ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးမှ ကျင်းပ သောကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ကျေးရွာ ရွေးချယ်ရေး အခမ်းအနားကို ယမန်နေ့ နံနက် (၁၀:၀၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ တောင်ကုတ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်ကြည်မှ စီမံကိန်းကျေးရွာ ရွေးချယ်ရေးအတွက် ရွေးချယ်ရေး မူဘောင်များအား ချပြ ရှင်းလင်းပြီး ၂၀၂၂ -၂၀၂၃ ခုဘဏ္ဍာရေးနှစ်အတွက် ကျေးရွာ (၁၅) ရွာအား ရွေးချယ်ပေးရန် ဆွေးနွေး တင်ပြခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ မှ အမှန်တကယ် ဖွံ့ဖြိုးရေး ဆောင်ရွက် ရန် လိုအပ် သောကျေးရွာများအား ရွေးချယ် ပေးကြရန်နှင့် ရွေးချယ်ခံရသော ကျေးရွာများ အနေဖြင့် မိမိတို့ ကျေးရွာဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်မည့် အစီအစဉ်များကို အောင်မြင်စွာ အကောင်အထည် ဖော် ဆောင်ရွက် ရန် ပြောကြားခဲ့ပါကြောင်း သိရှိရပါသည်။