ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင် မင်းပြားမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီး ဌာနမှ မြစိမ်းရောင်ကျေးရွာ စီမံကိန်းအား ကျေးရွာ(၄၅)ရွာတို့တွင် အကောင်အထည်ဖော် ဆောင် ရွက်လျက်ရှိပြီး မင်းပြား မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီဝင်ဖြင့် ဆပ် - ထုတ် - ချေး စနစ်ဖြင့် ပြန်လည် ထုတ်ချေး ဆောင်ရွက်မည်ဖြစ်ရာ လက်မ(ရခိုင်) ကျေးရွာ ဆဌမအကြိမ် ထုတ် ချေးခြင်းနှင့် ခြိတ်တောင်ကျေးရွာတွင် သတ္တမအကြိမ် ချေးငွေ ပြန်လည်ထုတ်ချေးခဲ့ပြီး ထိုသို့ ထုတ်ချေးခြင်းဖြင့် ကျေးရွာသူ/ သားများ အနေဖြင့် စိုက်ပျိုးရေး လုပ်ငန်းများ၊ မွေးမြူရေး လုပ်ငန်း များနှင့် ရေလုပ်ငန်းများဖြင့် လုပ်ကိုင်နေသူများ အနေဖြင့် မိမိတို့ စီးပွားရေး လုပ်ငန်းများဆောင် ရွက်ခြင်းဖြင့် ၎င်းတို့၏ မိသားစုဝင်ငွေ တိုးပွားလာစေပြီး အဆင်ပြေ ချောမွေ့လာမည် ဖြစ်ပါ ကြောင်းသိရှိရပါသည်။