Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

သံတောင်ကြီးမြို့နယ်၌ လျှပ်စစ်ဆိုင်ရာ အသိပညာပေးခြင်းနှင့် ပြုပြင်ထိန်းသိမ်းနည်း သင်တန်းဖွင့်လှစ် "

07 June 22

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာနှစ် တွင် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လျှပ်စစ်ဆိုင်ရာအသိပညာပေးခြင်းနှင့် ပြုပြင်ထိန်းသိမ်းနည်းသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်က ကော်ပတ်ခြံကျေးရွာ၌ ကိုဗစ်-၁၉ ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေ့ဦးစွာ သံတောင်ကြီးမြို့နယ် လိပ်သို့မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးစောမြတ်ကျော်နှင့် လိပ်သိုမြို့ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း တာဝန်ခံ ဦးမင်းခိုင်စိုးတို့က အမှာစကားပြောကြပါသည်။

ဆက်လက်၍ သံတောင်ကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းက ကျေးရွာနေပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်ရည်ရွယ်၍ ဖွင့်လှစ်ပေးရခြင်း ဖြစ်ကြောင်း၊ သင်တန်သားသင်တန်သူများ အနေဖြင့် သင်တန်းတွင်ပို့ချမည့် ဘာသာရပ်များကို ကြိုးစားလေ့လာ သင်ယူကြ စေလိုကြောင်း ပြောကြားပါသည်။

ထို့နောက် သင်တန်းနည်းပြက သင်တန်းတွင်ပို့ချမည့် ဘာသာရပ်များကို  ရှင်းလင်းပြောကြားပြီး သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းက သင်တန်းသားများအား သင်ထောက်ကူ ပစ္စည်းများ ပေးအပ်ပါသည်။

အဆိုပါ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လျှပ်စစ်ဆိုင်ရာအသိပညာပေးခြင်းနှင့် ပြုပြင်ထိန်းသိမ်းနည်း သင်တန်းကို သံတောင်ကြီးမြို့နယ်အတွင်းရှိ ကော်ပတ်ခြံ၊ တောင်ဇလဲ၊ သစ်ခွတောင်၊ အလယ်ချောင်းအထက်၊ အလယ်ချောင်းအောက်၊ ရွာသစ်ကုန်း၊ လဘက်အင်း၊ သာမိုးတောင်အောက် စသည့် ကျေးရွာ ရှစ်ရွာမှ သင်တန်းသူ ၁၆ ဦးဖြင့်  သင်တန်းကာလ ၁၀ ရက်ကြာ ဖွင်လှစ်သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းသိရသည်။