ပဲခူးတိုင်းဒေသကြီး၊ ဇီးကုန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကိုဗစ်-၁၉ကာလအတွင်း အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး မိသားစုဝင်ငွေတိုးပွားလာစေရန် စသည့်ရည်ရွယ်ချက်ဖြင့် ဘုရားကြီးကုန်းကျေးရွာ၌ အကောင်းအထည်ဖော်ဆောင်ရွက်မည့် Cash for Workစီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့်ကျေးရွာကော်မတီဖွဲ့စည်းခြင်းကို ဇွန် ၇ရက်က အဆိုပါကျေးရွာရှိ ရွာလည်ဓမ္မာရုံမှာ ပြုလုပ်သည်။
ရှေ့ဦးစွာ ဇီးကုန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်လဲ့လဲ့မွန်က စီမံကိန်းအကြောင်းအရာများ၊လုပ်ငန်းစဉ်များနှင့် ရရှိလာမည့်အကျိုးကျေးဇူးများကို မိတ်ဆက်ရှင်းလင်းပြောကြားပြီးနောက် ကျေးရွာစီမံကိန်းတာဝန်ခံ ဒေါ်သင်းအိအိဖြိုးက ကော်မတီ ဖွဲ့စည်းရာတွင်လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို ပြောကြားခဲ့ကြောင်း သိရသည်။
ဘုရားကြီးကုန်းကျေးရွာရှိ Cash For Workစီမံကိန်းအတွက် ကျေးရွာကော်မတီဝင် ၇ဦးကို အဆိုပါကျေးရွာမှ ကျေးရွာသူ၊ကျေးရွာသားများ၏ ဆန္ဒနှင့်အညီ ရွေးချယ်ခဲ့ကြောင်း အဆိုပါ ဦးစီးဌာနထံမှ သိရသည်။