ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျင်းပ သော မြစိမ်းရောင် ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ လွှဲပြောင်းပေးခြင်း အခမ်း အနားကို ယမန့်နေ့နံနက်(၁၀:၀၀)နာရီက မြို့နယ်ကျေးလက်ရုံး၌ ကျင်းပခဲ့ရာ ဂွမြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများမှ ကျေးရွာ (၃) ယူနစ်ရှိ မြစိမ်း ရောင်ကျေးရွာလုပ်ငန်း အဖွဲ့များနှင့် ကွင်းဆင်းကြီးကြပ်၍ ကျေးရွာအရောက် အသင်းသားများထံသို့ ချေးငွေများအား အောင်မြင်စွာ ထုတ်ချေးပေးခဲ့ကြောင်း သိရှိရပါသည်။