Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မကွေးမြို့နယ်၌ VDP စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်း

22 June 22

မကွေး ဇွန် ၂၂

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာလူထုကိုယ်တိုင်ပူးပေါင်းဆောင်ရွက်ခြင်းနည်းဖြင့် ကျေးရွာများ၏ ပကတိလိုအပ်ချက်များအား ဖော်ထုတ်ပြီးဖွံ့ဖြိုးရေးအစီအစဥ်များ ရေးဆွဲရန် ရည်ရွယ်ချက်ဖြင့် ကံရွာကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) မိတ်ဆက်ရှင်းလင်းခြင်း နှင့် ကော်မတီဖွဲ့စည်းခြင်းကို တာဝန်ရှိသူများက ဇွန် ၂၁ ရက်နေ့ နံနက် ၉ နာရီက အဆိုပါကျေးရွာ ဓမ္မာရုံ၌ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မကွေးမြို့နယ်ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဒေါ်တင်တင်စိုးက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ဆောင်ရွက်ပေးရခြင်း၏ ရည်ရွယ်ချက်များ၊ စီမံကိန်း၏ သဘောသဘာဝ၊ စီမံကိန်းလက်စွဲပါဆောင်ရွက်ရန်အချက်များနှင့် အခြေခံရမည့်မူများ၊ ကျေးရွာဖွံ့ဖြိုးရေးတိုးတက်ရေးလုပ်ငန်းရွေးချယ်ရာတွင် လိုက်နာရန်အချက်များကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ တက်ရောက်လာကြသော ကျေးရွာသူကျေးရွာသားများ၏ အများသဘောဆန္ဒဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဝင် ၇ ဦးကို ရွေးချယ်ခဲ့ကြောင်းသိရသည်။

ထို့နောက် မကွေးမြို့နယ်ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဒေါ်တင်တင်စိုးက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး ကော်မတီများ၏ တာဝန်များနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းဆောင်ရွက်ရာတွင် ဌာနမှ သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ စနစ်တကျဆောင်ရွက်ရန် ဆွေးနွေးမှာကြားသည်။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွာဘဝဖွံ့ဖြိုးရေးကို စဥ်ဆက်မပြတ် ဖော်ဆောင်ရန်ဟူသော မျှော်မှန်းချက်အား ဘက်ပေါင်းစုံမှ ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိရာ ကျေးရွာလူထုကိုယ်တိုင်ပူးပေါင်းဆောင်ရွက်ခြင်းနည်းဖြင့် ကျေးရွာများ၏ ပကတိလိုအပ်ချက်များအား ဖော်ထုတ်ပြီးဖွံ့ဖြိုးရေးအစီအစဥ်များ ရေးဆွဲရန် ရည်ရွယ်ချက်ဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ကို ၂၀၁၅-၂၀၁၆ခု ဘဏ္ဍာရေးနှစ်က စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း မကွေးမြို့နယ် ဦးစီးမှူး ဒေါ်တင်တင်စိုးထံမှ သိရသည်။

အထွေး