Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ငဖဲမြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း မိတ်ဆက်ခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်း ပြုလုပ်

15 June 22

ငဖဲ ဇွန် ၁၅        မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့်  မြစိမ်းရောင်ကျေးရွာစီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်း နှင့် ကော်မတီဖွဲ့စည်းကို ဂုတ်ဝကျေးရွာ ဘက်စုံသုံးခန်းမ၌ ဇွန်လ ၁၄ ရက်နေ့ နေ့လည်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
        ရှေးဦးစွာ ငဖဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြို့းတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဝိုင်းယုမော်က မြစိမ်းရောင်စီမံကိန်းရည်ရွယ်ချက် နှင့် စပ်လျဉ်းသည့် အကြောင်းအရာများကို မိတ်ဆက်ရှင်းလင်းပြောကြားသည်။
       ဆက်လက်၍ စီမံကိန်းတာဝန်ခံနှင့်ဝန်ထမ်းများက ကော်မတီဖွဲ့စည်းရာတွင် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များ၊ ကျေးရွာတွင်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ကဏ္ဍအလိုက်ရှင်းလင်းဆွေးနွေးပြီး တက်ရောက်‌လာကြသော ရပ်မိရပ်ဖများ၊ကျေးရွာသူ၊ သားများက မြစိမ်းရောင်စီမံကိန်း လုပ်ငန်းအဖွဲ့ဝင် ကိုးဦး ကို အများသဘောဆန္ဒနှင့် အညီ မဲစနစ်ဖြင့်ရွေးချယ်ဖွဲ့စည်းပေးခဲ့ကြောင်းသိရသည်။
       
        ငဖဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြို့းတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေ တိုးပွားလာစေရန်၊ တစ်နိုင်တစ်ပိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးချဲ့လုပ်လုပ်ကိုင်ရန်၊ လိုအပ်သောငွေကြေးအရင်းအနှီး ရရှိစေရန် စသည့် ရည်ရွယ်ချက်များဖြင့် အကျုံးဝင်သောလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ငဖဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ဦးစီးမှူးဒေါ်ဝိုင်းယုမော် ထံမှ သိရသည်။
    ဇင်မာ