Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျိုင်းတုံမြို့နယ် ကတ်ထိုက်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် ဆောင်ရွက်ထားသော လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး "

22 June 22

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကတ်ထိုက်ကျေးရွာအုပ်စု၊ ကတ်ထိုက် ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ကျပ် ၃၀၃သိန်းဖြင့် ဆောင်ရွက်ထားသော လုပ်ငန်းများကို ဇွန် ၂၁ ရက်တွင် တာဝန်ရှိသူများက ကွငးဆင်းစစ်ဆေး ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန ဦးစီးမှူး ဦးမျိုးမင်းသန့်၊ ကျိုင်းတုံခရိုင်ဦးစီးမှူး ဦးကျုံးလျန်ဗွိုင်း၊ မြို့နယ်ဦးစီးမှူး ဦးရဲခေါင်နှင့် တာဝန်ရှိသူများသည် ကတ်ထိုက်ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းလည်ပတ်ရန်ပုံငွေဖြင့် ဆောင်ရွက်ထားသော စိုက်ပျိုးရေး၊ မွေးမြူရေး၊ အရောင်းအဝယ်လုပ်ငန်းများနှင့် လအလုက်ဖြည့် သွင်းရမည့် ငွေစာရင်းပုံစံများ ပြည့်စုံမှု ရှိ/မရှိစစ်ဆေးပြီး လိုအပ်သည်များကို ပြည်နယ်ဦးစီးမှူးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ကျိုင်းတုံမြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှစတင်ကာ ယခု ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အထိ စုစုပေါင်း ကျေးရွာယူနစ် ၈၀ ယူနစ်၊ ကျေးရွာပေါင်း ၁၆၁ရွာ စီမံကိန်း လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ကျိုင်းတုံမြို့နယ် ဦးစီးမှူး ဦးရဲခေါင်ထံမှ သိရသည်။