Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

တောင်ကုတ်မြို့နယ် ကျေးလက်ဒေဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၌ လျှပ်စစ်ဝါယာရိန်းသင်တန်း ဖွင့်ပွဲ အခမ်းအနားကျင်းပ

01 May 22

   ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးမှ ၂၀၂၂ -၂၀၂၃ခု ဘဏ္ဍာရေးနှစ်တွင် ကျင်းပသော လျှပ်စစ်ဝါယာရိန်း သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန် နေ့နံနက် (၀၈:၀၀) နာရီက မြို့နယ် ကျေးလက်ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့ရာ တောင်ကုတ် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်ကြည်မှ  သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌမှ  သင်တန်း ဖွင့်လှစ်ပေးသည့်အတွက်  မြို့နယ် ကျေးလက် ဦးစီးဌာနအား ကျေးဇူး တင်ရှိကြောင်းနှင့် သင်တန်းသားများမှလည်း ဂရုတစိုက် သင်ကြားသွားရန်နှင့် သင်တန်းမှ ရရှိလာသည့် အကျိုး ကျေးဇူးများအား အလုပ်အကိုင် အခွင့်အလမ်း ရရှိသည်အထိ ကြိုးစား သင်ယူသွားရန် ပြောကြား သွားကြောင်း သိရှိရပါသည်။