Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ဆိပ်ဖြူမြို့နယ် ထန်းပင်ကန်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ထုတ်ချေး

22 June 22

ဆိပ်ဖြူ ၊ ဇွန် ၂၂
  ဆိပ်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန က ထန်းပင်ကန်ကျေးရွာ၌မြစိမ်းရောင်ကျေးရွာစီ မံကိန်း အရင်းမပျောက်လည်ပတ်ရန် ပုံငွေ ထုတ်ချေးခြင်းကို ဇွန် ၂၁ ရက် မွန်းလွဲပိုင်းက အဆိုပါကျေးရွာ၌ ကျင်း ပပြုလုပ်ခဲ့ကြောင်း သိရသည်။
    ရှေးဦးစွာ ဆိပ်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးရဲမင်းအောင် က မြစိမ်း ရောင်ကျေးရွာစီမံကိန်းရန်ပုံငွေဖြင့် ကျေးလက်နေပြည်သူများ တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းများကို ထိထိရောက်ရောက်ဆောင်ရွက်ကြစေလိုကြောင်း အတိုးအရင်းများကိုသတ်မှတ်ရက်အတွင်း ပုံမှန်ပေးသွင်းကြစေလိုကြောင်း၊ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များအနေဖြင့်လည်း လစဥ်ဖြည့်သွင်းရမည့် စာရင်းဇယားများကို ပြည့်စုံမှန်ကန်စွာ ဖြည့်သွင်းကြစေလိုကြောင်း ရှင်းလင်းပြောကြားသည်။
   ထို့နောက် ဆိပ်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ မြို့နယ်ဦးစီးမှူး နှင့် ဝန်ထမ်းများက ထန်းပင်ကန်ကျေးရွာ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များနှင့်အတူ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၇၅ဦး၊ ငွေကျပ် ၃၈ ဒဿမ ၅၅သန်း ၊မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၁၀ ဦး၊ငွေကျပ် ၃ဒဿမ၃၅သန်း၊စုစု ပေါင်း အသင်းသား၊အသင်းသူ  ၈၅  ဦးတို့အတွက် မြစိမ်းရောင်ကျေးရွာစီမံ ကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ်၄၁ဒဿမ ၉သန်းကို ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
  မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ကျေးလက်နေပြည်သူများအလုပ်အ ကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားလာစေခြင်းဖြင့် ​ကျေးလက်ဒေသဆင်းရဲမှုနှုန်းလျော့ကျလာစေရန်ရည်ရွယ်၍ဆောင်ရွက်ပေးခြင်းဖြစ် ကြောင်း ဆိပ်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးရဲမင်းအောင် က ပြောပြ၍ သိရသည်။
                                                     နွဲ့ယဥ်