Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

သဲကုန်းမြို့နယ်၌ အသက်မွေးဝမ်ကျောင်းအထောက်အကူပြု သီးနှံအခြေခံယိုအမျိုးမျိုးနှင့် ဆန်ကိတ်မုန့်၊ဆန်ကွက်ကီးပြုလုပ်နည်းသင်တန်းဖွင့်လှစ်

09 June 22

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် သဲကုန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးက ကျေးလက်နေပြည်သူများ အသက်မွေးဝမ်းကျောင်းအထောက်အကူပြုစေရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်ရည်ရွယ်၍ သီးနှံအခြေခံယိုအမျိုးမျိုးနှင့် ဆန်ကိတ်မုန့်၊ ဆန်ကွက်ကီးပြုလုပ်နည်းသင်တန်း အခမ်းအနားကို ဇွန်လ ၇ ရက်က ဇလဲ့ကျေးရွာအုပ်စု၊ လက်ပံတန်းကျေးရွာ ရွာဦးဓမ္မာရုံး၌ ကျင်းပသည်။

အခမ်းအနားတွင် သဲကုန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊မြို့နယ်အုပ်ချုပ်ရေးမှူး ဦးယဉ်ထွေးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး သဲကုန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူး ဒေါ်လေးလေးလွင်မှ သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်အားရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပြည်ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန သင်တန်းနည်းပြဆရာ ဦးသိန်းဇော်မှ သင်တန်းတွင်သင်ကြားမည့်သင်ရိုးညွှန်တမ်းများအား ရှင်းလင်ပြောကြား၍ ပြည်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးငြိမ်းမြင့်ဇော်မှ နိဂုံချုပ်အမှာစကာပြော ကြားခဲ့ကြောင်းသိရသည်။

အဆိုပါ အသက်မွေးဝမ်ကျောင်းအထောက်အကူပြု သီးနှံအခြေခံယိုအမျိုးမျိုးနှင့် ဆန်ကိတ်မုန့်၊ ဆန်ကွက်ကီးပြုလုပ်နည်းသင်တန်းကို ဇလဲ့ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ သင်တန်းသား ၄ဦး၊သင်တန်းသူ ၁၆ဦး စုစုပေါင်း ၂၀ဦးဖြင့် သင်တန်းကာလ(၁၀)ရက်ဖြင့် အခမဲ့ဖွင့်လှစ်သင်ကြားပို့ချပေးမည့်ဖြစ်ကြောင်း အဆိုပါဦးစီးဌာနထံမှသိရသည်။