Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးသီးမြို့နယ်၊ ဝမ်ဝပ်ကျေးရွာ၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဆိုင်ကယ်ပြင်သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

01 June 22

ကျေးသီးမြို့နယ်၊ ဝမ်ဝပ်ကျေးရွာ၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဆိုင်ကယ်ပြင်သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
=====================================================================================================
ကျေးသီး  ဇွန် ၁ ရက်
================
 ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ လွိုင်လင်ခရိုင်၊ ကျေးသီး မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ် တွင် ကျေးလက်နေပြည်သူများ အသက် မွေးဝမ်း ကျောင်းအထောက်အကူပြုစေရန် နှင့်အလုပ်အကိုင်အခွင့်အလမ်း များ ရရှိစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သည့်  အသက် မွေးဝမ်း ကျောင်း အထောက်အကူပြု  ဆိုင်ကယ်ပြင် သင်တန်းဆင်းပွဲကို  ယနေ့ နံနက် (၁၀:၀၀)နာရီအချိန်က ဝမ်ဝပ်ကျေးရွာအုပ်စု၊ ဝမ်ဝပ်ကျေးရွာ စာသင်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
 
ပထမဦးစွာ  ကျေးသီးမြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်  ဗိုလ်မှူး မျိုးခိုင်ဝင်းမှ သင်တန်းဆင်းအမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦး‌အေးနိူင်က  သင်တန်းမှ သင်ကြား ပို့ချခဲ့သော ဆိုင်ကယ်ပြုပြင်နည်းသင်ခန်းစာများကို လက်တွေ့နယ်ပယ်တွင်အသုံးချပြီး မိသားစုဝင် ငွေတိုးပွါးရေးလုပ်ငန်းများကို တစ်ဖက်တစ်လမ်းမှ ဆောင်ရွက်ကြစေလိုကြောင်းနှင့် ရှေ့ဆက် ဖွင့်လှစ်သွားမည့် သင်တန်းများ နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
 
ထို့နောက် ကျေးသီးမြို့နယ်ကျေးလက်ဒေ သဖွံဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများက သင်တန်း သား များထံသို့ သင်တန်းထူးချွန်ဆုများ၊သင်တန်းဆင်းလက်မှတ်များနှင့် သင်ထောက်ကူပစ္စည်း များကို အသီးသီးပေးအပ်ခဲ့‌သည်။
 
အဆိုပါ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု  ဆိုင်ကယ်ပြင်သင်တန်းကို  ကျေးသီးမြို့နယ်အတွင်းရှိကျေးရွာများမှ သင်တန်းသား (၁၅) ဦးတက်ရောက်ကြပြီး သင်တန်းတွင်  မော်တော်ဆိုင်ကယ်ပြုပြင်ခြင်းနှင့် ပတ်သက်သည့် သင်ခန်းစာများကို  ကျွမ်းကျင်ဆရာများက   စာတွေ့၊လက်တွေ့  တစ်လ ကြာအခမဲ့သင်ကြားပို့ချပေးခဲ့‌ကြောင်းကျေးသီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအေးနိူင်ထံမှ သိရသည် ။