ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
လားရှိုး ၊ ဇွန်လ ၂၄ ရက်
**************************************************
၁။ ရှမ်းပြည်နယ် ( မြောက်ပိုင်း) ကျေးလက်ဒေသဖွံ့ဖြိုး
တိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးစောမြင့်ထွန်း၊ လားရှိုး
ခရိုင်ဦးစီးမှူး၊ လားရှိုးမြို့နယ်ဦးစီးမှူးနှင့်အဖွဲ့တို့သည် ယနေ့ နံနက်ပိုင်းအချိန်တွင် ၂၀၂၂- ၂၀၂၃ ခုဘဏ္ဍရေးနှစ် တင်ဒါအောင်မြင်သော ကောင်းကင်အင်ပါယာကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ဝိန်းထန်ကျေးရွာအုပ်စု၊ ကောင်းကန်ကျေးရွာ ကုန်းထုတ်လမ်းခင်းခြင်း ခွင်ပြုငွေကျပ် ( ၄၈.၂၆၂) သန်း ၊ လမ်းအရှည်ပေ ( ၀.၆၂) မိုင် ဆောင်ရွက်နေမှုအခြေအနေအား ကွင်းဆင်းကြည့်ရှုခဲ့ပါကြောင်း သိရသည်။
၂။ ထိုနောက် ဟိုပိတ်ကျေးရွာအုပ်စု၊ မန်ဖိုင်( ပန်ဟုန်း) + ဟိုပိတ်ကြီးကျေးရွာတွင် မြစိမ်းရောင်အတိုးရငွေကျပ် ( ၁၀.၇) သန်း ( ၅၀' x ၃၀' x ၁၂' ) ဖြင့် ကျေးရွာတွင်း ဘက်စုံသုံးခန်းမ တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအားလည်းကောင်း၊
၃။ ဆက်လက်၍ ဟူးမွန်းကျေးရွာအုပ်စု၊ ဟတ်ကာကျေးရွာတွင် မြစိမ်းရောင်အတိုးရငွေကျပ် ( ၁၀. ၀) သန်း (၆၀'x၄၀'x၁၅')
ဖြင့် ကျေးရွာတွင်း ဘက်စုံသုံးခန်းမတည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုခဲ့ပါကြောင်း သိရသည်။