Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ရပ်​စောက်မြို့နယ်၊ ​ ညောင်ပင်သာကျေးရွာ၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်း ဆင်းပွဲကျင်းပ

01 June 22

ရပ်​စောက်မြို့နယ်၊ ​ ညောင်ပင်သာကျေးရွာ၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်း ဆင်းပွဲကျင်းပ

============================
ရပ်စောက် ဇွန်လ ၁ ရက်
==============
 
 သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး‌‌ ရေးဝန်ကြီးဌာန ၊ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင် ၊ရပ်‌စောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ် တွင် ကျေးလက်နေ အမျိုးသမီးများ အသက်မွေးဝမ်း ကျောင်းအထောက် အကူပြုစေရန်နှင့်အလုပ်အကိုင်အခွင့်အလမ်း များ ရရှိစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းက ပါမဲကျေးရွာအုပ်စု၊ ညောင်ပင်သာကျေးရွာ ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
 
 ပထမဦးစွာ ရပ်စောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရှေးရယ်က သင်တန်းဆင်း အမှာစကားပြောကြားရာတွင် သင်တန်းသူများအနေဖြင့် သင်တန်းမှ သင်ကြားပို့ချခဲ့သော အခြေခံ
အပ်ချုပ်စက်နည်းပညာများကို လက်တွေ့နယ်ပယ်တွင်အသုံးချပြီး မိသားစုဝင် ငွေတိုးပွါးရေးလုပ်ငန်းများကို တစ်ဖက်တစ်လမ်းမှ ဆောင်ရွက်ကြစေလိုကြောင်းနှင့် ရှေ့ဆက်ဖွင့်လှစ်သွားမည့် သင်တန်းများနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။
 
ထို့နောက် ရပ်စောက်မြို့နယ်ကျေးလက်ဒေ သဖွံဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများက သင်တန်းသားများထံသို့ သင်တန်းထူးချွန်ဆုများ၊သင်တန်းဆင်းလက်မှတ်များနှင့် သင်ထောက်ကူပစ္စည်း များကို အသီးသီးပေးအပ်ခဲ့‌ သည်။
 
အဆိုပါသင်တန်းသို့ ရပ်စောက်မြို့နယ်အတွင်းရှိ ညောင်ပင်သာကျေးရွာ၊ ထင်းကွင်းကျေးရွာ၊ မြေနီကျေးရွာ၊ နန်းဟူးကျေးရွာ နှင့် ရွာသစ်ကျေးရွာတို့မှ သင်တန်းသူ ၂၀ ဦးတက်ရောက်သင်ကြားခဲ့ကြပြီး သင်တန်းတွင် အခြေခံ အပ်ချုပ်စက်နည်းနှင့် ပတ်သက်သည့် သင်ခန်းစာအမျိုးမျိုးကို ကျွမ်းကျင်ဆရာမ (၂)ဦး က စာတွေ့၊လက်တွေ့ နှစ်မျိုးဖြင့် (၁)လကြာ အခမဲ့သင်ကြားပို့ချပေးခဲ့ကြောင်း ရပ်စောက်​မြို့နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦး​ရှေးရယ်ထံမှ သိရသည်။