ရခိုင်ပြည်နယ်၊ကျောက်ဖြူခရိုင်၊မာန်အောင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် ကံ့ကော်တောကျေးရွာ အုပ်စု၊ ဖက်ယားကျေးရွာနှင့် ပန်းဖဲကျေးရွာအုပ်စု၊ မကျည်းကုန်းကျေးရွာနှစ်ရွာသို့ ဇွန် ၁ ရက်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း မိတ်ဆက် ရှင်းလင်းခြင်းနှင့် ကော်မတီ ဖွဲ့စည်းခြင်း ဆောင်ရွက်ခဲ့ရာ ကျေးရွာနှစ်ရွာ၌ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမောင် မောင်လွင်နှင့် စီမံကိန်းတာဝန်ကျ ဝန်ထမ်းများက စီမံကိန်း မိတ်ဆက်ရှင်းလင်းပြီး ကျေးရွာသူ ကျေးရွာသားများ၏ ဆန္ဒမဲစနစ် စည်းမျဉ်း စည်းကမ်းများနှင့်အညီ ကျေးရွာ ကော်မတီကို ရွေးချယ် ပေးကြပြီး ယခု အကောင်အထည်ဖော် ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာ စီမံကိန်းအတွက် ကျေးရွာတစ်ရွာလျှင် နိုင်ငံတော်မှ ငွေကျပ် သိန်းသုံးရာ မတည်ပေးမည်ဖြစ်ရာ ကျေးရွာသူ ကျေးရွာ သားများ၏ အလုပ်အကိုင် အခွင့်အလမ်းများ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ဆောင်ရွက် ပေးခြင်းကြောင့် မိသားစုဝင်ငွေ တိုးပွားလာနိုင်ပြီး ကျေးလက်ဒေသရှိ ဆင်းရဲမှုကို လျော့ချသွားနိုင် မည်ဖြစ်ကြောင်းနှင့် မာန်အောင်မြို့နယ်တွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်းကို ၂၀၁၄ -၂၀၁၅ ဘဏ္ဍာ ရေးနှစ်မှ စတင်ဆောင်ရွက်ခဲ့ရာ ယခုဘဏ္ဍာနှစ်တွင် ဆောင်ရွက်မည့် ကျေးရွာနှစ်ရွာ အပါအဝင် စီမံကိန်းကျေးရွာ ၃၆ ရွာထိ ရှိလာပြီ ဖြစ်သဖြင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေပြီး အခြေခံအ ဆောက်အဦများလည်း တိုးတက်ပြည့်စုံလာနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။