Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

စစ်ကိုင်းတိုင်းဒေသကြီး၊ကန့်ဘလူခရိုင်၊ကျွန်းလှမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရှမ်းစုကျေးရွာ ကုန်ထုတ်လမ်းဆောင်ရွက်မှုအား ကွင်းဆင်းစစ်ဆေးခြင်း

20 June 22

စစ်ကိုင်း ဇွန် ၂၀
 
                     စစ်ကိုင်းတိုင်းဒေသကြီး ၊ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် အတွင်းရှိကျေးလက်နေပြည်သူများ၏  လယ်ယာထွက်ကုန်ပစ္စည်းများ၊ အချိန်မီသယ်ပို့နိုင်စေရန်နှင့် စျေးနှုန်းသက်သာပြီး  စျေးကွက်သို့  လွယ်ကူလျှင်မြန်စွာ  ရာသီမရွေး ပေးပို့နိုင်စေရန် ရည်ရွယ်၍  ကျေးလက်ကုန်ထုတ်လမ်းအကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိရာ  ရှမ်းစုကျေးရွာအုပ်စု၊ ရှမ်းစုကျေးရွာ ကုန်ထုတ်လမ်းဆောင်ရွက်နေမှုအခြေအနေအား (၂၀-၆-၂၀၂၂) ရက်နေ့တွင် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
 
  ထိုသို့ ကွင်းဆင်းရာတွင် ကျွန်းလှမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသိဏ်းမောင်(လက်ထောက်ညွှန်ကြားရေးမှူး)နှင့် မြို့နယ်အင်ဂျင်နီယာတာဝန်ခံ ဦးပြေသာမောင်(ဦးစီးအရာရှိ-နည်းပညာ) တို့မှ  Globalize ကုမ္ပဏီက တာဝန်ယူဆောင်ရွက်နေသော ရှမ်းစုကျေးရွာအုပ်စု၊  ရှမ်းစုကျေးရွာ ကုန်ထုတ်လမ်း    လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေကို မြေပြင်ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး ၊  ကုန်ထုတ်လမ်းလုပ်ငန်းအရည် အသွေးကောင်းမွန်စေရေး၊ သတ်မှတ် စံချိန်စံညွှန်းပြည့်မီစေရေး၊ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင်ဆောင်ရွက်နိုင်ရေး ဆွေးနွေးမှာကြားခဲ့ပါသည်။
 
အဆိုပါ ရှမ်းစုကျေးရွာ ကုန်ထုတ်လမ်းအား  ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ်၊     ပြည်ထောင်စု ခွင့်ပြုရန်ပုံ‌ငွေဖြင့်  (မြေ+ဂျင်း)(၀/၅.၀၉မိုင် - ၁၂'-၂' ၉")ဆောင်ရွက်မှုလုပ်ငန်းများကို Globalize ကုမ္မဏီမှတင်ဒါအောင်မြင်ခဲ့ပြီး ငွေကျပ်သန်း (၃၃.၆၅၁)ဖြင့် အကျိုးပြုအိမ်ခြေ (၄၀၂)၊လူဦးရေ (၂၁၆၆)၊စိုက်ပျိုးဧက (၁၀၀၀)ကျော်ကို အကျိုးပြုမည်ဖြစ်ကြောင်း သိရှိရပါသည်။