ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ခု၊ ဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကျောင်းအထောက်ကူပြု ပန်းကြယ်သီးထိုးနည်းနှင့် ဆံအုပ်ဘိုးပြုလုပ်နည်းသင်တန်း(၁/၂၀၂၂)ကို ကျောင်းကုန်းကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ဖွင့်လှစ်ခဲ့ပါသည်။
ကျေးလက်နေပြည်သူများ အိုးမကွာအိမ်မကွာနေထိုင်ပြီး စီးပွားရေးလုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက်နိုင်ရန်နှင့် ဒေသထွက်ပစ္စည်းများအသုံးချ၍ စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ပန်းကြယ်သီးထိုးနည်းနှင့် ဆံအုပ်ဘိုးပြုလုပ်နည်းသင်တန်းကို ကျောင်းကုန်းကျေးရွာတွင် ဖွင့်လှစ်ဆောင်ရွက်ခြင်းဖြစ်ပါသည်။ အဆိုပါသင်တန်းကို ဇွန်လ ၆ရက်မှ၂၀ရက်အထိ ၁၅ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းသို့ ကျေးရွာနေပြည်သူ ၂၅ဦး တက်ရောက်လျက်ရှိပါသည်။