Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

Cash For Work စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာဖွံ့ဖြိုးရေးကော်မတီဖွဲ့စည်းခြင်းများ ဆောင်ရွက်ခြင်း

24 June 22

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် သရက်ပင်(အရှေ့)ကျေးရွာ၌ Cash For Work စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာဖွံ့ဖြိုးရေးကော်မတီဖွဲ့စည်းခြင်းများကို ဇွန်လ (၂၁)ရက်နေ့တွင် အဆိုပါကျေးရွာ၌ ဆောင်ရွက်သည်။

                   ရှေးဦးစွာ Cash For Work စီမံကိန်းနှင့် ပတ်သက်၍ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မျိုးမျိုးလတ်က ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် မြို့နယ်အတွင်း၌ သရက်ပင်(အရှေ့)ကျေးရွာတွက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ယင်းသို့အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း(၁၀၀) ဖြင့် သတ်မှတ်ချက်နှင့်ကိုက်ညီသော ကျေးရွာ၏လိုအပ်ချက်များကို ကျေးရွာလူထုကိုယ်တိုင် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ပြောကြားသည်။

                   ယင်းနောက် ကျေးရွာလူထု၏ ဆန္ဒဖြင့် ကျေးရွာဖွံ့ဖြိုးရေးကော်မတီကို ဖွဲ့စည်းခဲ့ ကြောင်း သိရသည်။

                   ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာရေးနှစ်တွင် Cash For Work စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မည့် သရက်ပင်(အရှေ့)ကျေးရွာတွင် အိမ်ခြေ (၁၀၂)အိမ်၊ အိမ်ထောင်စု (၁၀၂)စု၊ လူဦးရေ (၅၉၆)ဦး ရှိကြောင်း သိရသည်။