ကျောက်ဆည်မြို့နယ်အတွင်း ၂၀၁၈ခု ပ( ၆) လ ဘဏ္ဍာရေးနှစ်မှ မြစိမ်းရောင်ကျေးရွာစီမံကိန်း စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော မြေစိုမိုးကောင်းကျေးရွာအုပ်စု
ထနောင်းတပ်ကျေးရွာမှ စတုတ္ထအကြိမ် အတိုး အရင်းဆပ်ငွေ ၄၂၃၂၅၅၀၀ ကျပ်တိတိအား ၂၄.၆.၂၀၂၂ ရက်နေ့တွင် ပြန်လည်ပေးဆပ်၍ စိုက်ပျိုးရေးလုပ်ငန်း ၆၅ ဦး ထုတ်ချေးငွေ ၂၉၇၅၀၀၀၀ ကျပ်နှင့် မွေးမြူရေးလုပ်ငန်း ၅၉ ဦး ၁၆၄၅၀၀၀၀ ကျပ် စုစုပေါင်း ၁၂၄ ဦး ထုတ်ချေးငွေစုစုပေါင်း ၄၆၂၀၀၀၀၀တိတိအား (၂၄.၆.၂၀၂၂) ရက်နေ့တွင် ပဥ္စမအကြိမ်အဖြစ် နေ့ချင်းဆပ် နေ့ချင်းထုတ်အစီအစဉ်ဖြင့် ကျေးရွာမြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့မှ ထုတ်ချေးပေးမှုအား မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများမှ ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ခဲ့ပါသည်။