Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မြောက်ပိုင်းခရိုင်ရုံးမှ တာဝန်ရှိသူများ ထန်းတပင်မြို့နယ် ကျေးလက်ရုံးသို့ ဌာနတွင်းစစ်ဆေးခြင်း

01 June 22

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ခု ဘဏ္ဍာရေးနှစ်(၆)လဘတ်ဂျတ်တွင် ဆောင်ရွက်လျှက်ရှိသော လုပ်ငန်းများနှင့်စပ်လျဉ်း ၍ ခွင့်ပြုဘဏ္ဍာငွေအား ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းနှင့်အညီ စနစ်တကျသုံးစွဲထားရှိမှု ရှိ/မရှိ၊ မှတ်တမ်းများစနစ်တကျရေးသွင်းထားရှိမှု ရှိ/မရှိ နှင့့် စာရင်းဇယားများပြည့်စုံမှန်ကန်မှု ရှိ/မရှိအား (၃၀.၅.၂၀၂၂)ရက်နေ့တွင် မြောက်ပိုင်းခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူထွေး ဦးဆောင် သောအဖွဲ့များ လာရောက်စစ်ဆေးခဲ့ပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ပါသည်။

ထို့နောက် မြောက်ပိုင်းခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူထွေး ဦးဆောင်သော အဖွဲ့များသည် ရုံးတွင်း/ရုံးပြင် သန့်ရှင်းသာယာလှပရေးအတွက် အပတ်စဉ်ရှင်းလင်းမှုရှိ/မရှိ လိုက်လံ စစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ပါသည်။