မန္တလေးတိုင်းဒေသကြီး၊မြင်းခြံခရိုင်၊မြင်းခြံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတွင်(၁၃.၆.၂၀၂၂)ရက်နေ့မှ (၂၂.၆.၂၀၂၂)ရက်နေ့အထိ၊သင်တန်းသူ(၁၅)ဦးဖြင့်(၁၀)ရက်ကြာ ဖွင့်လှစ်ခဲ့သောဆပ်ပြာဆီနှင့်ခေါင်းလျော်ရည်ပြုလုပ်နည်းသင်တန်းဆင်းပွဲအားမြင်းခြံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုတိုးတက်ရေးဦးစီးဌာနအစည်းဝေးခန်းမတွင်နံနက်(၁၀)နာရီအချိန်ကကျင်းပဆောင်ရွက်ခဲ့ပါသည်။အခမ်းနားတွင်မြင်းခြံခရိုင်၊ခရိုင်ဦးစီးမှူးကိုယ်စားဒေါ်ဆွေဇင်ဦး(လက်ထောက်ညွှန် ကြားရေးမှူး)မှသင်တန်းဆင်းပွဲအဖွင့်အမှာစကားပြောကြားခဲ့ပြီးမြင်းခြံမြို့နယ်ဦးစီးမှူးမှယခုသင်တန်းမှာကျေးလက်နေပြည်သူများအလုပ်ကိုင်အခွင့်အလမ်းများရရှိအောင်ဆောင်ရွက်ခဲ့သောသင် တန်းအမျိုးအစားဖြစ်ပြီးသင်တန်းမှသင်ယူခဲ့သောနည်းပညာများဖြင့်အသက်မွေးဝမ်းကျောင်းလုပ် ငန်းများဆောင်ရွက်အသုံးပြုနိုင်ရန် ပြောကြားခဲ့ပြီး၊သင်တန်းဆင်းလက်မှတ်များပေးအပ်ကြောင်း သိရပါသည်။