Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ဘူးသီးတောင်မြို့နယ်၌ ရေပေးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

21 June 22

  ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် ကျေးရွာများ၌ မြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်မည့် ရေပေးရေး လုပ်ငန်းများကို တာဝန် ရှိသူများ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ ညနေပိုင်းက ဆောင်ရွက်ခဲ့ရာ အဆိုပါ စစ်ဆေးဆောင် ရွက်ရာတွင် ဘူးသီးတောင်မြို့နယ် ငလှမ်းပြင် ကျေးရွာ၌ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနက ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်  ပြည်ထောင်စု ရန်ပုံ ငွေဖြင့် ဆောင်ရွက်မည့် မြေသား ရေကန်အနက် တူးဖော်ခြင်းနှင့် ခြံစည်းရိုး ကာရံခြင်း ဆောင်ရွက်မည့် လုပ်ငန်းတို့ကို တာဝန်ခံ အင်ဂျင်နီယာနှင့် ဝန်ထမ်းများ၊ သက်ဆိုင်ရာကုမ္ပဏီမှ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးကြောင်း သိရှိရပါသည်။