မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာရေးနှစ်တွင် ဌာနမှ Shopping Method ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် ညောင်တိုကျေးရွာအုပ်စု၊ မရမ်းကျေးရွာတွင် တွင်းတိမ်တူးဖော်ခြင်းနင့် ဆက်စပ်လုပ်ငန်းများ၏ မဆောင်ရွက်မီ အခြေအနေအား မိတ္ထီလာခရိုင်မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးသူဇာလှ၊ ဦးစီးအရာရှိ(နည်းပညာ) ဒေါ်အေးဆုမွန်၊ ဝမ်းတွင်းမြို့နယ် မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်ဦး၊ တာဝန်အင်ဂျင်နီယာ ဒေါ်ခိုင်ခိုင်စိုးတို့နှင့်အတူ ကွင်းဆင်း သွားရောက်ကြည့်ရှုခဲ့ပါသည်။