Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

သံတွဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၌ ခေတ်မီစံပြကျေးရွာ ထူထောင်ရေး စီမံချက် မိတ်ဆက်ရှင်းလင်းခြင်း အခမ်းအနား ကျင်းပ

21 May 22

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ သံတွဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီး ဌာနမှ ၂၀၂၂ -၂၀၂၃ခု ဘဏ္ဍာရေးနှစ်တွင် ကျင်းပသော ခေတ်မီ စံပြကျေးရွာ ထူထောင်ရေး စီမံချက် မိတ်ဆက် ရှင်းလင်းခြင်း အခမ်းအနားကို ယမန်နေ့ နံနက် (၁၀) နာရီက ရွှေလှေကျေးရွာ ဘုန်းတော် ကြီးကျောင်း၌ ကျင်းပခဲ့ရာ ရခိုင်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ပြည်နယ် ဦးစီးမှူး၊ ဦးတင့်ဝေမှ ခေတ်မီစံပြ ကျေးရွာ ထူထောင်ရေး စီမံကိန်း ဆောင်ရွက်မည့် အဓိက လုပ်ငန်း စဉ်(၆)ရပ်နှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားကာ ကျေးရွာ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကျေးရွာမှ တင်ပြချက်များကို ပြည်နယ်အဆင့် ဌာနဆိုင်ရာများက သက်ဆိုင်ရာ ဌာနအလိုက် ပေါင်းစပ် ညှိနှိုင်း ပေးခဲ့ကြောင်း သိရှိရပါသည်။