မင်းဘူး ဇွန် ၂၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုတိုးတက်ရေးဦးစီးဌာန က ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မည့် တောင်မန်းကျေးရွာရှိ စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များအား စီမံကိန်းဆိုင်ရာ ငွေစာရင်းထိန်းသိမ်းနည်းဆိုင်ရာသင်တန်းကို ဇွန်လ ၂၀ရက်နေ့ နံနက် ၁၀နာရီတွင် အဆိုပါဦးစီးဌာနရုံးတွင် ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မင်းဘူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးအောင်ကိုကိုမှ အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် မင်းဘူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီအရာရှိ ဒေါ်လှမျိုးသူနှင့် စီမံကိန်းတာဝန်ခံများက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် မြစိမ်းရောင်စီမံကိန်းဆိုင်ရာအချက်အလက်များနှင့် ပတ်သက်သော ငွေစာရင်းပုံစံများ၊ ငွေစာရင်းဖြည့်သွင်းခြင်းနှင့် ထိန်းသိမ်းနည်းများကို သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
အဆိုပါငွေစာရင်းထိန်းသိမ်းနည်း သင်တန်းသို့ မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မည့် တောင်မန်းကျေးရွာမှ စီမံကိန်းလုပ်ငန်းအဖွဲ့ဝင် ခုနှစ်ဦး တက်ရောက်ခဲ့ ကြပြီး သင်တန်းကို သင်တန်းနည်းပြများက တစ်ရက်ကြာ ဖွင့်လှစ်ပို့ချခဲ့ကြကြောင်း မင်းဘူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးအောင်ကိုကိုထံမှ သိရသည်။