Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ဖြူးမြို့နယ်၊သပြေလှကျေးရွာ၌ စက်ရေတွင်းတူးဖော်နေမှု အခြေအနေအား ကွင်းဆင်းစစ်ဆေး

24 June 22

ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်၊ ဖြူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ်တွင် သပြေလှကျေးရွာ၌ နွေရာသီ ရေရှားပါးမှုမဖြစ် ပေါ်စေရေးနှင့် ကျန်းမာသန့်ရှင်းသော သောက်သုံးရေရရှိရေးအတွက် စက်ရေတွင်းတူးဖော်နေမှု အခြေအနေအား ဇွန် ၂၃ရက် နံနက်က ဖြူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။         

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဖြူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြိုနယ်ဦးစီးမှူး ဦးသိန်းကျော်နှင့်အဖွဲ့သည်  သပြေလှကျေးရွာ၌ ပြည်ထောင်စုရန်ပုံငွေကျပ် ၂၅ ဒဿမ ၃၃၁၂၅ဖြင့် ၄ လက်မ Ø စက်ရေတွင်းတွင်းနက် တူးဖော်နေမှုအခြေအနေများကို ကြည့်ရှု စစ်ဆေးပြီး ကျေးရွာအဆင့်ကော်မတီဝင်များနှင့်တွေ့ဆုံကာ လိုအပ်သည့်နည်းပညာများ ကူညီ ဆောင်ရွက်ပေးသည်။

အဆိုပါကျေးရွာ၌ စက်ရေတွင်းတူးဖော်ပြီးစီးပါက ကျေးရွာအတွင်းရှိ အိမ်ခြေ ၂၅၇အိမ်၊ လူဦးရေ ၅၂၈၅ဦးတို့သည် သောက်သုံးရေဖူလုံစွာရရှိမှာ ဖြစ်ပြီး နွေရာသီ၌ သောက်သုံးရေပေါများစွာ အသုံးပြုခွင့်ရရှိမည်ဖြစ်ကြောင်း ဖြူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြိုနယ် ဦးစီးမှူး ဦးသိန်းကျော်ထံမှ သိရသည်။