Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျောက်ဖြူမြို့နယ် ကုန်ဘောင်ကျေးရွာ၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

18 June 22

      ရခိုင်ပြည်နယ်၊ကျောက်ဖြူခရိုင်၊ကျောက်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းက ကျောက်ဖြူမြို့နယ် ကုန်ဘောင်ကျေးရွာ၌ ကျင်းပခဲ့ရာ ကျောက်ဖြူ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျော်ဝင်းနိုင်နှင့် ဝန်ထမ်းများ၊ ဒေသခံ ပြည်သူများက ကုန်ဘောင်ကျေးရွာ အဝင်ဆိုင်း ဘုတ်တွင် အလှပျိုးပင်စုစုပေါင်း ၁၀၀နှင့် လမ်းဘေးဝဲ၊ယာတွင် ကျွန်း၊  မဲဇလီ၊  မန်ဂျန်ရှား အစရှိသည့် အရိပ်ရ  သစ်မာပင်  စုစုပေါင်း ၁၈၀ တို့ကို စုပေါင်း စိုက်ပျိုးခဲ့ပြီး  အဆိုပါ သစ်ပင် စိုက်ပျိုးပွဲသို့   ကျောက်ဖြူမြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန၊  မြို့နယ်ဦးစီးမှူး ဦးကျော်ဝင်းနိုင်နှင့် ဝန်ထမ်းများ၊ ကုန်ဘောင် ကျေးရွာမှ ဒေသခံပြည်သူ ၈၅ ဦး တက်ရောက်ခဲ့ပြီး သဘာဝ ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး၊ ရာသီဥတု ကောင်းမွန်မျှတရေး၊ သစ်တော၊ သစ်ပင်များ ထိန်းသိမ်းရေးနှင့် ဒေသ အပူချိန်လျှော့ချနိုင်စေရေးအတွက် ရည်ရွယ်၍ စိုက်ပျိုးခဲ့ကြောင်း မြို့နယ်ဦးစီးမှူး ဦးကျော်ဝင်းနိုင်က ပြောကြားခဲ့ကြောင်း  သိရှိရပါသည်။