဒါ အောင်မြင်သည့် ကုမ္ပဏီများမှ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ ကျောက်ဆည်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင် ဦးစီးမှူးဦးဝင်းမြင့်၊ ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊တင်ဒါအောင်မြင်သည့် ကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် ကျေးရွာတာဝန်ခံများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။