စစ်ကိုင်း ဇွန် ၂၁
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးပြီး တမူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၌ "အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ခြင်းယှက်သင်တန်း"ဆင်းပွဲကို ဇွန်လ(၂၁)ရက်နေ့တွင် အဆိုပါဦးစီးဌာန၌ ကိုဗစ်စည်းကမ်းချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ပထမဦးစွာ တမူးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်လွင်ဦး မှ အမှာစကားပြောကြားပြီး တမူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ကြူကြူခိုင် မှ အဆိုပါသင်တန်းတွင် သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်နှင့် သင်ကြားပေးသည့် ပညာရပ်များကို လက်တွေ့ အသုံးချ၍ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေလိုကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ထို့နောက် သင်တန်း နည်းပြမှ လိုအပ်သည်များ မှာကြားခြင်း၊ သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကားပြောခြင်း၊ သင်တန်းနည်းပြအား သင်တန်းနည်းပြခ ပေးအပ်ခြင်း၊ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်/ သင်တန်းဆင်းလက်ဆောင်များ ပေးအပ်ခြင်း၊သင်တန်းဆင်းပွဲ ပြီးမြောက်ကြောင်း ကြေညာခြင်း နှင့် မှတ်တမ်းဓါတ်ပုံရိုက်ကူးခြင်း အစီအစဉ်များဖြင့် သင်တန်းဆင်းပွဲ ကျင်းပခဲ့ကြောင် သိရှိရပါသည်။
အဆိုပါ ခြင်းယှက်သင်တန်းသို့ တမူးမြို့နယ်အတွင်းရှိ ဟဲဇင်းကျေးရွာာ၊ ဗန္ဓုလကျေးရွာတို့မှ သင်တန်းသူ (၁၃)ဦးတက်ရောက်ခဲပြီး သင်တန်းကို စာတွေ့လက်တွေ့ (၁၀)ရက်ကြာ အခမဲ့ဖွင့်လှစ်သင်ကြားပို့ချပေးသွားခဲ့ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်ကြူကြူခိုင် ထံမှ သိရှိရပါသည်။
ကိုမြတ်