Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ငဖဲမြို့နယ်၌မြစိမ်းရောင်ကျေးရွာစီမံကိန်းငွေစာရင်းထိန်းသိမ်းနည်း ဆိုင်ရာသင်တန်းဖွင့်

21 June 22

ငဖဲ ဇွန် ၂၁

          မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုတိုးတက်ရေးဦးစီးဌာန က ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မည့်  ဂုတ်ဝကျေးရွာရှိ စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များအား စီမံကိန်းဆိုင်ရာ ငွေစာရင်းထိန်းသိမ်းနည်းဆိုင်ရာသင်တန်းကို ယနေ့နံနက်၁၀နာရီ တွင် အဆိုပါဦးစီးဌာနရုံးတွင် ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။

          ရှေးဦးစွာ ငဖဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကိုကိုမှ အဖွင့်အမှာစကား ပြောကြားသည်။

          ထို့နောက် ငဖဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဇင်မာနွယ်နှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက် နှင့် မြစိမ်းရောင်စီမံကိန်းဆိုင်ရာအချက်အလက်များနှင့် ပတ်သက်သော ငွေစာရင်းပုံစံများ၊ ငွေစာရင်းဖြည့်သွင်းခြင်းနှင့် ထိန်းသိမ်းနည်းများကို သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

          အဆိုပါငွေစာရင်းထိန်းသိမ်းနည်း သင်တန်းသို့ မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မည့်  ဂုတ်ဝကျေးရွာမှ စီမံကိန်းလုပ်ငန်းအဖွဲ့ဝင် ခုနှစ်ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကို သင်တန်းနည်းပြများက တစ်ရက်ကြာ ဖွင့်လှစ်ပို့ချခဲ့ ကြကြောင်း ငဖဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဝိုးယုမော် ထံမှ  သိရသည်။

ဇင်မာ