ဝမ်းတွင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးကြပ်အကောင်အထည် ဖော်ဆောင်ရွက်လျှက်ရှိသည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း ကျေးရွာ(၁၂)ယူနစ်ဖြစ်သည့် လိပ်တက်ကျေးရွာ၊ ဆူးဖြူကန်ကျေးရွာ၊ သံဘိုကျေးရွာ၊ မလွှပင်ကျေးရွာ၊ ကုလားရွာကျေးရွာ၊ ညောင်ပင် ကျေးရွာ၊ ခြင်္သေ့လက်ကျေးရွာ၊ နွားနန်းကျေးရွာ၊အောင်သာ(မ)ကျေးရွာ၊ ဒါးဟတ် +ပဲလွန်းကုန်းကျေးရွာ၊ ကင်းရွာကျေးရွာ၊ ဖလန်ကန်ကျေးရွာတို့မှာ (၂၀၂၂-၂၀၂၃) ခုဘဏ္ဍာရေးနှစ် (၆/၂၀၂၂)လ အတွင်း အရင်းဆပ်ကာလ ပြည့်မြောက်ပြီးဖြစ်ပါသဖြင့် အဆိုပါ ကျေးရွာ (၁၂) ယူနစ်အား ပုံစံ(၇-ခ)တွင် စာရင်းပြုစုထိန်းသိမ်း၍ ရန်ပုံငွေထုတ်ချေးခြင်းများ ဆောင်ရွက် နိုင်ရေး မြို့နယ်ဆင့်မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းအဖွဲ့ဝင်များဖြင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား (၂၁-၆-၂၀၂၂)ရက်နေ့ နံနက်ပိုင်း၌ ဝမ်းတွင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါ သည်။