Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မင်းဘူးမြို့နယ် လေးအိမ်တန်းကျေးရွာ၌ လူသုံးကုန် ထုတ်လုပ်နည်းသင်တန်းဆင်းပွဲကျင်းပ

13 June 22

မင်းဘူး ဇွန် ၁၃
       မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ် လေးအိမ်တန်းကျေးရွာ၌ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေ တိုးပွားလာစေရန် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လူသုံးကုန်ထုတ်လုပ်နည်းသင်တန်းဆင်းပွဲ အခမ်းအနားကို ဇွန် လ ၁၂ ရက်နေ့ ညနေ ၃ နာရီက အဆိုပါကျေးရွာ ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
          ရှေးဦးစွာ မင်းဘူးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းမြတ်သိန်းမှ သင်တန်းဆင်း အမှာစကားပြောကြားသည်။ 
       ဆက်လက်၍ မင်းဘူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကိုကိုမှ အဆိုပါ သင်တန်းကို အရင်းအနှီးနည်းပါးခြင်း၊ ပြုလုပ်ရလွယ်ကူခြင်း၊ ကုန်ကြမ်းလက်လှမ်းမီ ဝယ်ယူရရှိခြင်း၊ တစ်နိုင်တစ်ပိုင်စီးပွားဖြစ် ဆောင်ရွက်နိုင်ခြင်းတို့‌ ကြောင့် ဖွင့်လှစ်သင်ကြားပေးခဲ့ရခြင်း ဖြစ်ကြောင်း ၊ သင်တန်းသားများထဲကနေ လူသုံးကုန်ပစ္စည်း ထုတ်လုပ်မည့် အသေးစား၊အလတ်စား စီးပွားရေးလုပ်လုပ်ငန်းရှင်များ ပေါ်ပေါက်လာစေလိုကြောင်းရှင်းလင်းပြောကြားသည်။
            ဆက်လက်၍  မင်းဘူးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းမြတ်သိန်း နှင့် တာဝန်ရှိသူများက အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လူသုံးကုန်ထုတ်လုပ်နည်းသင်တန်း တက်ရောက်ခဲ့သည့် သင်တန်းသား ၊ သင်တန်းသူ (၂၀)ဦးအား သင်တန်းဆင်း လက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
       အဆိုပါ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လူသုံးကုန် ထုတ်လုပ်နည်း သင်တန်းတွင် ဆပ်ပြာဆီအမျိုးမျိုး ပြုလုပ်နည်း၊ ဆပ်ပြာခဲ အမျိုးမျိုး ပြုလုပ်နည်း၊ သဘာဝခေါင်းလျှော်ရည်ပြုလုပ်နည်း များကို သင်တန်းနည်းပြများမှ စာတွေ့    ၊လက်တွေ့ဖြင့် ၅ ရက်ကြာ ဖွင့်လှစ်ပို့ချ ခဲ့ကြောင်း မင်းဘူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကိုကိုထံမှ သိရသည်။
     ဇင်မာ