ပျော်ဘွယ် ၊ ဇွန် ၂၁
ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ဒီးဒုတ်ကုန်းကျေးရွာ၌ ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) အကြောင်းအရာများကို ကျေးရွာပြည်သူလူထုသိရှိနိုင်စေရေး မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေး ကျေးရွာကော်မတီ ဖွဲ့စည်းခြင်းကို ဇွန် ၂၁ ရက်၊ နံနက် ၁၀ နာရီ က အဆိုပါကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ရမည်းသင်းခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအေးမင်းနိုင်က အမှာစကားပြောကြားပြီး စီမံကိန်းလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းပြော ကြားသည်။
ဆက်လက်၍ VDP စီမံကိန်းတာဝန်ခံ ဒေါ်မြင့်မာဝင်း က ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက် ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ကျေးရွာဖွံ့ဖြိုးရေးကော်မတီဖွဲ့စည်းခြင်း၊ စီမံချက်ရေးဆွဲခြင်းနှင့် စီမံကိန်းကော်မတီဝင်များ၏ တာဝန်ဝတ္တရားများနှင့် ကိုရှင်းလင်းပြောကြား သည်။
ထို့နောက်အစည်းအဝေးသို့တက်ရောက်လာကြသော ကျေးရွာသူ၊ ကျေးရွာသားများ၊ ရပ်မိရပ်ဖ များက မိမိတို့ကျေးရွာအတွက် တာဝန်ယူဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင် ခုနှစ် ဦး ကို အများသဘောဆန္ဒနှင့်အညီ ရွေးချယ်ပေးခဲ့ကြောင်းသိရသည်။
ပျော်ဘွယ်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP) ကို ကျေးရွာ ၁၀ ရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ပံ့ပိုးရန်ပုံငွေ ကျပ် သိန်း ၁၀၀ နှင့် ကျေးရွာပြည်သူလူထုထည့်ဝင်ငွေများဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် မြို့နယ်တာဝန်ခံအင်ဂျင်နီယာများမှ နည်းပညာပံ့ပိုးကူညီသွားမည်ဖြစ်ပြီး ကျေးရွာပြည်သူ လူထုကိုယ်တိုင်ဆောင်ရွက်ရသော စီမံကိန်းဖြစ်ကြောင်း သိရသည်။
သံသာ(ကျေးလက်)