Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

၂၀၂၂-၂၀၂၃ ခုဘဏ္ဍာရေးနှစ် လုပ်ငန်းများ မဆောင်ရွက်မီအခြေအနေ ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း

22 June 22

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်နှင့် သာစည်မြို့နယ်တို့ရှိ ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးလက်ရေပေးရေးလုပ်ငန်းများ မဆောင်ရွက်မီအခြေအနေအား ကွင်းဆင်းကြည့်ရှုခဲ့သည်ဟု မိတ္ထီလာခရိုင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သိရှိရပါသည်။

၂၀၂၂-၂၀၂၃ ခုဘဏ္ဍာရေးနှစ်တွင် ဝမ်းတွင်းမြို့နယ်အတွင်း ပြည်ထောင်စုရန်ပုံငွေဖြင့် တင်ဒါ အောင်ကုမ္ပဏီမှ ဆောင်ရွက်မည့် ကိုက္ကိုစုကျေးရွာအုပ်စု၊ ကူနီကျေးရွာ တွင်းနက်တူးဖော်ခြင်း လုပ်ငန်း မှာ မြေအောက်ရေတိုင်းတာမှုရလဒ်အရ Possible(C) ဖြစ်သဖြင့် အခြားရေရရှိနိုင်မည့် နည်းလမ်းများ ရှာဖွေဆောင်ရွက်နိုင်ရေး နှင့် တိုင်းဒေသကြီးရန်ပုံငွေဖြင့်    ညောင်တိုကျေးရွာအုပ်စု၊ မရမ်းကျေးရွာတွင်  ဌာနမှ Shopping Method ဖြင့် ဆောင်ရွက်မည့်  တွင်းတိမ် တူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး မိတ္ထီလာခရိုင်မှ လက်ထောက်ညွှန်ကြားရေးမှူး(နည်းပညာ)၊ ဦးစီးအရာရှိ (နည်းပညာ) ၊ ဝမ်းတွင်းမြို့နယ်မှ မြို့နယ်ဦးစီးမှူး၊ ဦးစီးအရာရှိ (နည်းပညာ) တို့နှင့်အတူ ကွင်းဆင်းကြည့်ရှုခဲ့ပါသည်။

၂၀၂၂-၂၀၂၃ ခုဘဏ္ဍာရေးနှစ်တွင်  သာစည်မြို့နယ်အတွင်း ပြည်ထောင်စုရန်ပုံငွေဖြင့် တင်ဒါ အောင်ကုမ္ပဏီမှ ဆောင်ရွက်မည့် ညောင်တိုကျေးရွာအုပ်စု၊ ရုံးတောကျေးရွာတွင် ပြည်ထောင်စု ရန်ပုံငွေဖြင့် တင်ဒါအောင်ကုမ္ပဏီမှ ဆောင်ရွက်မည့် တွင်းနက်တူးဖော်ခြင်း လုပ်ငန်းမှာ မြေအောက်ရေ တိုင်းတာမှုရလဒ်အရ Possible(C)ဖြစ်သဖြင့် အခြားရေရရှိနိုင်မည့် နည်းလမ်းများ ရှာဖွေဆောင်ရွက် နိုင်ရေးနှင့် တိုင်းဒေသကြီးရန်ပုံငွေဖြင့်   နှမ်းကန်ကျေးရွာအုပ်စု၊ နှမ်းကန်ကျေးရွာတွင် ဌာနမှ Shopping Method ဖြင့် ဆောင်ရွက်မည့်  တွင်းတိမ်တူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး မိတ္ထီလာခရိုင်မှ လက်ထောက်ညွှန်ကြားရေးမှူး(နည်းပညာ) ၊ ဦးစီးအရာရှိ (နည်းပညာ) ၊ သာစည် မြို့နယ် မြို့နယ်ဦးစီးမှူး၊ အငယ်တန်းအင်ဂျင်နီယာ-၂တို့နှင့်အတူ ကွင်းဆင်း ကြည့်ရှုခဲ့ပါသည်။