Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ပေါင်းတည်းမြို့နယ်၊ရွာလှကျေးရွာ၌ Cash For Workစီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီ ဖွဲ့စည်းခြင်း ပြုလုပ်

07 June 22

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က   ကိုဗစ်-၁၉ကာလအတွင်း အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး မိသားစုဝင်ငွေတိုးပွား လာစေ ရန်စသည့် ရည်ရွယ်ချက်ဖြင့် ရွာလှကျေးရွာ၌ အကောင်အထည်ဖော်ဆောင်ရွက်မည့် Cash for Work စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့်ကျေးရွာကော်မတီဖွဲ့စည်းခြင်းကို ဇွန် ၅ရက်က အဆိုပါ ကျေးရွာ ရှိဓမ္မာရုံမှာ ပြုလုပ်သည်။

          ရှေ့ဦးစွာ ပေါင်းတည်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်ဦးစီးမှူး ဦးစိုးကျော်ထွန်းက အဖွင့်အမှာစကားပြောကြား၍  ပေါင်းတည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ၊‌ဒေါ်ချိုချိုအေးက စီမံကိန်းအကြောင်းအရာများ၊ လုပ်ငန်းစဉ်များ၊ ရရှိလာမည့်အကျိုးကျေးဇူးများနှင့်ကော်မတီဖွဲ့စည်းရာတွင်လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ ကို ပြောကြားခဲ့ကြောင်း သိရသည်။

          ရွာလှကျေးရွာရှိ Cash For Workစီမံကိန်းအတွက် ကျေးရွာကော်မတီဝင် ၉ဦးကို အဆိုပါကျေးရွာမှ ကျေးရွာသူ၊ကျေးရွာသားများ၏ ဆန္ဒနှင့်အညီ ရွေးချယ်ခဲ့ကြောင်း အဆိုပါ ဦးစီးဌာနထံမှ သိရသည်။