Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

တောင်ကြီးမြို့နယ်၊ အုပ်ဖိုကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေများ ဆဉ္စမအကြိမ်မြောက် ထုတ်ချေး

09 June 22

တောင်ကြီးမြို့နယ်၊ အုပ်ဖိုကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေများ ဆဉ္စမအကြိမ်မြောက် ထုတ်ချေး
========================================================================================================
တောင်ကြီး  ဇွန်လ ၉  ရက်
===================
 
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုး‌‌ရေးဝန်ကြီးဌာန ၊ရှမ်းပြည်နယ်( တောင်ပိုင်း)တောင်ကြီးခရိုင်၊ တောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက  ဘန့်ကွေးကျေးရွာအုပ်စု၊  အုပ်ဖိုကျေးရွာရှိ ​ကျေးလက်နေပြည်သူများ ဆင်းရဲမှုလျော့ချစေရန်၊တစ်နိုင်တစ်ပိုင်စိုက် ပျိုးရေး၊မွေးမြူရေးလုပ်ငန်းများနှင့်အခြားမိသားစုဝင်ငွေတိုးစီးပွားရေးလုပ်ငန်းများဆောင် ရွက်နိုင်စေရန်ရည်ရွယ်၍  မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ် ရန်ပုံငွေများ ဆဉ္စမအကြိမ်မြောက်  ပြန်လည်ထုတ်ချေးခြင်းကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများမှ အဆိုပါကျေးရွာအရောက် ကွင်းဆင်း ထုတ်ချေးပေးခဲ့ကြောင်းသိရသည်။
 
 
 ရှေးဦးစွာ တောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြို့နယ် ဦးစီးမှူး ဦးအောင်နိူင်ဝင်းက ကျေးရွာရှိ ရပ်မိရပ်ဖများ၊ မြစိမ်းရောင်  အသင်းသူ/အသင်းသားများ ၊ကျေးရွာ စီမံကိန်း လုပ်ငန်းကော်မတီ အဖွဲ့ဝင်များနှင့် တွေ့ဆုံပြီး မြစိမ်းရောင်ကျေးရွာစီမံကိန်း အကြောင်းအရာများ၊ အတိုး နူန်းနှင့်ကာလ သတ်မှတ်ချက်များကို ရှင်းလင်း‌ပြောကြားကာ စီမံကိန်းတာဝန်ခံနှင့် ဝန်ထမ်းများက မြစိမ်းရောင် ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေများအား မြစိမ်းရောင်‌ ကျေးရွာစီမံကိန်း လုပ်ငန်း အဖွဲ့ဝင်များအား လွှဲပြောင်းပေးအပ်ခဲ့သည်။
 
ဆက်လက်၍ မြို့နယ်ဦးစီးမှူးနှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများက ကျေးရွာစီမံကိန်း လုပ်ငန်းအဖွဲဝင်များနှင့်အတူ   အုပ်ဖိုကျေးရွာတွင် ဆဉ္စမအကြိမ်မြောက် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ  စုစုပေါင်း အသင်းသူ/သား (၁၀၇)ဦးကို အရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ်(၄၄၇)သိန်း အား  ကျေးရွာသူ/သားများ၏ တစ်ဦးချင်း လက်ဝယ်အရောက်  ထုတ်ချေးပေးခဲ့ပြီး စီမံကိန်းလုပ်ငန်းများလည်ပတ်အကောင် အထည်ဖော်ဆောင်ရွက် နေမှုအခြေအနေများကို ကြည့်ရှု့စစ်ဆေးခဲ့ကြောင်း ​တောင်ကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦး​အာင်နိူင်ဝင်းထံ မှ သိရသည်။